ဘဝမှာ အဆင်မပြေမှုတွေနဲ့ကြုံတဲ့အခါ စိတ်ဓာတ်ကျမိပါတယ်။တခါတလေ စိတ်ဓာတ်ကျရာကနေ ပြန်အားမတင်းနိုင်လို့ ဘဝကိုအရှုံးပေးလိုက်ရတဲ့သူတွေလည်းရှိပါတယ်။ဒါပေမယ့် စိတ်ဓာတ်ကျတိုင်းသာ အရှုံးပေးလိုက်ရမယ်ဆိုရင် အောင်မြင် မှုဆိုတဲ့စကားလုံးကရှိလာမှာမဟုတ်ပါဘူး။အခုတော့ Shwemom ပရိသတ်တွေထဲမှာလည်း စိတ်ဓာတ်ကျနေတဲ့သူတွေ ရှိရင် ရှုံးနိမ့်မှုတွေကိုဘယ်လိုကျော်ဖြတ်မလဲ၊အောက်ဆုံးထိရောက်နေတဲ့ ကိုယ့်ရဲ့ စိတ်ကိုဘယ်လိုမြှင့်တင်နိုင်မလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
(၁)ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့
စိတ်ဓာတ်ကျခြင်းရဲ့အဓိကအချက်က ငါကသူများတွေလောက်တောင်အစွမ်းအစမရှိဘူး၊ ငါဘာလုပ်လုပ်မအောင်မြင်ဘူး ဆိုပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေခြင်းပဲဖြစ်ပါတယ်။သင့်မှာသာ အစွမ်းအစမရှိခဲ့ဘူးဆိုရင်ဒီနေ့ဒီအခြေအနေထိရောက် လာစရာမရှိပါဘူး။တခါတလေ ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းက ကိုယ်နဲ့အံဝင်ခွင်ကျမဖြစ်လို့အခက်အခဲဖြစ်နေပေ မယ့် အမှားတွေကပဲ သင်ယူလေ့လာသွားရမှာပါ။
(၂)ဟန်ဆောင်ခြင်း တတ်မြောက်ပါစေ

စိတ်ဓာတ်မကျအောင် ဟန်ဆောင်ရမယ်ဆိုတဲ့အချက်က ထူးဆန်းမနေဘူးလားလို့မေးစရာရှိပါတယ်။ ဒါပေမယ့် ဟန်ဆောင်ခြင်းကစိတ်ဓာတ်ကျနေတာတွေနဲ့ ဦးနှော်က်ထဲကမလိုအပ်တဲ့ အတွေးတွေကိုတကယ်ပဲ လျှော့ချပေးနိုင် ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ငါအဆင်ပြေပါတယ်ဆိုတဲ့ဟန်ဆောင်အပြုံးကြောင့် သင့်ကိုယ်သင်ရောင့်ရဲတတ် လာမယ်။တခြားလူတွေသင့်အပြုံးကိုတွေ့တဲ့အခါသင့်ကိုချီးကျူးကြလိမ့်မယ်။နောက်တော့အခက်အခဲတွေနဲ့ သင်နေသား ကျသွားမှာပါ။
(၃)အတွေးလွန်နေတာတွေရပ်လိုက်ပါ
တခါတလေ ကိုယ်ထင်ထားသလို ဖြစ်မလာတဲ့အခြေအနေဟာ ကိုယ့်အတွက်ဆိုးသွားနိုင်သလို ကိုယ်မျှော်လင့်မထားတဲ့ ရလဒ်ကောင်းတွေလည်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဖြစ်နိုင်ပါ့မလား၊ ဒီအခြေအနေ ကို ကျော်ဖြတ်နိုင်ပါ့မလားဆိုပြီး စိတ်ဓာတ်ကျပူပန်နေတာမျိုးမဖြစ်သင့်ပါဘူး။အတွေးတွေလွန်နေတာကို ဖြတ်ပြီးအခုပဲ လုပ်စရာရှိတာ စလုပ်လိုက်ပါ။
(၄)အဆက်အသွယ်တွေမဖြတ်တောက်ပါနဲ့

အများစုက စိတ်ဓာတ်ကျတဲ့အခါ ဘယ်သူနဲ့မှမတွေ့ချင်၊စကားမပြောချင်တော့ပါဘူး။ဖြစ်နိုင်ရင်ဒီကမ္ဘာကြီးပေါ်ကနေပျောက် ကွယ်သွားချင်တယ်ဆိုတဲ့အတွေးတွေနဲ့ အရာအားလုံးကိုရှောင်ဖယ်ဖို့ကြိုးစားတတ်ကြပါတယ်။ဒီနည်းလမ်းက စိတ်ဓာတ် ကျတာကိုသက်သာဖို့မကူညီပေးနိုင်ပါဘူး။ကိုယ်တိုင်ဖြေရှင်းမှရမယ့်ကိစ္စတစ်ခုကို ဘယ်လောက်ပဲ ခက်ခဲကျပ်တည်းနေ ပါစေ နောက်လည်းဖြေရှင်းရမှာအတူတူအခုပဲရင်ဆိုင်ဖြေရှင်းလိုက်ပါ။သင့်ကိုချစ်တဲ့မိသားစု၊မိတ်ဆွေသူငယ်ချင်းတွေက သင့်ကိုအကောင်းဆုံးကူညီပံ့ပိုးပေးကြမှာပါ။
(၅)အကောင်းမြင်စိတ်နဲ့ ကုစားမယ်
အရှုံးပေးမှုတွေနဲ့ အောက်ဆုံးထိရောက်နေတဲ့ စိတ်ပင်ပန်းမှုတွေကိုကုစားဖို့ အကောင်းမြင်စိတ်မွေးမြူကြည့်ပါ။ကိုယ့် ထက်မြင့်တဲ့သူတွေကိုမော့ကြည့်ပြီး စိတ်ဓာတ်ကျနေမယ့်အစား ကိုယ့်ထက်နိမ့်တဲ့သူတွေ ရှိသေးပါလား၊ ငါ့မှာကြိုးစားဖို့ အခွင့်အရေးတွေရှိသေးတယ်ဆိုတဲ့အကောင်းမြင်စိတ်ကသင့်ကိုအကောင်းဆုံးအားပေးနိုင်မှာပါ။သင် ရပ်လိုက်ရင် သင့် လမ်းဆုံးသွားမှာဖြစ်ပြီး သင်ဆက်လျှောက်နေသရွေ့လမ်းမဆုံးသေးဘူးဆိုတာအမြဲသတိရပါ။
ခြူးသစ်နွယ်@ChoChoThan(Shwemom)
ref:womanitely.com