Thursday, December 7, 2023
HomeKnowledgeသင်သိထားသင့်တဲ့ အနမ်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးကောင်းကျိုး၊ ဆိုးကျိုးများ

သင်သိထားသင့်တဲ့ အနမ်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးကောင်းကျိုး၊ ဆိုးကျိုးများ

အနမ်းပေးခြင်းဟာ တစ်ယောက်နဲ့တစ်ယောက် မေတ္တာတွေ ပေါက်ဖွားစေနိုင်သလို ခံစားချက်တွေကိုလည်း ဖလှယ်နိုင်စေမှာပါ။ ဒါပေမဲ့ အနမ်းနဲ့ ပတ်သက်တဲ့ သင်မသိသေးတဲ့ ကျန်းမာရေး ကောင်းကျိုး ဆိုးကျိုးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အနမ်းကနေပြီး အဖျားကူးနိုင်တယ်ဆိုတာ သင်သိပါသလား။ ဖျားနေတဲ့လူနာကို အနီးကပ် ရက်ရှည်ပြုစုတာနဲ့ အဲဒီလူနာကို တစ်ချက်လေး နမ်းလိုက်တာနဲ့ ယှဉ်လိုက်မယ်ဆိုရင် နမ်းလိုက်တာဟာ ပိုပြီးတော့အဖျားကူးနိုင်ခြေများနေမှာပါတဲ့။

man and woman kiss each other
Photo by Vera Arsic on Pexels.com

(၂) နမ်းခြင်းဟာ သင့်ကိုပိုပြီး အသက်ရှည်စေနိုင်တယ်ဆိုတဲ့ လေ့လာချက်လည်းရှိနေပါသေးတယ်။ Time မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ခုအရ အမျိုးသမီးတွေကို နမ်းပြီးမှ အလုပ်သွားတဲ့ အမျိုးသားတွေဟာ ဘဝမှာ ပိုအောင်မြင်ပြီး စိတ်ချမ်းသာတတ်ကြရတယ်တဲ့။ ဒီလို positive energy တွေရသွားတဲ့အတွက်ကြောင့်လည်း ပျော်ရွှင်ပြီး အသက်ရှည်ရှည်နေနိုင်ကြတာပါလို့ ဆိုထားပါတယ်။

(၃) သွားဖုံးပြဿနာရှိတဲ့လူနဲ့ အချိန်အကြာကြီး ခဏခဏနမ်းဖြစ်နေခဲ့မယ်ဆိုရင် သင့်ဆီကိုလည်း သွားဖုံးရောဂါတွေ ကူးစက်လာနိုင်ပါတယ်။

(၄) ဘီပိုးကိုလည်း အနမ်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒီခေတ်ကြီးထဲ ဘီပိုးကာကွယ်ဆေးတွေ ပေါ်လို့ မရှိလောက်တော့ဘူးဆိုပေမယ့်လို့ ဒါဟာလည်း သတိထားရမယ့် အချက်တစ်ခုပါပဲ။

man and woman kissing near pendant lamp
Photo by Tan Danh on Pexels.com

(၅) အနမ်းကြောင့် ရေယုန်ကူးနိုင်တယ်ဆိုတာကိုလည်း သတိထားရပါမယ်။

(၆) ပြင်သစ်အနမ်းကြောင့် သင့်ရဲ့ကယ်လိုရီတွေ လောင်ကျွမ်းစေနိုင်တယ်ဆိုတာ သင်သိပါသလား။ ၂၀၁၃ ခုနှစ်ရဲ့ American Journal of Medicine အရ ရိုးရိုးတမ်းတမ်းအနမ်းဆိုရင်တောင်မှပဲ ကြွက်သား ၂ ခုကို အသုံးပြုရတာကြောင့် ၂ မဟုတ်ရင် ၃ ကယ်လိုရီလောက် လောင်ကျွမ်းမှာပါ။ တကယ့်ကို ရမ္မက်ဆန်တဲ့အနမ်းဆိုရင်တော့ မျက်နှာကြွက်သား ၂၃ ခုမှ ၃၄ ခုနဲ့ ခန္ဓာကိုယ်ကြွက်သား ၁၁၂ ခုလောက်အသုံးပြုရတာကြောင့် တစ်မိနစ်ကို ၅ မှ ၂၆ ကယ်လိုရီအထိ လောင်ကျွမ်းစေနိုင်မှာပါ။

photo of man kissing woman
Photo by Luiz Gustavo Miertschink on Pexels.com

(၇) နမ်းခြင်းကနေပြီး ဘတ်တီးရီးယားပိုးမွှားတွေ အများကြီး ကူးစက်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ဘတ်တီးရီးယားပေါက်ဖွားမှုအများဆုံး နေရာတွေထဲမှာ ပါးစပ်လည်း အပါအဝင်ပါပဲ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ပြင်သစ်အနမ်းလိုမျိုး နှုတ်ခမ်းချင်းကြာရှည်စွာနမ်းလိုက်ပါက ဘတ်တီးရီးယားပိုးမွှားချင်း ဖလှယ်သလိုဖြစ်သွားပါလိမ့်မယ်။

(၈) ဒါပေမဲ့လည်း ဒီလိုဖြစ်ရပ်မျိုးဟာ ကိုယ့်ရဲ့ ဘတ်တီးရီးယားခံနိုင်ရည်အားကို မြင့်တက်စေမှာပါ။ ဆိုလိုတာက ငါးဖယ်လို နာနာရိုက်လေမာလေ ဆိုသလိုပဲပေါ့။ ပိုးအသစ်တွေကို ခန္ဓာကိုယ်မှာ ဘာသက်ရောက်မှုမှ မရှိစေဘဲ ခံနိုင်ဖို့ဆိုတာလည်း အနမ်းကနေ လေ့ကျင့်ပေးနိုင်ပါတယ်တဲ့။

RELATED ARTICLES
- Advertisment -

Most Popular

%d