
အဖေ၊ အမေ၊ မောင်နှမတွေရှိနေတဲ့အိမ်က အနွေးထွေးဆုံးပါ။ ဒါပေမယ့် အခုတော့ မနွေးထွေးကြတော့ပါဘူး။ အရင်ခေတ်တုန်းကနဲ့မတူတော့ဘဲ မိသားစုတွေ တစ်ယောက်နဲ့တစ်ယောက် အနေဝေးပြီး စကားပြောချိန် နည်းသွားရတာက ….
(၁) ဆိုရှယ်မီဒီယာကြောင့်

အခုခေတ် နည်းပညာတိုးတက်လာတာတွေကြောင့် မိသားစုတွေအနေဝေးသွားကြတယ်။ အဲဒီလို မိသားစုတွေ အနေဝေးသွားကြတဲ့ အဓိကတရားခံကတော့ ဆိုရှယ်မီဒီယာကြောင့်၊ ဖုန်းကြောင့်ပါ။ မိသားစုတွေတစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် စကားပြောနိုင်ဖို့ အရမ်းကိုဝေးသွားခဲ့ပါတယ်။ အသက်ငယ်တဲ့ကလေးကအစ လူကြီးအဆုံး ဖုန်းတွေကိုသုံးလာကြတယ်။ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်တွေကိုပဲသုံးလာကြလို့ပါ။ ဖုန်းသုံးချိန်နဲ့ မိသားစုအချိန်ဆိုပြီး သီးသန့်အချိန်ခွဲထားလိုက်ရင် မိသားစုတွေ အနေနီးသွားမှာပါ။
(၂) အလုပ်ကြောင့်
မိသားစု စားဝတ်နေရေးအတွက် တစ်မိသားစုလုံးအလုပ်ထွက်လုပ်နေရတယ်ဆိုရင်လည်း မိသားစုအချိန်ရှားနေတတ်ပါတယ်။ အိမ်ကနေ အလုပ်၊ အလုပ်ကနေ အိမ် အသွားအပြန်လုပ်နေရတဲ့အတွက် မိသားစုအတွက် အချိန်မပေးနိုင်ကြဘူး။ အိမ်ကိုပြန်ရောက်ပြီဆိုရင် အလုပ်က ပင်ပန်းလာတဲ့ဒဏ်တွေကြောင့် ဘယ်သူနဲ့မှ စကားမပြောနိုင်တော့ဘူး။ အဲဒီလို အလုပ်ကြောင့် မိသားစုတွေ အနေဝေးသွားကြတာပါ။
(၃) ကိုယ့်အိုးကိုယ့်အိမ်ဖြစ်သွားကြလို့
မိသားစုထဲမှာ ကိုယ်စီ တစ်အိုးတစ်အိမ်ထူထောင်သွားကြတဲ့သူတွေနဲ့ အနေဝေးသွားတတ်ပါတယ်။ ကိုယ့်အတွက်ကိုယ်ကြည့်နေရတဲ့အတွက် မိသားစုဆိုတာနဲ့ဝေးသွားကြတာပါ။ ကိုယ့်အိမ်ကနေ မိသားစုအိမ်ကို မပြန်နိုင်တာရယ်၊ မိသားစုအတွက် အချိန်ပေးရတာ အပိုအလုပ်တစ်ခုလိုဖြစ်လာလို့ မိသားစုတွေအနေဝေးသွားကြတာပါ။
(၄) ဂရုစိုက်မှုတွေမရှိကြတော့လို့

မိသားစုတွေ မောင်နှမအရမ်းများသွားတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ချိန်တွေ မရှိကြတော့ဘူး။ တစ်ယောက် ဘာဖြစ်နေလဲဆိုတာ တစ်ယောက်က မသိချင်သလို၊ အရေးလုပ်ပြီး မမေးကြတော့လို့ပါ။ မောင်နှမတွေက စကားပြောချိန်မရှိကြတော့လို့ တစ်ယောက်နဲ့တစ်ယောက် စကားပြောချိန်တွေနည်းသွားပြီး အနေဝေးသွားကြတာပါ။