“လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပူပြင်းတဲ့နွေရာသီနေ့လယ်ခင်းမှာ သူငယ်ချင်းတစ်ယောက်နဲ့ စက်ဘီးစီးရင်း စွန့်ပစ်ထားတဲ့ စက်ရုံဟောင်းတစ်ခုကို တွေ့ခဲ့ပါတယ် ကျွန်တော်တို့အထဲကို ဝင်ရောက်စူးစမ်းခဲ့ကြပြီး အဲဒါက စွန့်ပစ်ခံနေရာဟောင်းတွေကို စွဲလမ်းသွားမှုရဲ့အစဖြစ်မယ်ဆိုတာကို ကျွန်တော်မသိခဲ့ဘူး” ဟု ဓာတ်ပုံဆရာက ဆိုပါတယ်။



ဓာတ်ပုံဆရာဟာ စွန့်ပစ်ထားတဲ့နေရာဟောင်းတွေကို နေ့ဘက်အလင်းရောင်ရှိတဲ့အချိန်တွေမှာ ဓာတ်ပုံရိုက်ဖူးပေမယ့် နောက်ဆုံးမှာ ကွဲပြားတာတစ်ခုခုကို ပြုလုပ်ဖို့လိုအပ်ကြောင်း သဘောပေါက်ခဲ့တာပါ။ နောက်ပြီးသူဟာ မနက်စောစောထတတ်တဲ့ သူတစ်ယောက်မဟုတ်တာကြောင့် မနက်အစောကြီး 4 နာရီလောက်ထပြီး အရမ်းဝေးတဲ့နေရာတွေကို သွားရတာက သူ့အတွက် ခက်ခဲတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဓာတ်ပုံဆရာဟာ သူ့ရဲ့ဓာတ်ပုံရိုက်ကူးမှုအတွက် ညဘက်အချိန်တွေကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။


အလင်းနဲ့ ကာလာတွေပေါင်းစပ်ရတာကို သဘောကျတဲ့ ဓာတ်ပုံဆရာဟာ စွန့်ပစ်နေရာဟောင်းတွေထဲမှာ ဓာတ်ပုံရိုက်ကူးတဲ့အခါ သူကိုယ်တိုင်ပါဝင်ရိုက်ကူးမှု ပြုလုပ်ရတာကို သဘောကျသူတစ်ယောက်ပါ။ ဒါကြောင့် သူဟာ လိုအပ်တဲ့အချိန်တိုင်းမှာ ဓာတ်ပုံထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။


နေ့ဘက်တွေမှာတောင် အနည်းငယ်ခြောက်ခြားစရာကောင်းတဲ့ စွန့်ပစ်နေရာဟောင်းတွေဟာ ညဘက်ဆိုရင်တော့ သေချာပေါက် ပိုပြီးခြောက်ခြားစရာကောင်းနေမှာ အမှန်ပါ။ ဒါပေမယ့်လို့ ဓာတ်ပုံဆရာရဲ့ ဖန်တီးမှုအားကောင်းတဲ့ ဓာတ်ပုံတွေက ခြောက်ခြားမှုကိုကျော်လွန်ပြီး အမိုက်စားဓာတ်ပုံတွေဖြစ်လာခဲ့ပါတယ်။


