ကောင်းမွန်တဲ့ဆက်ဆံရေးတွေဆိုတာ လူတွေအတွက် အဖိုးမဖြတ်နိုင်ပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးဆိုတာကလည်း ကိုယ်တိုင်က ကြိုးစားအားထုတ်မှဖြစ်နိုင်ပါတယ်။ အခုအခါမှာတော့ အိမ်မှာပဲဖြစ်ဖြစ် အလုပ်မှာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်ဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်းကောင်းတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကိုယ့်အတွက် အရေးကြီးသူတွေကို သီးသန့်အချိန်ပေးပါ။
သင့်တစ်နေ့တာအချိန်အတွင်းက အစိတ်အပိုင်းလေးတစ်ခုကို ဆက်ဆံရေးတည်ဆောက်ဖို့အတွက် အသုံးချပါ။ သင်နဲ့နီးစပ်တဲ့သူတွေက သင်က သူတို့ကိုအလေးထားတယ်ဆိုတာ သူတို့သိပါစေ။
အကောင်းမြင်ပေးပါ။
အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာ ကျေးဇူးတင်ထိုက်သူတွေပါ။ အကြောင်းက သူတို့ဟာ သူများတွေကို ဘယ်လိုချီးမွမ်းရမလဲ သိသူတွေဖြစ်ပါတယ်။ အကောင်းမြင်သူတွေဟာ သူတို့အတွက် ဘာကို အာရုံစိုက်ထားရမလဲဆိုတာသိပြီး ကိုယ့်အတွက် အရေးပါတာကိုပဲပြုလုပ်ကြလေ့ရှိပါတယ်။
ကောက်ချက်ချမစောပါနဲ့။
ကိစ္စကြီးတစ်ခုလုံးကို မသိသေးတဲ့အချိန်အထိ ဘယ်အခြေအနေကိုမှ အစောတလျင် ကောက်ချက်မချပါနဲ့။ တစ်ဖက်လူကို မှားယွင်းစွပ်စွဲမိပြီး ကောက်ချက်ချမိတာလောက် ဆက်ဆံရေးတစ်ခုမှာ နစ်နာတာမရှိပါဘူး။ သဘောထားကြီးတတ်အောင် လုပ်ယူဖို့ကြိုးစားပါ။

လုပ်နိုင်တာထက် လျှော့ပြောပါ။ ပြီးတော့ လုပ်သင့်တာထက် ပိုလုပ်ပေးပါ။
သင်က သူတို့ကို တန်ဖိုးထားကြောင်း သူတို့သိစေချင်ရင် ကတိတစ်ခုပေးတဲ့အခါ လျှော့ပြောပါ။ ပြီးရင် သူတို့မျှော်လင့်ထားတာထက် ပိုလုပ်ကိုင်ပေးလိုက်ပါ။
လူကို မတိုက်ခိုက်ပါနဲ့။ ပြဿနာကိုပဲ တိုက်ခိုက်ပါ။
ပြဿနာတွေဖြစ်လာတဲ့အခါ ပြဿနာကိုရော၊ လူကိုရော နားလည်ဖို့ အချိန်ယူရပါတယ်။ အချင်းချင်း အပြစ်တင်နေမယ့်အစား ပြဿနာထဲက သင်ယူစရာတစ်ခုခုကိုရှာဖွေပြီး အတူတကွဖြေရှင်းတတ်တဲ့အကျင့်ကို မွေးမြူပါ။