Thursday, December 7, 2023
HomeLifestyleသင့်စိတ်တည်ငြိမ်ဖို့အတွက် ဒီနည်းလမ်း(၄)ခုကိုသုံးပြီး ကြိုးစားကြည့်မယ်

သင့်စိတ်တည်ငြိမ်ဖို့အတွက် ဒီနည်းလမ်း(၄)ခုကိုသုံးပြီး ကြိုးစားကြည့်မယ်

တစ်ခုခုကြောင့် သင် ဒေါသထွက်နေတဲ့အချိန်၊ စိတ်တိုနေတဲ့အချိန်တွေဆို သင့်စိတ်ကို ဘယ်လိုထိန်းရမယ်မှန်းမသိဘူးမို့လား။ အမှားတွေလည်းလုပ်မိ၊ တစ်ခါတလေဆို ဘာမှမစဉ်းစားနိုင်ဘဲ ထစ်ခနဲဆို လက်ပါ။ အဲဒီလို အခြေအနေတွေဖြစ်လာပြီဆို အောက်မှာပါတဲ့ နည်းလမ်းတွေကို သုံးကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

(၁)။ ရေနွေးတစ်ခွက်လောက် သောက်လိုက်ပါ

လက်ဖက်ခြောက်မှာပါရှိတဲ့ အမိုင်နိုအက်ဆစ်က စိတ်ဖိစီးမှုနဲ့ ပူပန်မှုတွေကို လျှော့ချပေးနိုင်တာမို့ စိတ်လှုပ်ရှားနေချိန်တွေမှာဆိုရင် ရေသောက်တာထက် ရေနွေးလေးတစ်ခွက်လောက်သောက်လိုက်တာက ပိုပြီး ထိရောက်ပါတယ်။

cup of hot tea on wooden windowsill during sundown
Photo by Helena Lopes on Pexels.com
(၂)။ သင့်ကိုအရမ်းချစ်တဲ့သူတစ်ယောက်အကြောင်း စဉ်းစားလိုက်ပါ

စိတ်လှုပ်ရှားနေတဲ့အချိန်မျိုး၊ ဒေါသထွက်နေတဲ့အချိန်မျိုးမှာ သင့်ကိုအရမ်းချစ်တဲ့သူတစ်ယောက်အကြောင်း စဉ်းစားလိုက်တာကလည်း စိတ်သက်သာရာ ရစေပါတယ်။ ကိုယ့်အနားမှာသူသာရှိနေရင် ဘယ်လောက်ကောင်းမလဲ၊ သူဆိုရင် ဘယ်လိုလုပ်မှာလဲ…စသဖြင့် သူနဲ့ပတ်သက်တဲ့ အတွေးလေး ဝင်သွားပြီဆိုကတည်းက သင့်ရဲ့စိတ်လှုပ်ရှားမှုကို ခဏတာ ထိန်းချုပ်ပေးနိုင်မှာပါ။

woman in purple top reading menu
Photo by Andrea Piacquadio on Pexels.com
(၃)။ နံပါတ် ၁၀၀ ကို အနောက်ကနေ စရွတ်ပါ

နံပါတ် (၁၀၀) ကနေ စပြီး အနောက်ကနေ အရှေ့ကို ဖြေးဖြေးချင်းရွတ်ပေးတာကလည်း သင့်ရဲ့စိတ်လှုပ်ရှားမှုတွေကို လျော့ပါးသွားစေပါတယ်။ တစ်စက္ကန့်ကို နံပါတ်(၁)ခု ရွတ်မယ်ဆိုရင်တောင် သင့်အနေနဲ့ တစ်မိနစ်နဲ့ စက္ကန့်(၄၀)အထိ အချိန်ယူရမှာဖြစ်လို့ သင့်ရဲ့စိတ်ကို ထိန်းညှိပြီးသား ဖြစ်သွားမှာပါ။

(၄)။ သင်အကြိုက်ဆုံး သီချင်းတစ်ပုဒ်လောက် နားထောင်ပါ

အရမ်းတွေ စိတ်လှုပ်ရှားနေပြီမို့လား။ အရေးကြီးတဲ့ စာမေးပွဲတစ်ခုဖြေရတော့မယ်၊ အင်တာဗျူးတစ်ခုဝင်ရတော့မယ် စသဖြင့် စိတ်လှုပ်ရှားနေချိန်တိုင်း သင်အကြိုက်ဆုံး သီချင်းတစ်ပုဒ်လောက်ကို မျက်လုံးမှိတ်ပြီး စိတ်အေးလက်အေးနဲ့ နားထောင်ကြည့်လိုက်ပါ။ ဖြစ်နိုင်ရင် စိတ်ထဲကပါ လိုက်ဆိုကြည့်ပေါ့။ အနည်းဆုံးတော့(၃)မိနစ်၊(၄)မိနစ်လောက် အချိန်ကုန်သွားမှာဖြစ်လို့ သင့်ကိုပြန်ပြီး တည်ငြိမ်လာအောင် ဒီနည်းလမ်းက စွမ်းဆောင်ပေးနိုင်မှာပါ။

woman wearing black sleeveless dress holding white headphone at daytime
Photo by Tirachard Kumtanom on Pexels.com

Linn

RELATED ARTICLES
- Advertisment -

Most Popular

%d