Hotel del Luna ကိုးရီးယားဇာတ်လမ်းတွဲလေးဟာ 2019 ခုနှစ်ကထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသမီး Lee Ji-eun (IU) နဲ့ မင်းသား Yeo Jin-goo တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို Hong sisters မှရေးသားပြီး ဒါရိုက်တာ Oh Choong-hwan မှရိုက်ကူးထားကာ အမှောင်စိတ်ကူးယဉ် ရိုမန့်တစ်ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။

Hotel del Luna ဟာ တခြားဟိုတယ်တွေနဲ့ မတူဘဲ သဘာဝလွန်နေရာတစ်ခုဖြစ်ပါတယ်။ ဒီဟိုတယ်ဟာ နေ့ခင်းဘက်တွင် သူ့ရဲ့ပုံစံအမှန်ကိုမမြင်နိုင်ဘဲ လူသားတွေအနေဖြင့် အထူးအခြေအနေတစ်ခုတွင်သာ ဒီဟိုတယ်ထဲသို့ ဝင်ရောက်လာနိုင်တာပါ။
Hotel del Luna တွင်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေနဲ့ တည်းခိုသူအားလုံးဟာ သူတို့ရဲ့အရင်ဘဝက မပြီးဆုံးသေးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ ဆယ်စုနှစ်များစွာ သို့ ရာစုနှစ်များစွာ နေထိုင်နေကြတဲ့ သရဲတွေဖြစ်ကြပါတယ်။ ဒီဟိုတယ်ရှိ မန်နေဂျာကနေ သရဲတွေရဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ လက်တွေ့လောကရှိ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်လုပ်ဆောင်ပေးရတာမျိုးတွေကို လုပ်ဆောင်ပေးလေ့ရှိတာပါ။
Jang Man-wol (Lee Ji-eun) ဟာ ဆိုးလ်မြို့ Myeong-dong တွင်ရှိတဲ့ Hotel Del Luna ရဲ့ပိုင်ရှင်ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ထောင်စုနှစ်တစ်ခုကျော်က သူမကျူးလွန်ခဲ့တဲ့ ကြီးမားတဲ့အပြစ်တစ်ခုကြောင့် သေလွန်ပြီးသွားတဲ့သူတွေကို လက်ခံတည်းခိုပေးတဲ့ ဟိုတယ်တွင် သူမရဲ့ဝိညာဉ်ကို ချည်နှောင်ခံထားရခြင်းဖြစ်ပါတယ်။ နတ်ဘုရား Mago (Seo Yi-sook)ရဲ့လုပ်ဆောင်မှုကြောင့် Jang Man-wol ဟာ Gu Chan-sung ရဲ့ဖခင်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ပြီး သဘောတူညီချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့အသက်အတွက် သူ့ရဲ့သားဖြစ်သူဟာ နှစ် 20 အကြာတွင် သူမအတွက် အလုပ်လုပ်ကိုင်ပေးရမှာပဲ ဖြစ်ပါတယ်။

သားဖြစ်သူကို ဒီအခြေအနေကနေ လွတ်မြောက်နိုင်ဖို့အတွက် ဖခင်ဖြစ်သူဟာ Gu Chan-sung ကို နိုင်ငံခြားသို့ ခေါ်ဆောင်သွားခဲ့ပြီး ဒီလူငယ်ဟာ နူးညံ့သိမ်မွေ့တဲ့ နှလုံးသားရှိကာ စိတ်သဘောထားပြည့်ဝတဲ့ အဆင့်အတန်းရှိသူတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပါတယ်။
ဖခင်သေဆုံးပြီးနောက် 21 နှစ်အကြာတွင် နိုင်ငံစုံဟိုတယ်ကော်ပိုရေးရှင်းတွင် လက်ထောက်မန်နေဂျာအဖြစ် လုပ်ဆောင်ခဲ့ပြီး တောင်ကိုးရီးယားသို့ပြန်လည်ရောက်ရှိလာကာ Hotel del Luna ဆီသို့ ဟိုတယ်မန်နေဂျာအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ Gu Chan-sung မသိသေးတဲ့ ဟိုတယ်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဟိုတယ်ပိုင်ရှင်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ပေါ်ထွက်လာတာကို တွေ့မြင်ရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
Hotel del Luna ကိုးရီးယားဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။