Dinsey+ ရဲ့ ‘Moving’ season 1 ပြီးဆုံးသွားချိန်တွင် နောက်ထပ် season 2 အတွက် မင်းသား Yoo Seungho ရဲ့ ဇာတ်ရုပ်အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ကောလာဟလတွေ ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။ Kang Full ရဲ့မူရင်း webtoon ဖြစ်တဲ့ ‘Moving’ ဇာတ်လမ်းတွဲဟာ Marvel Cinematic Universe လိုမျိုး ကျယ်ပြန့်လှတဲ့ ‘Kang Full Universe’ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒရာမာရဲ့ အပိုင်း 16 တွင် Kang Full’s universe ရဲ့ အဓိကဇာတ်ကောင် Kim Youngtak ကို ပြသထားခဲ့ပြီး ပရိသတ်တွေက ဇာတ်ကောင်ရဲ့ မွေးသက္ကရာဇ် ‘930817’ အသေးစိတ်အချက်အလက်ကို သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ season 2 တွင် မင်းသား Yoo Seungho ရဲ့အခန်းကဏ္ဍကို အရိပ်အမြွက်ဖော်ပြခဲ့တာဖြစ်ပြီး သူ့ရဲ့မွေးသက္ကရာဇ် သြဂုတ် 17 ရက် 1993 (930817) ဖြစ်တယ်ဟု ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပါတယ်။

ပရိသတ်တွေက “resident registration number က တစ်ခုခုကို ဆိုလိုတာဖြစ်တယ်” “Yoo Seungho က season 2 အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်မှာပါ” နဲ့ တခြားသောမှတ်ချက်တွေကို ရေးသားထားခဲ့ကြတာ ဖြစ်ပါတယ်။
