Thursday, December 7, 2023
HomeEntertainmentIU နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေ မဖြစ်ချင်ဘူးဆိုတဲ့ Kim Se Jeong

IU နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေ မဖြစ်ချင်ဘူးဆိုတဲ့ Kim Se Jeong

image source: pinterest

စက်တင်ဘာလ 6 ရက်နေ့ ‘Kim Shin Young’s Noon Song of Hope’ အစီအစဉ်တွင် Kim Se Jeong က “ကျွန်မ စီနီယာ IU ကို အရမ်းသဘောကျပါတယ် သူနဲ့ထမင်းလေးဘာလေး စားရတာမျိုးက ကျွန်မအတွက်အဆင်ပြေပေမဲ့ ရင်းနှီးတဲ့သူငယ်ချင်းမိတ်ဆွေတွေတော့ မဖြစ်ချင်ပါဘူး” ဟု ‌ပြောကြားခဲ့တာပါ။ ဘာကြောင့် သူငယ်ချင်းမဖြစ်ချင်ရတာလဲဆိုတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး Kim Se Jeong က “ကျွန်မအရမ်းကို စိတ်လှုပ်ရှားမိပြီး သူနဲ့ရင်းနှီးလာလေလေ အမှားတွေပိုများလာလေလေ ဖြစ်လာတာကြောင့်ပါ” ဟု ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် Kim Se Jeong က သူမအတွက် IU ဟာ role model တစ်ယောက်ဖြစ်ပြီး တက္ကသိုလ်ပရောဂျက်တစ်ခုတွင် IU ရဲ့အကြောင်းကို ရေးသားခဲ့ဖူးကြောင်းကို “ကျွန်မက ဟိုးအရင်ကတည်းက အမာခံပရိသတ်တစ်ယောက်ပါ တက္ကသိုလ်မှာ assignment တင်တုန်းက ကျွန်မရဲ့စံပြပုဂ္ဂိုလ်နဲ့ လေးစားရတဲ့အဆိုတော်ရဲ့ ဘဝအကြောင်းကိုရေးရတဲ့အချိန်မှာ စီနီယာ IU အကြောင်းကို ရေးခဲ့တာပါ” ဟု ပြောပြခဲ့ပါတယ်။

image source: pinterest

‘IU’s Palette’ ရိုက်ကူးရေးနဲ့ပတ်သက်ပြီး Kim Se Jeong က “လူတွေက ကျွန်မအဲဒီရှိုးမှာပါဝင်လာတာဟာ အယ်လ်ဘမ်ကြောင့်လို့ ပြောကြတယ်” ဟု နောက်ပြောင်ပြောဆိုခဲ့ပြီး “ဒါကအခြေခံအားဖြင့်တော့ ဟုတ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ မကြာသေးခင်က Kim Se Jeong ဟာ သူမရဲ့ pre-released သီချင်းဖြစ်တဲ့ “Top or Cliff” ထွက်ရှိထားခဲ့တာပါ။

image source: pinterest
RELATED ARTICLES
- Advertisment -

Most Popular

%d