Wednesday, October 4, 2023
HomeLifestyleကိုယ့်ကလေး ကြောက်ရွံ့စိတ်နဲ့ မကြီးပြင်းလာရအောင်ဆိုရင်…

ကိုယ့်ကလေး ကြောက်ရွံ့စိတ်နဲ့ မကြီးပြင်းလာရအောင်ဆိုရင်…

စိုးရိမ်ကြောင့်ကျမှုဆိုတာ ကြောက်ခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီစိတ်ဖိအားကြီးဟာ ဘယ်သူ့အတွက်မှ မကောင်းနိုင်ပါဘူး။
ငယ်ငယ်ကတည်းက ရဲရဲတင်းတင်းမရှိဘဲ စိုးရိမ်ကြောင့်ကျမှုတွေအောက်မှာ ကြီးစိုးခြင်းခံခဲ့ရတဲ့ ကလေးတစ်ယောက်ဟာ ဘယ်လို နယ်ပယ်မျိုးမှာမှ မအောင်မြင်နိုင်ပါဘူး။ ဒီတော့ ကလေးငယ်တွေ စိုးရိမ်ကြောင့်ကျမှု ကင်းဖို့လိုပါတယ်။ ပရိသတ်ကြီးအတွက် မိမိရဲ့ရင်သွေး စိုးရိမ်ကြောင့်ကျမှုကနေ ကင်းဝေးစေဖို့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရာရာမျှဝေခံစားပါ

a mother sitting on the couch with her kids and their dog
Photo by cottonbro on Pexels.com

ကလေးတွေဟာ များသောအားဖြင့် သူတို့ရဲ့ပျော်ရွှင်မှုကို မိဘတွေနဲ့အတူ ဆင်နွှဲလိုကြပါတယ်။ ဒါကို မိဘတွေက အလုပ်တွေ ကိုယ်စီနဲ့မို့ ရင်သွေးကို မထိန်းကျောင်းအားပဲ … နေ့ကလေးထိန်းကျောင်းကို ပို့ထားတာမျိူးဟာ ကလေးအတွက်တော့ မိဘတွေဆီကနေ ရနိုင်တဲ့ Big Achievement ကို မရနိုင်တော့ပါဘူး။ ဒါဟာ စိုးရိမ်ကြောင့်ကျမှုတွေရဲ့ ရေသောက်မြစ် အစဖြစ်ပါတယ်။

(၂) ပြဿနာဖြေရှင်းမှုတွေကို ကြီးကြပ်ပါ

ကလေးတွေမှာလည်း ကလေးတွေနဲ့ ဆိုင်တဲ့ ပြဿနာရပ်တွေ ရှိပါတယ်။ လူကြီးတွေလောက် အရမ်းကာရော မဆန်တဲ့
ပြဿနာတွေ ဆိုပေမယ့် လျစ်လျူရှုမထားသင့်ပါဘူး။ ဥပမာအားဖြင့်- သင့်ကလေးဟာ စာဘက်မှာ စိတ်ဝင်စားမှု နည်းနေ
တဲ့ သဘောဆိုရင် မိဘလုပ်သူက စာကို ဘယ်လိုချစ်အောင် လုပ်ပေးရမလဲဆိုတာလောက်တော့ သိထားရပါမယ်။

(၃) လွတ်လပ်သောကစားချိန် ရှိပါစေ

photo of girls playing with wooden toys
Photo by cottonbro on Pexels.com

အခုခေတ် ကလေးတွေဟာ လွတ်လပ်စွာကစားကြသူတွေ အတော်လေး နည်းနေပါပြီ။ ပန်းခြံတွေ ကစားကွင်းတွေ ရှိတာကလည်း ရှိတဲ့မည်ကာမတ္တပါဘဲ။ တကယ်တော့ မူကြိုကလေးတွေအရွယ်မှာတောင် Mon-Fri ရက်တွေမှာ မူကြိုကို သူ့ထက်ငါ သွားနေရတာမျိုးဟာ အလွန်အန္တရာယ်များတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါဟာ ကလေးတွေရဲ့ ဦးနှောက်နုနုလေးတွေကို စောစီးစွာ အညွှန့်ချိုးခံရခြင်းလို့ မြင်မိပါတယ်။ အခြားနိုင်ငံက မူကြိုကျောင်းများမှာ စာသင်တာ လုံးဝမပါဘူး။ သရုပ်
ပြကစားနည်းတွေ၊ ပုံဆွဲနည်းတွေ၊ သီချင်းတွေ၊ စနစ်တကျအိပ်ချိန်တွေကိုသာ ဦးစားပေး သင်ကြတယ်လို့ သိရပါတယ်။

(၄) ဘာကိုဦးစားပေးရမလဲ သင်ပေးပါ

ငယ်ငယ်ကတည်းက ဘာကိုဦးစားပေးရမလဲဆိုတာကို မိဘတွေက မသင်ကြားနိုင်ဘူးဆိုရင် ကိုယ့်သားသမီးတွေ ကြီးလာ
တဲ့အခါမှာ အတ္တကြီးတဲ့သူတွေ၊ လူ့အော်ကြောလန်တွေ ဖြစ်သွားတတ်ပါတယ်။ တစ်ခါတလေ တချို့သောမိဘတွေဟာ
ကလေးကို အလိုမလိုက်သင့်တာတွေ လိုက်တယ်၊ မဟုတ်က ဟုတ်က အဆဲစကားလုံးတွေ သင်ပေးဖို့ကျတော့ ဘယ်သူမှ ဖိအားပေးစရာမလိုဘူး … ဒီလိုအခြေအနေတွေဟာ ဆိုးဝါးတဲ့ သားသမီးတွေကိုလူလောကကြီးထဲ ကျင်လည်စေတဲ့ အပြုအမူတွေဆိုတာ သဘောပေါက်နားလည်ပါ။

(၅) ဖန်တီးမှုတိုင်းကို ချီးမွမ်းပါ

family sitting on grass near building
Photo by Agung Pandit Wiguna on Pexels.com

ကလေးတွေမှာလည်း ဖန်တီးမှုတွေ ရှိပါတယ်။ တောင်ခြစ်မြောက်ခြစ် ပန်းချီပုံလေးတွေမှသည် … သူတို့ရဲ့ ထိုးထွင်း
ဉာဏ်ရည်နဲ့ လိုက်ဖက်တဲ့ လှုပ်ရှားမှုလေးတွေကို မိဘတွေက မျက်ခြေမပျက် စောင့်ကြည့်လေ့လာပြီး ငါ့သားလေးက တော်လိုက်တာ … ငါ့သမီးလေးက ကြီးလာရင် ဆရာဝန်မကြီးဖြစ်မှာ … စသဖြင့် အားပေးအားမြှောက် ပြုပေးပါ။ ဒါမှသာ သူတို့စိတ်ထဲမှာ ကြောက်စိတ်၊ စိုးရိမ်ကြောင့်ကျစိတ် ကင်းပြီး ပျော်ရွှင်မှုတွေနဲ့ ဘဝကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: