Friday, April 19, 2024
HomeEntertainmentLee Kwang-soo ပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို ဟာသဇာတ်လမ်းတွဲ ‘The Killer’s Shopping List’

Lee Kwang-soo ပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို ဟာသဇာတ်လမ်းတွဲ ‘The Killer’s Shopping List’

The Killer’s Shopping List ကိုးရီးယားဇာတ်လမ်းတွဲဟာ မင်းသား Lee Kwang-soo, မင်းသမီးချော Kim Seol-hyun နဲ့ ဝါရင့်မင်းသမီးကြီး Jin Hee-kyung တို့ အဓိကပါဝင်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက လျှို့ဝှက်သည်းထိတ်ရင်ဖို ဟာသဇာတ်လမ်းတွဲမျိုးဖြစ်ပြီး 2022 ခုနှစ်မှာ ထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

pinterest

ဇာတ်လမ်းပုံစံကတော့ Ahn Dae-sung နဲ့ Do Ah hee တို့နှစ်ယောက်ဟာ Ah hee နေထိုင်တဲ့ တိုက်ခန်းအနီးမှာ တွေ့ရှိခဲ့တဲ့ လူသေအလောင်းတစ်ခုကနေစတင်ကာ လူသတ်သမားအားရှာဖွေကြပုံကို ဇာတ်အိမ်တည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာ Lee Kwang-soo က ဇာတ်ကောင် Ahn Dae-sung အဖြစ်ပါဝင်ထားပြီး သူဟာဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် အစိုးရဝန်ထမ်း ဝင်ခွင့်စာမေးပွဲကို သုံးကြိမ်ကျရှုံးခဲ့ရာက တခြားအလုပ်မရှာတော့ဘဲ သူ့ရဲ့အမေ Jeong Myeong-sook ပိုင်ဆိုင်တဲ့ MS Mart တွင် ဝင်ရောက်လုပ်ကိုင်ပေးနေသူတစ်ယောက် ဖြစ်ပါတယ်။

pinterest

ဇာတ်ကောင် Do Ah hee အဖြစ် မင်းသမီး Kim Seol-hyun က ပါဝင်ထားကာ သူမဟာ ရဲအရာရှိတစ်ဦးဖြစ်ကာ Dae-sung ရဲ့ချစ်သူကောင်မလေး ဖြစ်ပါတယ်။ ဝါရင့်မင်းသမီးကြီး Jin Hee-kyung ကတော့ ဇာတ်ကောင် Jeong Myeong-sook အဖြစ်ပါဝင်ထားတာဖြစ်ကာ MS Mart ပိုင်ရှင် Dae sung ရဲ့ အမြဲတမ်းဂရုစိုက်ကူညီဖေးမပေးတတ်တဲ့ မိခင်အဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

The Killer’s Shopping List ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading