Wednesday, October 4, 2023
HomeLifestyleသင့်ကောင်မလေးဟာ သင့်အတွက် အကောင်းဆုံးချစ်သူဖြစ်ကြောင်း ဘယ်လိုသိနိုင်မလဲ

သင့်ကောင်မလေးဟာ သင့်အတွက် အကောင်းဆုံးချစ်သူဖြစ်ကြောင်း ဘယ်လိုသိနိုင်မလဲ

လူ့ဘဝကြီးမှာ လူရယ်လို့ဖြစ်လာတဲ့အခါမှာ အရွယ်ရောက်လို့ ချစ်သူရည်းစားထားတာတို့၊ လက်ထပ်သင့်တဲ့အရွယ်ရောက်ရင် လက်ထပ်တာတို့ဆိုတာ သဘာဝပါပဲ။ တချို့ကတော့ တစ်သက်လုံး တွဲလာတဲ့ ကိုယ့်ရဲ့ ချစ်သူကောင်မလေးနဲ့ပဲ ယူလိုက်တဲ့ အမျိုးသားတွေရှိသလို အိမ်ကလူကြီးတွေ စီမံပေးတဲ့ မိန်းကလေးတစ်ယောက်နဲ့ပဲ လက်ထပ်လိုက်ရတဲ့ အမျိုးသားတွေလည်း ရှိတတ်ကြပါတယ်။ အကောင်းဆုံးကတော့ ချစ်သူသက်တမ်းတစ်ခုရှိတဲ့ ကိုယ့်ရဲ့ ချစ်သူမိန်းကလေးကို အိမ်ထောင်ပြုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်ရဲ့ ဘဝအပြင် အဲဒီလူနှစ်ယောက်ရဲ့ အသိုင်းအဝိုင်းပါ ပေါင်းစပ်ရတာကြောင့် ကိုယ်နဲ့ အဆင်ပြေတဲ့ မိန်းကလေးလည်း ဖြစ်ဖို့လိုပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ဘယ်လိုမိန်းကလေးမျိုးဟာ ကိုယ့်အတွက် အကောင်းဆုံးချစ်သူမိန်းကလေးဖြစ်နိုင်မလဲဆိုတဲ့ အကြောင်းအရာလေးကို ပြောပြချင်ပါတယ်။

couple love romantic sitting
Photo by cottonbro on Pexels.com

ပထမဦးဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ ယောက်ျားလေးတော်တော်များများဟာ မိန်းကလေးတစ်ယောက်ကို ရုပ်ချောတာနဲ့ ကြိုက်ကြတာ များပါတယ်။ ဒါကတော့ ရုပ်ချောတဲ့ မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတော်တော်များများ ကြိုက်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ဟာ ရုပ်ချောတာထက် စိတ်ထားကောင်းပြီး ကိုယ့်အပေါ် နားလည်မှုပေးနိုင်ဖို့က တော်တော်လေး အရေးကြီးပါတယ်။ မိန်းကလေးတစ်ယောက် စိတ်ထားလှရင် သူ့ရဲ့ ရုပ်ရည်ဆိုတာလည်း သင့်အတွက် အဲဒီလောက် အရေးမကြီးတော့ပါဘူး။ ရုပ်ချောတဲ့ မိန်းကလေးကို ကြိုက်မိပြီး အဲဒီလိုချောမောလှပတဲ့ ချစ်သူကောင်မလေးကို အစစအရာရာလိုက်ပြီး သဝန်တို၊ စိတ်ပူနေရတဲ့ အမျိုးသားတွေ အများကြီးပါပဲ။

woman hugging man in front of body of water
Photo by Rosie Ann on Pexels.com

ဒုတိယ တစ်ချက်အနေနဲ့ကတော့ အိမ်ထောင်မှုကိစ္စ နိုင်နင်းတဲ့ မိန်းကလေးမျိုးပါပဲ။ ဒီခေတ်မိန်းကလေးတော်တော်များများဟာ အနောက်တိုင်း အတွေးအခေါ်အယူအဆ လွှမ်းမိုးမှုတွေကြောင့် လက်ထပ်ပြီးရင် အိမ်အလုပ်တွေကို ငါလုပ်စရာမလိုဘူး၊ ထမင်းဟင်းချက်စရာ မလိုဘူး အစရှိတဲ့ thinkings တွေ သူတို့ခေါင်းထဲမှာ အပြည့်ရှိနေတတ်ပါတယ်။ ဒါပေမယ့် ယောက်ျားလေးတစ်ယောက်ရဲ့ နေရာကကြည့်မယ်ဆိုရင် ကိုယ်အလုပ်လုပ်ပြီး အိမ်ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ့်မိန်းမချက်ထားတဲ့ ညစာကို စားချင်လား၊ ဒါမှမဟုတ် နေ့တိုင်းညစာကို အပြင်ထွက်စားချင်လားဆိုရင် ယောက်ျားလေးတော်တော်များများရဲ့ အဖြေကတော့ ကိုယ့်မိန်းမချက်ထားတဲ့ လက်ရာကိုပဲ စားချင်တာပါ။ နှစ်ယောက်လုံး အလုပ်ကိုယ်စီနဲ့ဆိုရင်တော့ နှစ်ယောက်သား ဖြစ်သလိုစားလိုက်လည်း ကိစ္စတော့မရှိပါဘူး။ ဒါ့ကြောင့် သင့်ချစ်သူကောင်မလေးဟာ အိမ်မှုကိစ္စနိုင်နင်းတဲ့ မိန်းကလေးတစ်ယောက်ဆိုရင်တော့ သင်ဟာ တော်တော်လေးကို ကံကောင်းတဲ့ ချစ်သူ အမျိုးသားတစ်ယောက်ပါပဲ။

man and woman sitting on bench beside body of water
Photo by Elle Hughes on Pexels.com

နောက်ဆုံးအချက်အနေနဲ့ကတော့ သင့်ကောင်မလေးဟာ တွေးခေါ်နိုင်စွမ်းရှိပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဆိုရင် သင်ဟာ ကံအကောင်းဆုံး အမျိုးသားတစ်ယောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ တချို့ကိစ္စတွေမှာ အမျိုးသမီးတွေရဲ့ thinking က အမျိုးသားတွေထက် တော်တော်ကြီးကို သာလွန်နေတတ်ပါတယ်။ ပြီးတော့ ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်ဟာ အချိန်ပြည့် ကိုယ့်ချစ်သူမိန်းကလေးထက်သာအောင် ကြိုးစားချင်တဲ့စိတ် အပြည့်ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အပေါ်က ၃ ချက်စလုံးနဲ့ ပြည့်စုံတဲ့ ချစ်သူမိန်းကလေးတစ်ယောက်ကို သင်ပိုင်ဆိုင်ထားရတယ်ဆိုရင်တော့ သင့်လောက်ကံကောင်းတဲ့ ချစ်သူအမျိုးသား ဒီကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။ အဲဒီလိုချစ်သူမိန်းကလေးမျိုးရှိတယ်ဆိုရင်လည်း comment မှာ mention သွားလိုက်ပါဦးနော်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: