Thursday, December 7, 2023
HomeEntertainmentတရားမဝင် မူးယစ်ဆေးဝါးစွပ်စွဲချက် သတင်းတွေထွက်ပေါ်ပြီးနောက် ‘No Way Out’ ဒရာမာကနေ ဆန္ဒအလျောက်နုတ်ထွက်ခဲ့တဲ့ မင်းသား Lee Sun Gyun

တရားမဝင် မူးယစ်ဆေးဝါးစွပ်စွဲချက် သတင်းတွေထွက်ပေါ်ပြီးနောက် ‘No Way Out’ ဒရာမာကနေ ဆန္ဒအလျောက်နုတ်ထွက်ခဲ့တဲ့ မင်းသား Lee Sun Gyun

မင်းသား Lee Sun Gyun ဟာ မူးယစ်ဆေးဝါးသတင်းတွေထွက်ပေါ်လာပြီးနောက် သူပါဝင်သရုပ်ဆောင်မယ့် ‘No Way Out’ ဒရာမာကနေ ကိုယ့်သဘောဆန္ဒအလျောက် နုတ်ထွက်ခဲ့တယ်လု့ိ သိရပါတယ်။

pinterest.com

အောက်တိုဘာ 23 ရက်နေ့တွင် မီဒီယာတစ်ခုရဲ့ဖော်ပြချက်အရ “ပြီးခဲ့တဲ့အပတ်ကတည်းက သတင်းတွေထွက်အပြီးမှာ Lee Sun Gyun က သူ့အခြေအနေတွေကိုရှင်းလင်းဖို့ အချိန်အတော်ကြာမယ်လို့ ခန့်မှန်းထားတာကြောင့် အေဂျင်စီနဲ့ဆွေးနွေးပြီးနောက် မင်းသားရဲကတောင်းဆိုမှုအရ ထုတ်လုပ်ရေးကုမ္ပဏီကနေ ဒါကိုလက်ခံခဲ့ပါတယ်” ဟု ဆိုပါတယ်။

pinterest.com

ဒီဇာတ်ကားဟာ လက်ရှိတွင် ထုတ်လုပ်ရေးအစောပိုင်းအဆင့်တွင်သာ ရှိနေသေးပြီး ရိုက်ကူးမယ့်အချိန်ကို ရွေ့ဆိုင်းထားခြင်းမရှိပါဘူး။ ဒါကြောင့် Lee Sun Gyun ဟာ လက်ရှိရင်ဆိုင်နေရတဲ့ တရားမဝင်မူးယစ်ဆေးဝါး စွပ်စွဲချက်တွေကြောင့် သရုပ်ဆောင်စာရင်းကို ပြောင်းလဲဖွယ်ရှိခဲ့တာပါ။ Lee Sun Gyun ဟာ ပရောဂျက်မှ ဆန္ဒအလျောက်နုတ်ထွက်ခဲ့ပြီး သရုပ်ဆောင်အသစ်က သူ့ရဲ့အခန်းကဏ္ဌကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Lee Sun Gyun ဟာ လက်ရှိစစ်ဆေးနေတဲ့ မူးယစ်ဆေးဝါးအမှုတွင် ပါဝင်ပတ်သက်နေတဲ့ Top Star A ဖြစ်တယ်လို့ ထုတ်ဖော်ခံထားရတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d