Wednesday, October 4, 2023
HomeWomanမိန်းကလေးတွေ ဘာလို့ ပွစိပွစိနဲ့ စကားအရမ်းပြောနိုင်ကြတာလဲ။

မိန်းကလေးတွေ ဘာလို့ ပွစိပွစိနဲ့ စကားအရမ်းပြောနိုင်ကြတာလဲ။

မိန်းကလေးတွေက ယောကျ်ားလေးတွေထက် စကားပိုပြောနိုင်ကြပါတယ်။ မိန်းကလေးတော်တော်များများက Talkative Girl လေးတွေပဲဖြစ်တယ်။ မိန်းကလေးတွေက မသိသေးတဲ့လူတွေနဲ့ဆို ရှက်တတ်ကြတယ်။ ငြိမ်တတ်ကြတယ်။ ဒါပေမယ့် သူတို့နဲ့ ခင်သွားပြီဆိုရင်တော့ စကားအရမ်းပြောလာတယ်။ စကားပြောပြီဆိုရင်လည်း နားငြီးအောင်ကိုပြောတတ်ကြတယ်။ သူတို့တွေ ဘာကြောင့် စကားအရမ်းပြောရတာလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

မိန်းကလေး သဘာဝကြောင့်

faces of smiling women
Photo by Matheus Bertelli on Pexels.com

ဒီလိုတွေ စကားအရမ်းများနေတာ၊ စကားအရမ်းပြောနေတာတွေက မိန်းကလေးသဘာဝတွေပါ။ အဲဒါကြောင့် ယောက်ျားတွေထက် စကားပိုပြောနိုင်ကြတာပါ။ သဘာဝအရ မိန်းကလေးတွေက စကားပိုပြောနိုင်ကြတာပါ။ မိန်းကလေးအချင်းချင်း အရည်မရ အဖတ်မရဟာတွေကိုလည်း ထိုင်ပြောတတ်ကြတာ မိန်းကလေး သဘာဝပါ။ စကားအရမ်းပြောနိုင်ကြပေမယ့် အရမ်းလည်း စိတ်ထိခိုက်လွယ်တတ်ကြပါတယ်။ မိန်းကလေးတွေက ယောကျ်ားတွေလောက် စိတ်မမာကြပါဘူး။ တစ်ခုခုဆို မျက်ရည်လေးဝဲလာတတ်တာကလည်း မိန်းကလေးတွေရဲ့ သဘာဝပါပဲ။

မျိုသိပ်မထားတတ်လို့

woman in office working on a laptop and talking on a phone
Photo by Bethzayda Vega on Pexels.com

သူတို့ရင်ထဲမှာ ရှိနေတဲ့ စကားတွေကို မျိုသိပ်မထားတတ်လို့ပဲဖြစ်ပါတယ်။ အရမ်းစကားပြောနိုင်တဲ့ မိန်းကလေးတွေနဲ့ စကားသွားပြောကြည့်ရင် သူတို့ရဲ့အကြောင်းတွေ အကုန် သိလာရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရင်ထဲမှာ မထားဘဲ ပြောတတ်ကြလို့ပါ။ အပေါင်းအသင်းတွေနဲ့ဆိုလည်း ပွင့်ပွင့်လင်းပြောတတ်ကြတယ်။

မိမိ တစ်နေ့တာကို မျှဝေပေးချင်လို့

ချစ်သူကောင်မလေးတွေက ပွစိပွစိနဲ့ စကားအရမ်းပြောတယ်ဆိုတာက သင်တို့ကို သူတို့ရဲ့ တစ်နေ့တာအကြောင်း မျှဝေပေးချင်တာပါ။ သူတို့ တစ်နေ့တာ ဘယ်လိုတွေဖြစ်ခဲ့တာ၊ ဘယ်သူနဲ့ ဘယ်မှာတွေ့ခဲ့တာကအစ ပေါက်ပေါက်ဖောက် သလို ပြောပြနေပါလိမ့်မယ်။ အဲဒါဟာ သင့်ကို သူတို့ရဲ့ တစ်နေ့တာအကြောင်းကို မျှဝေပေးချင်လို့ပါ။

နားထောင်စေချင်လို့

သင်တို့ရဲ့ ချစ်သူကောင်မလေးက စကားအရမ်းများတယ်ဆိုရင် သင်တို့ကို သူတို့ပြောသမျှတွေ နားထောင်ပေးစေချင်လို့ပါ။ သင်တို့ နားမထောင်ပေးမချင်း စကားကို ပွစိပွစိနဲ့ လိုက်ပြောနေမှာပါ။ အဲဒါကြောင့် နားငြီးမခံနိုင်ရင် သူတို့ပြောတာလေးတွေကို သေချာနားထောင်ပေးလိုက်ပါနော်။

ငြိမ်သက်ပြီးမနေချင်လို့

friends having coffee at the kitchen
Photo by RODNAE Productions on Pexels.com

တချို့ကောင်မလေးတွေက စကားပြောနေရရင်ကိုပဲ ပျော်နေတာမျိုးပါ။ ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားထိုင်ပြောနေရရင်ကိုပဲ ကျေနပ်နေတာမျိုးပါ။ သူတို့ရဲ့အမူအရာတွေက ချစ်ဖို့ကောင်းကြတယ်။ စကားအရမ်းပြောတော့ အပေါင်းအသင်းလည်းများကြတယ်။ လူချစ်လူခင်လည်းပေါသေးတယ်။ ဘာဖြစ်လို့ ကောင်မလေးတွေ စကားအရမ်းပြောတာလဲဆိုရင် မငြိမ်သက်နေချင်လို့ပါ။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲ ငြိမ်သက်ပြီး နေနေရတာကို မကြိုက်ကြလို့ပါ။ အဲဒီလိုနေရတာက သူတို့အတွက် နေရထိုင်ရခက်စေပါတယ်။

By Hannwe Soe

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: