Wednesday, October 4, 2023
HomeLifestyleအချိန်ပေးရကျိုးနပ်စေတဲ့ အပေါင်းအသင်းမိတ်ဆွေ(၅)မျိုး

အချိန်ပေးရကျိုးနပ်စေတဲ့ အပေါင်းအသင်းမိတ်ဆွေ(၅)မျိုး

တစ်ခါတလေ ကိုယ်ပိုင်မိသားစုက ကိုယ့်အတွက် ကောင်းနေတာမျိုးရှိသလို မိသားစုရဲ့ဒုက္ခပေးခြင်းကိုပြန်ခံရတာမျိုး လည်းရှိပါတယ်။ ဒါဟာ လောကမှာကြုံနေရတဲ့တကယ့်အခြေအနေတွေပါ။ သူငယ်ချင်း မိတ်ဆွေဆိုတာကတော့ ကိုယ် တိုင်ရွေးချယ်လို့ရတဲ့ မိသားစုပါပဲ။ သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာလည်း ကောင်းတဲ့သူရှိသလို ကိုယ့်အတွက် ဒုတိယမိသားစုဖြစ်ထိုက်တဲ့သူတွေလည်းရှိပါတယ်။ အခု ဘယ်လိုသူငယ်ချင်းအမျိုးအစားတွေက ကိုယ့်ရဲ့အချိန်တွေကို အတူတူဖြတ်သန်းခွင့်ပေးရကျိုးနပ်စေမလဲဆိုတာ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

ရိုးသားသူ

four women by the bridge
Photo by Andrea Piacquadio on Pexels.com

အမှန်တရားတွေကို ရိုးသားတဲ့သူတွေဆီကပဲကြားရလေ့ရှိပါတယ်။ အဲဒီအမှန်တရားတွေက တစ်ခါတလေမှာနားကြားမချမ်း သာပေမယ့် သင့်ကိုအကျိုးဖြစ်ထွန်းစေမယ့်စကားတွေပါ။ ဒါပေမယ့် တချို့သူတွေကတော့ အမှန်တရားကို လွယ်လွယ် ပြောမထွက်ကြပါဘူး။ အမှန်တရားရဲ့ခါးသီးမှုတွေကိုမခံစားနိုင်ကြလို့ပါ။ သင့်သူငယ်ချင်း၊အပေါင်းအသင်းတွေထဲမှာ ခါးသီးမှုဒဏ်ကိုခံစားနိုင်တဲ့ ရိုးသားတဲ့သူတွေရှိတယ်ဆိုရင် သူတို့ကိုတန်ဖိုးထားဖို့တိုက်တွန်းချင်ပါတယ်။

သစ္စာရှိသူ

ဒီလို မိတ်ဆွေမျိုးဟာ သစ္စာတရားကိုလက်ကိုင်ထားတဲ့သူဖြစ်လို့ သင့်အတွက်ယုံကြည်စိတ်ချရဆုံးသူလို့ပြောလို့ရပါတယ်။ တစ်ယောက်တည်းသိတဲ့ကိစ္စကိုသာ လျှို့ဝှက်ချက်လို့ခေါ်တယ်ဆိုတဲ့ ထုံးစံကိုချိုးဖောက်နိုင်တဲ့သူတွေပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို သင့်ရဲ့လျှို့ဝှက်ချက်တွေကို စိတ်ချလက်ချပြောပြဆွေးနွေးနိုင်လို့ပါပဲ။ သူတို့ဟာသစ္စာတရားနဲ့ပတ်သက် လာရင် အသက်ကိုတောင်ပေးဆပ်ရဲတဲ့သူတွေပါ။ ဒီလို မိတ်ဆွေမျိုးပိုင်ဆိုင်ထားပြီဆိုရင်တော့ သူတို့နဲ့ဆက်ဆံရေးကို ရေရှည်တည်မြဲအောင်ကြိုးစားသင့်ပါတယ်။

တစ်စုံတစ်ခုကို ရူးသွပ်သူ

pexels-photo-6925357.jpeg
Photo by Pavel Danilyuk on Pexels.com

လူတစ်ကိုယ်စိတ်တစ်မျိုးရှိကြသလို၊မတူညီတဲ့ ဝါသနာတွေလည်းကိုယ်စီရှိကြပါတယ်။ ဝါသနာတစ်ခုခုကို ရူးသွပ်တာမျိုး၊ အလုပ်နဲ့ပတ်သက်ရင် ရူးသွပ်တာမျိုး၊ စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်တာမျိုးစသဖြင့် အဲဒီလို ရူးသွပ်တဲ့အရာတစ်ခုခုကို ပိုင်ဆိုင်ထားတဲ့သူငယ်ချင်းဆိုရင်လည်း သင့်ရဲ့အချိန်တွေကိုဖဲ့ပေးဖို့ထိုက်တန်ပါတယ်။ သင့်အတွက် အတွေ့အကြုံကောင်းတွေ၊အကြံဉာဏ်သစ်တွေအတွက် ခွန်အားတွေပေးစွမ်းနိုင်ပါတယ်။

အားကျလေးစားရသူ

လေးစားမှုဆိုတာ အသက်ကြီးတာငယ်တာနဲ့မဆိုင်ပါဘူး။ ကိုယ့်အတွက် တစ်စုံတစ်ခုလေးစားစရာအချက်တွေပိုင်ဆိုင် ထားတဲ့သူဆိုရင် လေးစားဖို့ထိုက်တန်ပါတယ်။ အဲဒီလိုပဲ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာလည်း ဘဝကိုခက်ခက်ခဲခဲ နဲ့ရှင်သန်ရပြီး ရိုးသားကြိုးစားကြသူတွေရှိသလို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရည်မှန်းချက်ကို လျှောက်လှမ်းနေကြတဲ့ သူငယ်ချင်းတွေလည်းရှိတတ်ပါတယ်။ တစ်ခါတလေ သူတို့ဆီက ကိုယ့်အတွက် သင်ခန်းစာတွေရသလို အားကျအတုယူ စရာတွေလည်းတွေ့ရတတ်ပါတယ်။ အဲဒီလို သူငယ်ချင်းတွေပိုင်ဆိုင်ထားရင်တော့ သင်ဟာအပေါင်းအသင်းကံကောင်းသူ လို့ဆိုနိုင်ပါတယ်။

ခင်မင်မှုကိုထိန်းထားနိုင်သူ

group of people sitting on white mat on grass field
Photo by Helena Lopes on Pexels.com

အပေါင်းအသင်းမိတ်ဆွေတွေထဲမှာလည်း ကိုယ်ပေါင်း၊ စိတ်ခွာအမျိုးအစားတွေရှိကြပါတယ်။ တွေ့တုန်းခဏပဲကိုယ့်ကို ဘယ်လောက် ခင်ကြောင်း၊ဘယ်လောက်သတိရကြောင်းဆိုပေမယ့် ကွယ်သွားတာနဲ့ ကိုယ်ဟာအမေ့ခံဖြစ်သွားရတဲ့ အပေါင်းအသင်းတွေလည်းရှိပါတယ်။ ကိုယ်နဲ့သူ့ကြားကခင်မင်မှုလေးမပျက်ယွင်းအောင် သူ့ဘက်ကိုယ့်ဘက်မျှမျှတတနား လည်ခွင့်လွှတ်ပေးတဲ့ သူငယ်ချင်းတွေကျတော့လည်း ဘယ်ချိန်ပြန်တွေ့တွေ့ နွေးထွေးတဲ့ခံစားမှုကိုဖြစ်စေသလို ခင်မင်မှု သက်တမ်းတွေလည်း ကိုယ်နဲ့သူ့ရဲ့အသက်တွေလို တဖြည်းဖြည်းအိုမင်းလာတယ်။ အတိတ်မှာကျန်မနေခဲ့ဘူး။ သင့်အနေနဲ့ ဒီလိုမိတ်ဆွေသူငယ်ချင်းမျိုးပိုင်ဆိုင်ထားရင် သင့်အတွက် မိသားစုဆိုတဲ့အဓိပ္ပာယ်က အမြဲတမ်းအနှစ်သာရပြည့်ဝနေမှာပါ။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: