Thursday, December 7, 2023
HomeMenအရက်သောက်ချင်စိတ် ပြင်းပြမှုကို ထိရောက်စွာတားဆီးနိုင်မယ့် အကြံပြုချက် ၄ ချက်

အရက်သောက်ချင်စိတ် ပြင်းပြမှုကို ထိရောက်စွာတားဆီးနိုင်မယ့် အကြံပြုချက် ၄ ချက်

အရက်သောက်တာ မကောင်းတဲ့အကျင့်လို့တော့ မပြောချင်ပေမယ့်လို့ အလွန်အကျွံသောက်သုံးတဲ့အခါမျိုးကျရင်တော့ ခန္ဓာကိုယ်ရဲ့ကိုယ်တွင်းကလီစာတွေအတွက် ဘယ်လိုကောင်းကျိုးမှ ဖြစ်လာစေမှာမဟုတ်ပါဘူး။ ဒီတော့ အရက်လျှော့သောက်ဖို့ စဉ်းစားထားတယ်ဆိုရင် ဒါမှမဟုတ် အရက်ဖြတ်နေတဲ့အချိန်မျိုးမှာ သင့်အနေနဲ့ အရက်သောက်ချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ရင် ဖြေရှင်းဖို့အတွက် နည်းလမ်းလေး (၄) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

jack daniel printed drinking glass
Photo by Maria Pop on Pexels.com

အစားထိုးစရာရှာပါ

ဦးနှောက်ကို လှည့်စားဖို့အတွက် အရက်အစား သောက်စရာတစ်ခုခုကိုရှာပါ။ ဥပမာ black coffee ဖြစ်ဖြစ် အသီးဖျော်ရည်တစ်ခုခုဖြစ်ဖြစ်ပေါ့။

လေ့ကျင့်ခန်းလုပ်ပါ

အရက်သောက်ချင်စိတ် ရုတ်တရက်ဖြစ်ပေါ်လာတဲ့အချိန်မှာ ချွေးထွက်များစေပြီး ခန္ဓာကိုယ်ပင်ပန်းစေမယ့် လေ့ကျင့်ခန်းတစ်ခုခုကိုထလုပ်လိုက်ပါ။ ဥပမာ ပြေးလိုက်တာပဲဖြစ်ဖြစ်ပေါ့။ အရက်သောက်ချင်စိတ် လုံးဝပျောက်ကင်းသွားမှာပါ။

a man doing pull ups
Photo by Ron Lach on Pexels.com

တစ်ခုခုထစားလိုက်ပါ

တစ်ခုခုစားလိုက်ခြင်းဟာ ဦးနှောက်မှာဖြစ်ပေါ်လာတဲ့ တောင့်တမှုကို အာသာပြေစေဖို့ တွန်းအားပေးပါတယ်။ Cheese တို့လို အဆီအစိမ့်တွေ စားနိုင်သလို စပ်လွန်းတဲ့ အစားအစာတွေကိုလည်း စားပေးနိုင်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

၁ မိနစ်လောက် မျက်လုံးကိုပိတ်၊ ငြိမ်ငြိမ်လေးနေပြီးတော့ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ နှာခေါင်းနဲ့ရှူသွင်း၊ ပါးစပ်နဲ့ လေပြန်မှုတ်ထုတ်ပါ။ သင့်စိတ်တွေ တည်ငြိမ်သွားပါလိမ့်မယ်။ စစချင်းမှာ ခက်ခဲနိုင်ပေမယ့်လို့ နေ့စဉ်ကျင့်သားရအောင်လုပ်သွားမယ်ဆိုရင် မဖြစ်နိုင်တာမရှိပါဘူးနော်။ အားတင်းထားပါ။

woman closing her eyes against sun light standing near purple petaled flower plant
Photo by Oleksandr Pidvalnyi on Pexels.com
RELATED ARTICLES
- Advertisment -

Most Popular

%d