Wednesday, October 4, 2023
HomeKnowledgeသွားကို မနက်စာစားပြီးမှ တိုက်သင့်လား၊ မစားခင်တိုက်သင့်လား

သွားကို မနက်စာစားပြီးမှ တိုက်သင့်လား၊ မစားခင်တိုက်သင့်လား

လူတွေအတွက် သွားတိုက်ခြင်းဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ သွားမကြာခဏတိုက်ပါများရင်တော့ သွားကြွေလွှာတွေပျက်စီးတတ်တယ်ဆိုတာ လူသိနည်းပါတယ်။ လူတွေမှာ သွားကျန်းမာရေးနဲ့ပတ်သက်ပြီး နေ့စဉ်ပြုလုပ်လေ့ရှိတဲ့ အမှားလေးတွေရှိပါတယ်။ ဥပမာပြောရရင် မနက်စာမစားခင်သွားတိုက်သင့်လား၊ ဒါမှမဟုတ် မနက်စာစားပြီးမှ သွားတိုက်သင့်လားဆိုတဲ့ အချက်ဖြစ်ပါတယ်။

မနက်စာမစားခင် သွားတိုက်ခြင်းရဲ့ကောင်းကျိုး

သွားတိုက်တာဟာ ပုံမှန်အလေ့အကျင့်ဖြစ်ပြီး လူတွေဟာ တစ်နေ့တာအတွင်း သွားတိုက်ချိန်တွေကို သီးသန့်သတ်မှတ်ထားလေ့ ရှိပါတယ်။ အများစုကတော့ ညအိပ်ရာမဝင်ခင်နဲ့ မနက်မိုးလင်းလင်းချင်း ဘာမှမစားခင် သွားတိုက်ကြပါတယ်။ မနက်စာမစားခင် သွားတိုက်တဲ့အခါ ရလာမယ့် ကောင်းကျိုးတွေရှိပါတယ်။ သင်အိပ်တဲ့အခါမှာ သင့်ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေဟာ ဆပွားတိုးလာပါတယ်။

ဒီဘက်တီးရီးယားတွေကြောင့်ပဲ သွားချေးတွေဖြစ်ပေါ်လာတာဖြစ်ပြီး ခံတွင်းမှာ အနံ့ဆိုးထွက်ရတာပါ။ တကယ်လို့ အိပ်ရာနိုးနိုးချင်းသွားတိုက်မယ်ဆိုရင်တော့ သွားဟာ အစာမစားခင် fluoride-coating ရသွားမှာဖြစ်ပါတယ်။ Fluoride-coating ဟာ သင်စားသောက်မယ့်မနက်စာကနေ သွားချေးတွေ၊ ဘက်တီးရီးယားတွေဖြစ်မလာအောင် ကူညီကာကွယ်ပေးပါတယ်။

young woman cleaning teeth in bathroom
Photo by Andrea Piacquadio on Pexels.com

မနက်စာစားပြီးမှ သွားတိုက်ခြင်းရဲ့အပြစ်

တကယ်လို့ သင်ဟာ မနက်စာစားပြီးမှသွားတိုက်တတ်တဲ့အကျင့်ရှိသူဆိုရင်တော့ ကော်ဖီ၊ ပေါင်မုန့်မီးကင်နဲ့ လိမ္မော်ရည်လို အက်ဆစ်ဓာတ်ပါတာတွေစားပြီးတာနဲ့ ချက်ချင်းသွားမတိုက်ပါနဲ့။ မိနစ် ၃၀ လောက်စောင့်ပြီးမှ သွားတိုက်သင့်ပါတယ်။ အစားအသောက်တွေစားပြီးမှ သွားတိုက်တာက သွားကြွေလွှာတွေကို ပျက်စီးလွယ်စေပါတယ်။ ဒါကြောင့် လေ့လာမှုတွေအရတော့ မနက်စာမစားခင် သွားတိုက်တာဟာ အကောင်းဆုံးဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: