Thursday, December 7, 2023
HomeEntertainmentကနေဒါတွင် အိုးမဲ့အိမ်မဲ့ဖြစ်မှုကိုလျှော့ချဖို့ အိမ်အသေးလေး 99 လုံးကို ဆောက်လုပ်ပေးခဲ့တဲ့ မီလီယံနာသူဌေး

ကနေဒါတွင် အိုးမဲ့အိမ်မဲ့ဖြစ်မှုကိုလျှော့ချဖို့ အိမ်အသေးလေး 99 လုံးကို ဆောက်လုပ်ပေးခဲ့တဲ့ မီလီယံနာသူဌေး

ကနေဒါလူမျိုး သန်းကြွယ်သူဌေး Marcel LeBrun ဟာ သူ့ရဲ့ဇာတိမြို့တွင် သေးငယ်တဲ့အိမ် 99 လုံးကို ဆောက်လုပ်ပေးခြင်းဖြင့် ဒေသအတွင်း အိုးမဲ့အိမ်မဲ့ပြဿနာကို ဖြေရှင်းရန်ထူးခြားတဲ့ လုပ်ဆောင်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆင်းရဲခက်ခဲနေသူတွေအတွက် စိုးရိမ်ပူပန်မှုကိုလျှော့ချပေးဖို့အတွက် သူ့ကုမ္ပဏီရဲ့ ရှစ်ပုံတစ်ပုံခန့်ကိုရောင်းချကာ သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကို ခွဲဝေပေးဖို့ အသိစိတ်ဖြင့်ဆုံးဖြတ်ခဲ့တာပါ။

CBC News: The Nationals
CBC News: The Nationals

CBC ရဲ့အစီရင်ခံချက်အရ ကနေဒါနိုင်ငံ New Brunswick ပြည်နယ်၊ Fredericton မြို့တွင် အနည်းဆုံး လူပေါင်း 1800 ခန့်ဟာ ပြီးခဲ့တဲ့နှစ်က အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ပြဿနာကိုဖြေရှင်းရန်ကြိုးပမ်းမှုတွင် Marcel က “ဂုဏ်သိက္ခာရှိတဲ့ မိုက်ခရိုအိမ်အသိုင်းအဝိုင်း” ဟု ဖော်ပြထားတဲ့ ဒီတည်ဆောက်မှုအတွက် ဒေါ်လာ 4 သန်း ခွဲဝေပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာတွင် နေအိမ် 99 လုံး တည်ဆောက်ဖို့မျှော်မှန်းထားပြီး အိမ်တွေမှာ မီးဖိုချောင်၊ အိပ်ခန်းနဲ့ ရေချိုးခန်းတွေ ပါဝင်မှာဖြစ်ပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်မှုကို တိုက်ဖျက်ရန်အတွက် နေအိမ် 99 လုံးဆောက်လုပ်မှုရည်မှန်းချက်ဟာ သိသိသာသာတိုးတက်အောင်မြင်လာခဲ့ပြီး အစိုးရမှထောက်ပံ့ငွေ 12 သန်းကိုလည်း ရရှိခဲ့တာပါ။

CBC News: The Nationals

“ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ရပ်ရွာတည်ဆောက်သူလို့မြင်တယ် ဒီမှာကျွန်တော်တို့လုပ်နေတာက အသိုင်းအဝိုင်းလေးတစ်ခု တည်ဆောက်ရုံတင်မကဘူး ကျွန်တော်တို့ရဲ့မြို့ကို ပိုကောင်းလာအောင် တည်ဆောက်ပေးနေတာပါ” ဟု Marcel က ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာတွင် အိမ် 99 လုံးအပြင် ကော်ဖီဆိုင်လိုမျိုး နေထိုင်သူတွေအတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့လည်း စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

Shwemom
photos from instagram, CBC News: The National

RELATED ARTICLES
- Advertisment -

Most Popular

%d