တချို့သော K-drama ဇာတ်လမ်းတွဲလေးတွေဟာ ပရိသတ်တွေ ဘယ်အချိန်ပဲကြည့်ကြည့် ရိုးအီသွားတာမျိုးမရှိဘဲ သူတို့ရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အမြဲတမ်းအကြိုက်တွေ့မိနေကြဆဲပါ။ ဒီဇာတ်လမ်းတွဲဟောင်းလေးတွေက အခုအချိန်အထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ ရှိနေဆဲ ဇာတ်လမ်းတွဲလေးတွေပဲ ဖြစ်ပါတယ်။
Coffee Prince (ကော်ဖီမင်းသားလေး)

2007 ကတည်းကထုတ်လွှင့်ပြသခဲ့တဲ့ ‘Coffee Prince’ ကိုးရီးယားဒရာမာဇာတ်လမ်းတွဲတွင် မင်းသမီး Yoon Eun-hye, Chae Jung-an မင်းသား Gong Yoo, နဲ့ Lee Sun-kyun, တို့က အဓိကပါဝင်ထားကြတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့ရုံမက ဆုများစွာကို ဆွတ်ခူးခဲ့တဲ့ ဇာတ်လမ်းတွဲလေးလည်း ဖြစ်ပါတယ်။ အောင်မြင်တဲ့ ကော်ဖီလုပ်ငန်းပိုင်ရှင်ရဲ့ မြေးဖြစ်သူ Choi Han-gyeol (Gong Yoo) ဟာ အလုပ်မလုပ်ဘဲ တာဝန်ယူချင်စိတ်မရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အသက် 24 နှစ်အရွယ် Go Eun-chan (Yoon Eun-hye) ဟာ ယောက်ျားလေးတစ်ယောက်လို ပြုမူနေထိုင်တတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး လူတွေက မသိတဲ့သူတွေကတော့ သူမကိုယောက်ျားလေးလို့သာ မြင်တတ်ကြပါတယ်။ Choi Han-gyeol ဟာ အဖွားဖြစ်သူစီစဉ်တဲ့ blind date တွေကို ရှောင်ဖယ်ဖို့ Go Eun-chan ကို မိန်းကလေးမှန်းမသိဘဲ သူ့ရဲ့လိင်တူချစ်သူအဖြစ် ငှားရမ်းတဲ့အခါမှာတော့ သူတို့နှစ်ယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည်နူးဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေး ဖြစ်ပါတယ်။
Dream High

2011 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်လမ်းတွဲလေးမှာတော့ Bae Suzy, Ok Taec-yeon, Kim Soo-hyun, Ham Eun-jung, Jang Woo-young နဲ့ Lee Ji-eun (IU) တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာ ဆယ်ကျော်သက်ပရိသတ်တွေကြား အတော်လေးရေပန်းစားခဲ့ပြီး ကြည့်ရှုမှုအဆင့်သတ်မှတ်ချက် 15.7% အထိရရှိခဲ့တာဖြစ်ပါတယ်။ Kirin အထက်တန်းကျောင်းမှ ကျောင်းသားခြောက်ဦးဟာ K-pop Idol တွေဖြစ်လာဖို့ကို အိပ်မက်တွေရှိခဲ့ကြတာပါ။ သူတို့ကျောင်းတက်နေစဉ်အတွင်း သီချင်းဆိုခြင်း၊ သီချင်းရေးခြင်းနဲ့ အကစွမ်းရည်တွေ တိုးတက်ကောင်းမွန်လာဖို့ကို သင်ယူခဲ့ကြပြီး တစ်ယောက်ချင်းစီတွင် အားနည်းချက်၊ အားသာချက်တွေရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီမှုတွေနဲ့ ဘယ်လိုမျိုး သူတို့ရဲ့ပန်းတိုင်ကို ဆက်လျှောက်လှမ်းကြမလဲဆိုတာကို ကြည့်ရှုရမယ့် လူငယ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။
Boys Over Flowers (F4 ချစ်သူ)

ဂျပန် shōjo manga စီးရီးကို အခြေခံရိုက်ကူးထားတဲ့ ‘Boys Over Flowers’ ဇာတ်လမ်းတွဲဟာ 2009 ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပြီး Ku Hye-sun, Lee Min-ho, Kim Hyun-joong, Kim Bum, Kim Joon နဲ့ Kim So-eun တို့က အဓိကပါဝင်ထားကြတာ ဖြစ်ပါတယ်။ ချမ်းသာတဲ့ အထက်တန်းစားတွေတက်တဲ့ကျောင်းကို ရောက်ရှိလာခဲ့တဲ့ သာမန်လူလတ်တန်းစားမိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဆင်းရဲပေမယ့် အကောင်းမြင်စိတ်နဲ့ တက်ကြွစွာနေတတ်တဲ့ Jan-Di ဟာ လူချမ်းသာတွေတက်ရောက်တဲ့ အထက်တန်းကျောင်းတွင် တက်ရောက်ဖို့ဖြစ်လာခဲ့ပြီး လူချမ်းသာကောင်လေး လေးယောက်နဲ့ ဆုံတွေ့ခဲ့ရာက ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမယ့် စိတ်ကူးယဉ်ဇာတ်လမ်းကောင်းလေး တစ်ခုပါ။
ဒီ K-drama ဇာတ်လမ်းတွဲဟောင်းလေးတွေကို ပြန်လည်ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။