အနေအေးတဲ့ ချစ်သူဌေး (My Shy Boss) ကိုးရီးယားဇာတ်လမ်းတွဲဟာ 2017 ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသား Yeon Woo-jin နဲ့ မင်းသမီး Park Hye-soo တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာ အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပြီး ဒါရိုက်တာ Song Hyun-wook က ရိုက်ကူးထားတာဖြစ်ကာ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲ ကောင်းလေးတစ်ခုပါ။

ဇာတ်လမ်းပုံစံက Eun Hwan-ki (Yeon Woo-jin) ဟာ public relation ကုမ္ပဏီတစ်ခုရဲ့ CEO တစ်ယောက်ဖြစ်ပေမယ့် အရမ်းကိုရှက်တတ်သူတစ်ယောက် ဖြစ်လို့နေပါတယ်။ သူ့ရဲ့ပင်ကိုစရိုက်ကြောင့် သူ့ရဲ့ဝန်ထမ်းတွေကတောင် သူ့ကိုကောင်းကောင်း မသိကြပါဘူး။
Chae Ro Woon (Park Hye-soo) ဟာ Eun Hwan-ki ရဲ့ ကုမ္ပဏီတွင် ဝန်ထမ်းအဖြစ် စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့အရမ်းကိုတက်ကြွပြီး အလုပ်အပေါ်တွင် ကောင်းမွန်စွာလုပ်ကိုင်တတ်မှုကြောင့် အသိအမှတ်ပြုမှုကို ရရှိထားသူဖြစ်ကာ သူမဟာ ကုမ္ပဏီရဲ့ စီအီးအို Eun Hwan-ki အကြောင်းကို စိတ်ဝင်စားနေသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Chae Ro Woon က ကုမ္ပဏီစီအီးအို ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ရန် စီစဉ်နေခဲ့တာပါ။

စရိုက်မတူတဲ့ စီအီးအိုနဲ့ ဝန်ထမ်းမလေးကြား အလွဲလေးတွေ၊ ပြဿနာလေးတွေနဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် အချစ်ဟာသဇာတ်လမ်းတွဲကောင်းလေးတစ်ခု ဖြစ်ပါတယ်။
အနေအေးတဲ့ ချစ်သူဌေး (My Shy Boss) ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။