Wednesday, October 4, 2023
HomeLifestyleကောင်မလေးတစ်ယောက် သင့်ကို စွဲစွဲမြဲမြဲဖြစ်အောင် သိမ်းသွင်းနည်း

ကောင်မလေးတစ်ယောက် သင့်ကို စွဲစွဲမြဲမြဲဖြစ်အောင် သိမ်းသွင်းနည်း

ကောင်မလေးတစ်ယောက် ကိုယ့်ကို မခွာရက်နိုင်အောင်၊ စိတ်ထဲမှာ စွဲစွဲမြဲမြဲဖြစ်နေအောင် ကိုယ်တိုင် ဖန်တီးရပါတယ်။ ဒါက လွယ်မယောင်နဲ့ ခက်ပြီး၊ တိမ်မယောင်နဲ့လည်း နက်ပါတယ်။ တချို့ စော်ကြည်ကြတယ်ဆိုတဲ့ ယောက်ျားလေးတွေမှာ အမျိုးသမီးတွေကို ဆက်ဆံတဲ့အခါ တူညီတဲ့ လုပ်ဆောင်မှုလေးတွေ ရှိပါတယ်။ ဒါတွေဟာ ကောင်မလေးတစ်ယောက်
ကို ထိမိတဲ့ သိမ်းသွင်းနည်းတွေမို့ Shwemom ရဲ့ အမျိုးသား ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်လုံးချင်း အဆက်အသွယ်

cheerful multiracial couple looking at each other
Photo by Andrea Piacquadio on Pexels.com

မျက်လုံးတစ်လုံးရဲ့ အကြည့်စူးစူးနက်နက်ဟာ စကားလုံးပေါင်းများစွာထက် ထိရောက်ပါတယ်။ ဒါပေမယ့် မဟားတရား လူကြမ်းမျက်လုံးကြီးတော့ မဖြစ်ပါစေနဲ့။ ကိုယ်နှစ်သက်ရတဲ့ ကောင်မလေးတစ်ယောက်ကို ကြည့်တဲ့အခါမှာ ကိုယ့်မျက်
လုံးက အကြင်နာတွေ၊ မေတ္တာတွေ၊ ချစ်ခြင်းတွေကို သူ သတိထားမိပါစေ။

(၂) စည်းမျဉ်းစည်းကမ်းတွေကို ကိုယ်က မစပါနဲ့

နောက်တစ်ခုက လူတစ်ယောက်နဲ့တစ်ယောက် ကြာရှည်စွာ ဆက်ဆံနိုင်မှုဟာ တစ်ဦးနဲ့တစ်ဦး စိတ်ညစ်စရာတွေ မပေး
ခြင်း၊ ချုပ်ခြယ်မှုမရှိခြင်း စတာတွေက အရေးပါပါတယ်။ ချစ်ရသူတစ်ယောက်ကို ချဉ်းကပ်ရာမှာလည်း ငါကတော့ ဘယ်လို အပြုအမူမျိုး သဘောမကျဘူး၊ ဘယ်ဆီကို မသွားပါနဲ့လား-စသည်ဖြင့် စည်းကမ်းတွေ ကန့်သတ်ချက်တွေနဲ့ ဝင်ပြီး မချဉ်းကပ်ပါနဲ့။

(၃) လေးစားမှုအပြည့်နဲ့ စကားပြောပါ

a man and a woman at a restaurant
Photo by cottonbro on Pexels.com

စကားပြောတဲ့အခါမှာလည်း လေးစားမှု လိုပါတယ်။ ဒီအတွက် လက်အုပ်ချီထားစရာ မလိုပါဘူး။ သူတို့ရဲ့ မိန်းမဣန္ဒြေကို ထိခိုက်စေမယ့် စကားတွေ၊ အမျိုးသမီးထုကို မစာနာရာရောက်မယ့်စကားတွေ၊ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို တန်ဖိုးမထားရာရောက်မယ့်စကားတွေကို ရှောင်နိုင်ရင် သင့်ကို သူ ကြည်မှာပါ။

(၄) အပြန်အလှန်စကားတွေ ပြောဖြစ်ဖို့ ကြိုးစားပါ

ရင်းနှီးမှုဆိုတာက နေ့ချင်းညချင်း တိုးတက်တာတော့ မဟုတ်ပါဘူး။ လူမှုကွန်ရက်လောကမှာတောင် အကောင်အထည် မပြရသေးခင် စကားလုံးတွေနဲ့ ရင်းနှီးအောင် အရင်လုပ်ရတဲ့ သဘောရှိပါတယ်။ အခုပဲတွေ့၊ အခု ချစ်စကားပြော၊ အခု အဖြေပေးဆိုတာက ရုပ်ရှင်နဲ့ ခပ်ပေါ့ပေါ့ စိတ်ဓာတ်ပိုင်ရှင်တွေရဲ့ အလုပ်ပါ။ ဒီတော့ နှစ်ဦးကြား အပြန်အလှန်ရင်းနှီးဖို့ စကားတွေ အများကြီး ပြောဖို့ လိုပါတယ်။

(၅) အစစအရာရာ ဆွဲဆောင်မှုရှိပါစေ

couple walking on street with coffee cups
Photo by Katerina Holmes on Pexels.com

ကိုယ်လုပ်သမျှအပြုအမူတိုင်းဟာ သူ့စိတ်ထဲကနေ ကြိတ်ပြီးပေးနေတဲ့ အမှတ်တွေလို့ ခံယူပါ။ ဒါပေမယ့် ကိုယ့်ရဲ့အသုံးမကျတဲ့ အပြုအမူတစ်ခုကြောင့်လည်း အမှတ်တွေ လျော့သွားနိုင်ပါတယ်။ ဒီတော့ ဘာပဲပြုမူ ပြုမူ အစစ အမှားအယွင်းမရှိအောင်၊ သူ့စိတ်ထဲကနေ တော်လှချည်လား၊ တတ်လှချည်လား၊ ဟုတ်လှ ချည်လား-ဆိုပြီး ကြိတ်ပြီး အမှတ်ပေးအောင် ကြိုးစားနေရင် သူ သင့်လက်ထဲက မလွတ်စေရပါဘူး။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: