သွေးတိုးရောဂါကို ဆရာဝန်တွေက တိတ်တဆိတ်လူသတ်သမားလို့ ခေါ်ကြပါတယ်။ တကယ်လည်း သွေးတိုးရောဂါဟာ
အကောင်းပကတိလူတစ်ယောက်ကို အချိန်မရွေး သေတွင်းကို ပို့နိုင်ပြီး၊ အချိန်မရွေး ဒုက္ခိတဘဝကို ရောက်သွားစေနိုင်ပါ
တယ်။ အများအားဖြင့် သာမန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုရှိနေသူတွေမှာ သွေးတိုးရောဂါ ရှိနိုင်ခြေ/ဖြစ်နိုင်ခြေ ပိုရှိပါ
တယ်။ ဒါကြောင့် ပရိသတ်ကြီးလည်း မပေါ့ဆကြဘဲ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ တိုက်
တွန်းချင်ပါတယ်။
(၁) ကိုယ်အလေးချိန်ကို ထိန်းပါ

ကိုယ့်အသက်အရွယ်နဲ့ ကိုယ်အလေးချိန် ဘယ်လောက်ရှိသင့်လဲဆိုတာကို သိထားဖို့လိုပါတယ်။ ဒီတော့ ကိုယ်အလေးချိန်ဟာ သာမန်ထက်ပိုပြီး တက်နေတယ်ဆိုရင် မူလအလေးချိန်ရောက်အောင် လေ့ကျင့်ခန်းလုပ်ခြင်း၊ အသီးအရွက်ဦးစား
ပေးအစားအစာများ စားခြင်းကို ပြုလုပ်ဖို့ လိုပါတယ်။
(၂) ဆီ-ဆား လျှော့စားပါ (ရှောင်ပါ)
သွေးပေါင်ချိန်တိုင်းကြည့်လို့ သာမန်သွေးဖိအားထက် ပိုများနေရင် သွေးတိုးနေတဲ့ လက္ခဏာပါဘဲ။ ဆားနဲ့ ဆီကို လျှော့
စားပါ။ သံပုရာရည်၊ လိမ္မော်ရည်ကို သကြားမထည့်ဘဲ သဘာဝအတိုင်း သောက်ပါ။ ရေနွေးကြမ်း နေ့စဉ်သောက်ပါ။
(၃) အရက်လျှော့ပါ(ဖြတ်ပါ)

အရက်ဟာ သွေးတိုးရောဂါရဲ့ ရန်သူဖြစ်ပါတယ်။ သွေးတိုးနေတဲ့အချိန်မှာ သွေးကြောတွေထဲ သွေးစီးဆင်းမှုဟာ မြန်ဆန်
လှပြီး ဒီလိုအချိန်မှာ အရက်သောက်လိုက်ခြင်းဟာ မြင်းကို တောင်ပံတပ်ပေးလိုက်တာနဲ့ တူပါတယ်။ သွေးကြောပေါက်ခြင်း၊ သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းတို့ကို ဖြစ်စေပြီး ချက်ချင်းလက်ငင်းလည်း သေရွာကို ပို့ပေးနိုင်ပါတယ်။
(၄) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် အနည်းဆုံးတော့ သွေးတိုးရောဂါရဲ့ မိတ်ဆွေကြီးဖြစ်တဲ့ ကိုလက်စထရောတွေကို
လောင်ကျွမ်းစေတယ်၊ အဆီပိုတွေကို ဖယ်ရှားပေးတယ်၊ သွေးတိုးရောဂါနဲ့ ဆက်စပ်ရောဂါတွေလို့ ပြောလို့ရတဲ့ ဆီးချို၊ နှလုံးရောဂါ၊ အသည်းအဆီဖုံး၊ သွေးကြောပိတ်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
(၅) ဆေးစစ်မှု မျက်ခြေမပျက်ပါစေနဲ့

ဆေးစစ်မှု ပုံမှန် လုပ်ပေးပါ။ သွေးထဲမှာ သကြားဓာတ်၊ အဆီဓာတ်၊ ကိုလက်စထရောဓာတ်တွေ ပါဝင်နေသလား၊ လျော့
နည်းသွားပြီလား၊ ကိုယ်အလေးချိန် တက်လာသလား၊ နှလုံးခုန်နှုန်း ပုံမှန်လား၊ သွေးပေါင်ချိန် ပုံမှန်လား မျက်ခြေမပျက်ပါ
စေနဲ့။