Thursday, December 7, 2023
HomeLifestyleမိန်းကလေးတွေဆီမှာ ယောကျ်ားလေး BFF ရှိကိုရှိသင့်သည့်အကြောင်းရင်းများ

မိန်းကလေးတွေဆီမှာ ယောကျ်ားလေး BFF ရှိကိုရှိသင့်သည့်အကြောင်းရင်းများ

ဘဝရဲ့ အရေးကြီးဆုံးအရာတွေထဲမှာ သူငယ်ချင်းလည်း ပါပါတယ်။ ယောကျ်ားလေး ဆီမှာလည်း မိန်းကလေး BFF ရှိတတ်ပြီး၊ မိန်းကလေးတွေဆီမှာလည်း ယောကျ်ားလေး BFF ရှိတတ်ကြပါတယ်။ လိင်ကွဲပြားတယ်ဆိုပေမယ့် သန့်ရှင်းတဲ့ ချစ်ခြင်းမေတ္တာတွေဟာ သူတို့ကြားမှာ တကယ်ကိုရှိပါတယ်။ ခုဖော်ပြပေးမှာကတော့ မိန်းကလေးတွေအတွက် ယောကျ်ားလေး BFF ရှိကိုရှိသင့်တဲ့ အကြောင်းရင်းလေးတွေပဲဖြစ်ပါတယ်။

(၁) ယောကျ်ားလေးတွေအကြောင်းအတွင်းကျကျသိရှိနိုင်ခြင်း

မိန်းကလေးနဲ့ယောကျ်ားလေးဟာ မတူညီတဲ့သဘာဝရှိတာကြောင့် မိန်းကလေးတွေဟာ ယောကျ်ားလေးတွေရဲ့ အကြောင်းကို ပိုပြီး သိချင်ကြတာ သဘာဝပါပဲ။ ယောကျ်ားလေးမဂ္ဂဇင်းတွေကတစ်ဆင့် သိနိုင်တယ်ဆိုပေမယ့် ယောကျ်ားလေး သူငယ်ချင်းတွေဆီကလောက်တော့ ပြည့်စုံမှုမရှိနိုင်ပါဘူး။ ယောကျာ်းလေးသူငယ်ချင်းတွေနဲ့ နေ့စဉ်ဆက်သွယ်သွားလာမှသာ ယောကျ်ားလေးတွေရဲ့ သဘာဝ၊ အတွေးအခေါ်၊ အယူအဆတွေကို သိနိုင်မှာဖြစ်တယ်။ သူတို့တွေဟာ သင့်အချစ်ရေးနဲ့ ပတ်သက်လို့လည်း အကောင်းဆုံးတိုင်ပင်ဖော်တွေ ဖြစ်ကြပါတယ်။ ယောကျာ်းလေးသူငယ်ချင်းတွေနဲ့ အမြဲတိုင်ပင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ရေးဟာ တခြားမိန်းကလေးတွေထက် ပိုခိုင်မြဲတာကို တွေ့ရပါတယ်။

(၂) ဟာသဉာဏ်ရွှင်ကြတယ်

group of people sitting on white mat on grass field
Photo by Helena Lopes on Pexels.com

ယောကျ်ားလေးသူငယ်ချင်းတွေဟာ ဟာသအမြင်ပိုရှိပြီး ပျော်ပျော်နေတတ်ကြတာကြောင့် သူတို့အနားမှာနေရင် မနားတမ်းကို ရယ်နေရမှာပါ။ ယောကျ်ားလေးတွေဟာ မိန်းကလေးတွေလိုမျိုး တော်ရုံကိစ္စတွေကို ပုံကြီးမချဲ့တတ်ကြပါဘူး။ ဒီအရာတွေက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကို ပိုကြံ့ခိုင်စေပြီး ပေါ့ပါးလန်းဆန်းစေတယ် လို့မြင်မိပါတယ်။ သင်ဟာ အကောင်းမြင်စိတ်ရှိပြီး ပျော်ပျော်နေတတ်တဲ့သူတွေနားမှာ နေချင်တယ်ဆိုရင်တော့ သင့်မှာ ယောကျ်ားလေး BFFတွေရှိကိုရှိသင့်ပါတယ်နော်။

(၃)  သင့်ရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်

ယောကျ်ားလေးတွေဟာ ဉာဏ်ရည်မြင့်မားပြီး ထက်မြက်ကြတာကြောင့် သင်သိချင်နေတဲ့ အရာတွေရဲ့အဖြေ တော်တော်များများကို သူတို့သိနိုင်ပါတယ်။ ယောကျ်ားလေးတွေဟာ စိန်ခေါ်မှုတွေကို နှစ်သက်ပြီး၊ အကြောက်တရား သိပ်မရှိတာကြောင့် သင့်ရဲ့ပြဿနာတွေအတွက် အကြံကောင်းတွေကို သူတို့ထံမှ ရရှိနိုင်ပါတယ်။

(၄) ဟန်ဆောင်မှုနည်းတယ်

group of people having fun together under the sun
Photo by Helena Lopes on Pexels.com

ယောကျ်ားလေးတွေကို သင့်ရဲ့ လျှို့ဝှက်ချက်တွေ၊ အတွင်းရေးတွေ ပြောတာ မိန်းကလေးတွေဆီမှာ ပြောရတာထက် ပိုစိတ်ချရပါတယ်။ သူတို့ဟာ စကားအရောင်းအဝယ် ဝါသနာမပါကြပါဘူး။ သူတို့ဟာ ဟန်ဆောင်မှုလည်း နည်းပါးလှတာကြောင့် သူတို့ပြောတဲ့ စကားတွေဟာ တစ်ခါတလေ အောင့်သက်သက် နိုင်လှပေမယ့် ချိုသာတဲ့ လိမ်ညာစကားတွေထက်တော့ အများကြီးပိုသာပါတယ်။

(၅) ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာမယ်

ယောကျ်ားလေးသူငယ်ချင်းတွေနဲ့ အမြဲတမ်းဆက်သွယ်ပြီး ခင်မင်ရင်းနှီးခြင်းဖြင့် သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုတိုးလာမှာဖြစ်ပြီး ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်လာမှာပါ။ သင်ဟာအောင်မြင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ချင်ရင် ယောကျ်ားလေး BFFတွေနဲ့ ခင်မင်ရင်းနှီးမှုကို အဆက်မပြတ်စေဘဲ သင့်မြတ်စွာ နေထိုင်တတ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။

By Em Em

RELATED ARTICLES
- Advertisment -

Most Popular

%d