နှိပ်တယ်ဆိုရင် ကျွန်တော်တို့ဟာ များသောအားဖြင့် လက်တွေ၊ ခြေထောက်တွေ၊ ဇက်ကြောတွေ၊ ပုခုံးတွေ စတာတွေကိုပဲ အမြဲတမ်း နှိပ်နယ်ဖို့ သိထားကြပါတယ်။ ဒါပေမဲ့ နားရွက်ဖျားလေးကိုလည်း နှိပ်နယ်ပေးနိုင်ပါတယ်တဲ့။ Bright Side ရဲ့ ဖော်ပြချက်အရ နားရွက်အဖျားလေးကို ပုံမှန် ဖွဖွလေး နှိပ်နယ်ပေးရုံနဲ့ သင့်ရဲ့ခန္ဓာကိုယ်မှာရော စိတ်ကျန်းမာရေးမှာပါ တော်တော်လေးကို အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်တဲ့။ အဲဒါတွေကတော့..
(၁) စိတ္ဖိဆီးမႈ
စိတ်တွေအရမ်းဖိဆီးလာတဲ့အခါမျိုးမှာ အသက်ကိုပြင်းပြင်းရှူပြီး နားရွက်ဖျားလေးကို ဖွဖွလေး စက်ဝိုင်းပုံသဏ္ဍာန်နှိပ်နယ်ပေးနိုင်ပါတယ်။

(၂) ကြွက်သားနာကျင်မှုကို လျော့ကျစေတယ်
Workout လုပ်တာမျိုးပဲဖြစ်ဖြစ်၊ လမ်းအရမ်းလျှောက်လိုက်တာ၊ အလေးအပင်တွေကို အကြာကြီးမလိုက်တာတို့လိုမျိုးမှာဖြစ်တတ်တဲ့ ခါးနာတာ၊ လက်တွေ၊ ခြေကြွက်သားတွေနာတာမျိုးတွေကို သက်သာစေမှာပါ။
(၃) ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာ
Migraines လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာဟာ စိတ်ဖိဆီးမှုများတာ၊ ပင်ပမ်းနွမ်းနယ်တာ၊ ရသီဥတုပူခြင်းအေးခြင်းတို့ကြောင့် ဖြစ်လာနိုင်ပါတယ်။ ဒီလိုခံရခက်တဲ့ဝေဒနာကို ခဏလေးအတွင်း သက်သာစေဖို့အတွက် ဒီလိုနည်းလမ်းလေးကို အသုံးပြုလိုက်ပါ။

(၄) ဝိတ်ကျမြန်စေဖို့
အားကစားလုပ်နေစဉ်နဲ့ လုပ်ပြီးတိုင်း နားကို စက်ဝိုင်းပုံသဏ္ဍာန်နှိပ်နယ်ပေးခြင်းဟာ ဝိတ်အကျမြန်စေဖို့ အထောက်အကူပေးပါတယ်တဲ့။
(၅) ညအိပ်မပျော်ခြင်းကိုလျှော့ချပေးတယ်
ညဖက်တွေအိပ်မပျော်ဖြစ်နေလို့ဆိုပြီး အိပ်ဆေးတွေ မှီဝဲမယ့်အစား အိပ်ခါနီး သင့်နားရွက်လေးကို ဖွဖွလေး နှိပ်နယ်ပေးကြည့်ပါ။ အချိန်တိုအတွင်းမှှာပဲ သင်အိပ်ပျော်သွားပါလိမ့်မယ်။

(၆) ပင်ပမ်းနွမ်းနယ်မှုအတွက်
စိတ်မကြည်မလင်ဖြစ်ပြီး အရာရာ လေးလံထိုင်းမှိုင်းဂင်လည်း ဒီနည်းလမ်းကအသုံးဝင်ပါတယ်တဲ့။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုသွေးကြောတွေနဲ့ ဆက်စပ်နေတဲ့အတွက် စိတ်ကို တစ်ဖန်ရွှင်လန်းလာစေမှာပါ။
penny