တစ်ယောက်ကို တစ်ယောက် အရမ်းချစ်မိလာရင် စကားလုံးတွေထက် အပြုအမူတွေနဲ့လက်တွေ့ပြလာတတ်ကြပါတယ်။ ချစ်တယ်ဆိုတဲ့စကားထက် ပိုလေးနက်တဲ့ အရာတွေရှိလို့နေပါတယ်။ ဒီအချက်လေးတွေကတော့ အချစ်ကို လက်တွေ့သက်သေပြလို့ရမယ့် နည်းလမ်းလေးတွေပါ။
(၁) နဖူးကိုနမ်းခြင်း

ပါးကိုနမ်းတာထက် နဖူးလေးကိုနမ်းတာဟာ မြတ်နိုးတဲ့သဘောပါ။ အနမ်းတွေအားလုံးထဲမှာ နဖူးကိုနမ်းခြင်းဟာ ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ဒါဟာ အချစ်ကိုဖော်ပြတဲ့နည်းလမ်းလေးတစ်ခုပါ။ ကိုယ့်ချစ်သူကို အနားမှာပဲရှိနေအောင် ဆွဲဆောင်တဲ့ အနမ်းလေးလည်းဖြစ်ပါတယ်။
(၂) ပြောသမျှအကုန်နားထောင်ပေးခြင်း

ဒီအချက်လေးကတော့ အချစ်ကိုဖော်ပြတဲ့နေရာမှာ အဓိကကျပါတယ်။ ကိုယ်ချစ်ရတဲ့သူ ပြောသမျှကို နားထောင်ပေးခြင်းကလည်း နည်းလမ်းတစ်ခုပါပဲ။ ပြောလာသမျှ စကားတွေကို နားထောင်ပေးတာ၊ အာရုံစိုက်ပေးတာတွေက အချစ်ကို ဖော်ပြနေတာပဲဖြစ်ပါတယ်။
(၃) မိဘ၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးခြင်း

တစ်ယောက်နဲ့တစ်ယောက် မြတ်မြတ်နိုးနိုးချစ်လာကြရင် မိဘ၊ သူငယ်ချင်း၊ မိတ်ဆွေ တွေနဲ့ မိတ်ဆက်ပေးရပါတယ်။ သင် သူ့ကို ဘယ်လောက်ထိချစ်လဲဆိုတာကိုပြချင်ရင်တော့ မိတ်ဆက်ပေးလိုက်ပါ။ သူနဲ့ မိသားစု၊ သူငယ်ချင်းတွေကို တွေ့ခွင့်ပေးလိုက်တာဟာ သင့်ရဲ့အချစ်ကို ဖော်ပြလိုက်တာနဲ့ အတူတူပါပဲနော်။
(၄) စိတ်ဓာတ်ကျနေချိန် အားပေးစကားပြောခြင်း

သူစိတ်ဓာတ်ကျနေချိန်မှာ အားပေးစကားပြောတာတို့၊ အတူတူရှိနေပေးတာတို့ ၊ ပျော်အောင်လုပ်ပေးတာတို့၊ သူ့အကြိုက်ဆုံး ပစ္စည်းလေးဝယ်ပေးလိုက်တာတို့၊ လေညင်းခံထွက်ပေးတာတို့နဲ့ သင့်ရဲ့အချစ်ကိုဖော်ပြပေးလို့ရပါတယ်။ သူ့ကို စိတ်ရောကိုယ်ပါ နှစ်ပြီး ဂရုစိုက်ပေးတာကလည်း ချစ်ခြင်းကိုဖော်ပြတာပါပဲ။
(၅) Surprise တွေလုပ်ပေးခြင်း

Surprise လုပ်ပေးခြင်းဆိုတာက ဈေးကြီးတဲ့ပစ္စည်းပေးတာကို ပြောတာမဟုတ်ပါဘူး။ အချစ်ကို ဖော်ပြချင်လို့ ဈေးကြီးပစ္စည်း ဝယ်ပေးချင်ရင်တော့ ရပါတယ်။ ဒါပေမယ့် သူ့အပေါ် မလုပ်ဖူးသေးတဲ့ ပုံစံမျိုးနဲ့ surprise လုပ်ပေးတာပိုကောင်းပါတယ်။ ဥပမာ- သူ့ရဲ့ အကြိုက်ဆုံးပစ္စည်းကို ဝယ်ပေးပြီး စိတ်မကြည်တဲ့နေ့တွေမှာ ပို့ပေးလိုက်တာတို့ ၊ ရုံးကို ပန်းစည်းပို့ပေးတာတို့ပေါ့။
(၆) နားလည်ပေးခြင်း
တစ်ယောက်တည်းနေဖို့ လိုအပ်လာတဲ့အချိန်မှာ တစ်ယောက်တည်းပေးနေလိုက်ပါ။ သင့်အချစ်ကို ဖော်ပြချင်ရင်တော့ ဒီလိုအချိန်တွေမှာ နားလည်ပေးလိုက်ပါ။ တစ်ယောက်တည်းနေချင်ရင် တစ်ယောက်တည်းနေခွင့်ပေးလိုက်ပြီး တကယ်လို့ လိုအပ်ရင် သင် အဆင်သင့်ရှိနေတယ်ဆိုတာကိုတော့ သူသိနေပါစေ။