Wednesday, October 4, 2023
HomeEntertainmentလတ်တလော Viu တွင် လူကြိုက်အများဆုံး ဖြစ်နေတဲ့ K-drama ဇာတ်လမ်းတွဲသစ်များ

လတ်တလော Viu တွင် လူကြိုက်အများဆုံး ဖြစ်နေတဲ့ K-drama ဇာတ်လမ်းတွဲသစ်များ

Korea နိုင်ငံရဲ့ ဖျော်ဖြေရေးနယ်ပယ်ဟာ ကမ္ဘာတစ်ဝှမ်းလုံးကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးဖောက်လာပြီး အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုနဲ့ အောင်မြင်မှုအသီးအပွင့်တွေကို ရရှိထားကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ K-drama ပရိသတ်တွေအတွက် ရည်ရွယ်ပြီး Viu တွင် လူကြိုက်အများဆုံး ဖြစ်နေတဲ့ K-drama ဇာတ်လမ်းတွဲသစ်အချို့ကို ဝေမျှပေးလိုက်ပါတယ်။

The Love in Your Eyes

Instagram

မင်းသမီးကြီး Kim Hye-ja, Han Ji-min, မင်းသား Nam Joo-hyuk, Son Ho-jun နဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ The Love in Your Eyes ဇာတ်လမ်းတွဲဟာ ကားမတော်တဆမှုတစ်ခုကြောင့် ဖခင်ဖြစ်သူ သေဆုံးမှုကနေလွတ်မြောက်နိုင်ဖို့ Kim Hye Ja ဟာ ကလေးဘဝတုန်းက ကမ်းခြေမှာရှာတွေ့ခဲ့တဲ့  အထူးလက်ပတ်နာရီဖြင့် အချိန်ကိုပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကိုကြိုးကိုင်ခြင်းဟာ ကြီးမားတဲ့ပေးဆပ်မှုတွေ ရှိလို့နေတာပါ။ Hye Ja ဟာ အချိန်ကိုနောက်ပြန်လှည့်လိုက်တိုင် အသက်ကြီးလာမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Hye Ja နဲ့ခင်မင်ရင်းနှီးတဲ့ Lee Joon Ha ဟာ မိသားစုပြဿနာတွေကြောင့် ခက်ခဲပင်ပန်းနေရပြီး သူ့ရဲ့အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရပါတယ်။ Hye Ja တစ်ယောက် အချိန်တွေကိုနောက်ပြန်လှည့်ရင်း အသက်တွေကြီးလာတဲ့အချိန်မှာ ဘယ်လိုပြောင်းလဲမှုတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် စိတ်ကူးယဉ်ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။

The Law Café

Instagram/@asiatic.drama

အသစ်စက်စက်ထွက်ရှိထားတဲ့ The Law Café ဇာတ်လမ်းတွဲလေးမှာတော့ မင်းသားချော Lee Seung-gi နဲ့ မင်းသမီးချော Lee Se-young တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းပုံစံလေးက ‘Monster Genius’ ဟု လူသိများတဲ့ အမှုစစ်ဟောင်း Kim Jeong-ho (Lee Seung-gi) နဲ့ ရုပ်ရည်ချောမောလှပပေမယ့် ထူးဆန်းတဲ့ကိုယ်ရည်ကိုယ်သွေးရှိတဲ့ ရှေ့နေမလေး Kim Yu-ri (Lee Se-young) တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲလေးတစ်ခုပဲ ဖြစ်ပါတယ်။

Mental Coach Jegal

Instagram

Mental Coach Jegal ဇာတ်လမ်းတွဲမှာတော့ မင်းသား Jung Woo က အဓိက title role အဖြစ် ပါဝင်ထားပြီး Lee Yoo-mi, Kwon Yul, Park Se-young နဲ့ Moon Yoo-kang တို့က အဓိကပါဝင်ထားကြတာ ဖြစ်ပါတယ်။ နိုင်ငံအသင်းမှ အပြီးတိုင်ထုတ်ပယ်ခံခဲ့ရတဲ့ တိုက်ကွမ်ဒိုအားကစားသမားဟောင်း တစ်ဦးက လိုအပ်နေတဲ့ ကစားသမားတွေကို ကူညီပြီး အနိုင်ရအောင်တိုက်ခိုက်နိုင်တဲ့ စွမ်းရည်တွေကို သင်ပြပေးတဲ့ စိတ်ပိုင်းဆိုင်ရာ နည်းပြတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

The Empire

pinterest/@DramAsia World

The Empire ဇာတ်လမ်းတွဲမှာတော့ Kim Sun-a, Ahn Jae-wook, နဲ့ Lee Mi-sook တို့ကပါဝင်ထားတာဖြစ်ပြီး ချမ်းသာကြွယ်ဝမှုနဲ့ အာဏာရှိတဲ့ နိုင်ငံအထက်တန်းလွှာ မိသားစုရဲ့ အရှုပ်တော်ပုံအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ခုဖော်ပြခဲ့တဲ့  ဇာတ်လမ်းတွဲတွေက လတ်တလောတွင် Viu တွင် လူကြိုက်အများဆုံးဖြစ်နေတဲ့ ဇာတ်လမ်းတွဲတွေဖြစ်ပါတယ်။ https://www.viu.com/ott/mm/mya/all  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: