Tuesday, October 3, 2023
HomeLifestyleလူမသိ သူမသိ ကိုယ့်ကိုယ်ကိုယ်တောင်မသိဘဲ စိတ်ဖိစီးမှုများနေတဲ့ လက္ခဏာများ

လူမသိ သူမသိ ကိုယ့်ကိုယ်ကိုယ်တောင်မသိဘဲ စိတ်ဖိစီးမှုများနေတဲ့ လက္ခဏာများ

စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ အကြောင်းရင်းမျိုးစုံနဲ့ ရှိနေနိုင်ပါတယ်။ အသက်ငယ်တဲ့ ကလေးလေးမှာတောင်မှပဲ သူတို့လိုချင်တဲ့ အရုပ်မရလို့ စိတ်ဖိစီးနေတတ်တာပါ။ ဒါပေမဲ့ အနည်းအများပေါ်မူတည်ပြီးတော့ လူတစ်ယောက်ဟာ သူ့ရဲ့ အပြုအမူတွေ ပြောင်းသွားတတ်ပါတယ်။ အဲဒီအထဲကမှ ကိုယ်တိုင်တောင် စိတ်ဖိစီးလို့ ဖိစီးနေမှန်းတောင်မသိကြတဲ့ လူတွေဆိုရင်တော့ မသိတာကြောင့် စိတ်ဖိစီးမှုပြေပျောက်အောင် ဘယ်လိုမှ တတ်စွမ်းနိုင်မှာမဟုတ်ပါဘူး။ သင်ဟာ လူမသိ၊ သူမသိ စိတ်ဖိစီးနေတဲ့လူ ဖြစ်နေပြီလားဆိုတာ ဒီအချက်တွေနဲ့ တိုက်စစ်ကြည့်လိုက်ပါနော်။

ဒေါသကြီးတယ်

pixabay/yogendras31

အဲဒီလိုလူတွေမှာ အများဆုံးတွေ့ရတာကတော့ ဒေါသကြီးတာပါပဲ။ ဘာမဟုတ်တာလေးကို အထနတွေကောက်ပြီးတော့ စိတ်လိုက်မာန်ပါပြောဆိုတာ၊ သောင်းကျန်းတာတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့ဒေါသက ကောက်ရိုးမီးလိုပဲ ဟုန်းခနဲထတောက်၊ ပြီး ပြေချင်တော့လည်းချက်ချင်းဆိုသလိုပေါ့။

ညဘက်တွေ အိပ်မပျော်ဘူး

ညဘက်တွေမှာ အိပ်ပျော်ဖို့ခဲယဉ်းသလို အိပ်ပျော်သွားပြီဆိုရင်လည်း နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ကြပါဘူး။ အသံကလေးကြားရုံနဲ့ နိုးလာတာမျိုး၊ အိမ်သာသွားချင်သလိုလို ခဏခဏဖြစ်ပြီး နိုးလာတာမျိုး၊ အိပ်မက်တွေမက်နေလို့ အိပ်မောမကျတာမျိုးတွေဖြစ်တတ်ပါတယ်။

စိတ်မရှည်ဘူး

pixabay/Engin_Akyurt

ဘယ်အရာပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် စိတ်လုံးဝမရှည်တတ်ကြပါဘူး။ သူတို့မဲလို့ရတဲ့လူကို ပိုပြီး စိတ်မရှည်ဘဲ အော်ငေါက်တာမျိုးတွေလုပ်တတ်ပါတယ်။

ဇီဇာကြောင်တယ်

ပင်ပန်းနေပေမယ့်လည်း သူတို့လုပ်မှ အကောင်း၊ သူတို့လုပ်မှ အမှန်လို့ တွေးထားပြီးတော့ အစားအသောက်ပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်၊ သန့်ရှင်းရေးပဲဖြစ်ဖြစ် သူတို့လုပ်မှ အကောင်းပဲ ထင်တတ်ကြပါတယ်။ ဇီဇာတော်တော်လေးကြောင်နေပြီဆိုရင်တော့ အပေါ်ကအချက်တွေရော သင့်မှာဖြစ်နေပြီလားဆိုတာ တိုက်ကြည့်ပြီး စိတ်ဖိစီးမှုရှိ၊ မရှိ စစ်ဆေးလိုက်ပါနော်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: