Wednesday, October 4, 2023
HomeLifestyleကောင်မလေးတွေဟာ ချစ်သူကောင်လေးတွေကို ဘာတွေကြောင့် ထားသွားလေ့ရှိလဲ

ကောင်မလေးတွေဟာ ချစ်သူကောင်လေးတွေကို ဘာတွေကြောင့် ထားသွားလေ့ရှိလဲ

Relationship တစ်ခုမှာ စိတ်ခံစားချက်ကို ယှဉ်ကြည့်မယ်ဆိုရင် မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် ပိုပြီးတော့ စိတ်ဆိုးစိတ်ကောက် လွယ်လေ့ရှိတတ်ပါတယ်။ ကိုယ့်ချစ်သူ မိန်းကလေးတစ်ယောက် စိတ်ဆိုးစိတ်ကောက်နေရင်တော့ ချော့ရပြုရ လွယ်ပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူ စိတ်ပျက်သွားတဲ့အခါမျိုးမှာတော့ အဲဒီအချိန် သူတို့စိတ်ထဲမှာ ဖြစ်ပျက်သွားတဲ့အရာဟာ တစ်သက်လုံး အမှတ်ထင် ကျန်နေတတ်လေ့ ရှိကြပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ မိန်းကလေး အများစုဟာ ဘယ်လိုအချိန်မျိုးမှာ သူတို့ချစ်သူကောင်လေးတွေကို စိတ်ပျက်ပြီး ထားသွားလေ့ရှိသလဲဆိုတဲ့ အကြောင်းအရာလေးကို ပြောပြပေးသွားချင်ပါတယ်။

sad couple breaking up
Photo by RODNAE Productions on Pexels.com

ပထမဦးဆုံး အနေနဲ့ ချစ်သူမိန်းကလေးတွေ စိတ်ပျက်လေ့ရှိတဲ့ အရာမျိုးက ကတိတစ်ခုကို လွယ်လွယ်ပေးပြီး လွယ်လွယ်ချိုးဖောက်တတ်တဲ့ အကျင့်ပါ။ ဥပမာ- သင်က ဒီနေ့ ဘော်ဒါတွေနဲ့ ချိန်းထားလို့ သင့်ချစ်သူကောင်မလေးကို အသိမပေးဘဲ အပြင်ထွက်လာတယ်ဆိုပါစို့။ သင်ဘော်ဒါတွေနဲ့ ဆုံနေတဲ့ အချိန်မှာမှ သင့်ချစ်သူက သင့်ကို ဖုန်းဆက်ပြီး ဘယ်ရောက်နေလဲလို့ မေးမှာပါပဲ။ သင်ကတော့ ဘော်ဒါတွေနဲ့ အပြင်သွားတာ၊ သူတို့ ရုတ်တရက်လာခေါ်လို့ ကိုယ်ကလိုက်သွားရတာ ဘာညာလျှောက်ပြောမှာပါပဲ။ ပြီးတာနဲ့ နောက်တစ်ခါ အပြင်သွားရင် သူ့ကိုပြောသွားပါ့မယ်ဆိုပြီး လွယ်လွယ်လေး ကတိပေး၊ ဒါပေမယ့် နောက်အခေါက်တွေမှာလည်း သင်ဘာမှမပြောဘဲ အပြင်တွေသွားနေမယ်ဆိုရင် သူကတော့ သင့်ကို ဘာမှမပြောပါဘူး။ ဒါပေမယ့် သူ့စိတ်ထဲမှာ တဖြည်းဖြည်းနဲ့ သင့်ကို စိတ်ပျက်လာပြီး နောက်ဆုံး သူ့ဘက်က စတင်လမ်းခွဲသွားပါလိမ့်မယ်။

a couple having an argument
Photo by RODNAE Productions on Pexels.com

နောက်တစ်ချက်ကတော့ နောက်မီးလင်းပြီး ဖောက်ပြန်တဲ့ ကိစ္စပါ။ Relationship တစ်ခုမှာ ဖောက်ပြန်တဲ့ ကိစ္စကို ကြည့်လိုက်မယ်ဆိုရင် ယောက်ျားလေးတွေက ပိုပြီးဖောက်ပြန်လေ့ ရှိတတ်ပါတယ်။ မိန်းကလေးတွေလည်း ဖောက်ပြန်ပါတယ်။ ဒါပေမယ့် ယောက်ျားလေးတွေလောက်တော့ မများပါဘူး။ ထားပါတော့။ သင်ကတော့ သင့်ချစ်သူ ကောင်မလေး မသိလောက်ဘူးထင်ပြီး နောက်ကောင်မလေးတစ်ယောက်နဲ့ ဖောက်ပြန်နေပါတယ်။ သင်ဖောက်ပြန်တဲ့ ကိစ္စကို သင့်ချစ်သူကောင်မလေး မသိဘူးမထင်ပါနဲ့။ သူသိပါတယ်။ မိန်းကလေးတွေဟာ သူတို့ဂရုစိုက်ရတဲ့သူရဲ့အမူအရာ အချိုးတွေပြောင်းလာတာကို တစ်ရက်လောက်နဲ့တင် ရိပ်မိတတ်ပါတယ်တဲ့နော်။

ဒါပေမယ့် သင့်ဘက်က သူ့ကို ထားသွားမှာစိုးတာရယ်၊ သင်ရှက်သွားမှာစိုးတာရယ်၊ သင့်ကို စိတ်ညစ်အောင် မလုပ်ချင်တာတွေရယ်ကြောင့် ဖွင့်မပြောတာပါ။ နေရာတိုင်းမှာ မျက်စိတွေ နားတွေ ရှိသလို မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူကောင်လေး ဖောက်ပြန်တာကို အလိုလို သိနိုင်ပြီး ခံစားသိမြင်နိုင်တဲ့ စိတ်တစ်ခု ရှိပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ချစ်သူမိန်းကလေးအပေါ် သနားပြီး တကယ်ချစ်တဲ့ ယောက်ျားတွေကတော့ ကိုယ့်ချစ်သူဆီကိုပဲ ပြန်သွားလေ့ရှိပါတယ်။ တချို့တွေကျပြန်တော့လည်း ငါလုပ်လို့ရတယ်၊ ငါကဆရာကြီးပဲဆိုတဲ့ စိတ်နဲ့  သူ့ချစ်သူမသိအောင် တစ်ယောက်ပြီး တစ်ယောက် ထားတတ်ကြပါတယ်။ အဲဒီလို ယောက်ျားမျိုးတွေ နောင်တရတဲ့နေ့ကတော့ သူ့ချစ်သူ မိန်းကလေးဘက်ကနေပြီး စလမ်းခွဲတဲ့နေ့ပါပဲ။

frustrated multiethnic couple having argue on street
Photo by Keira Burton on Pexels.com

နောက်ဆုံးတစ်ခုကတော့ ကိုယ့်ကောင်လေးက အလုပ်အကိုင်မရှိဘဲ အလေလိုက်နေတဲ့အချိန်တွေ များလာတဲ့ တစ်နေ့ပါ။ ဘယ်ချစ်သူကောင်မလေးမဆို ကိုယ့်ချစ်သူကို အလုပ်အကိုင် ရှိစေချင်တာ မိန်းကလေးတိုင်းရဲ့ စိတ်ကူးပါပဲ။ မိဘချမ်းသာနေရင်တောင်မှ ကိုယ့်လမ်းကိုယ်ဖောက်နိုင်တဲ့ ယောကျ်ားလေးမျိုးကို မိန်းကလေးတွေက သဘောကျတတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အလုပ်အကိုင်လည်းမရှိ၊ တစ်နေကုန်အလေလိုက်ပြီး Date တဲ့အချိန်တိုင်း မိန်းကလေးဘက်ကပဲ အကုန်အကျခံနေရတာ အတိုင်းအတာတစ်ခု ကျော်သွားရင်တော့ အဲဒီမိန်းကလေးဟာ သူတို့ချစ်သူတွေကို ရင်နာနာနဲ့ပဲ လမ်းခွဲလိုက်ကြပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: