Tuesday, October 3, 2023
HomeKnowledgeအာဟာရပညာရှင်တွေ လုံးလုံးရှောင်ကြည့်လေ့ရှိတဲ့ သတိပြုဖွယ်အစားအစာများ

အာဟာရပညာရှင်တွေ လုံးလုံးရှောင်ကြည့်လေ့ရှိတဲ့ သတိပြုဖွယ်အစားအစာများ

လူတွေဟာ ကိုယ်စားသောက်လိုက်တဲ့ အစားအသောက်တွေရဲ့ အရေးပါပုံကို သိပ်မသိကြပါဘူး။ တစ်ချို့အစားအသောက်တွေဟာ ကျန်းမာရေးအတွက် သင့်တော်ရဲ့လား၊ အန ္တရာယ်ကင်းရဲ့လားဆိုတာ စိတ်ကိုဒွိဟဖြစ်စေပါတယ်။ အခုအခါမှာတော့ စာဖတ်သူတွေအတွက်  အာဟာရပညာရှင်တွေပြောထားတဲ့ ကျန်းမာရေးအတွက်အကျိုးမပြုတဲ့ အစားအစာတွေကို brightside ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

အသင့်စားကောက်နှံတောင့်များ


အသင့်စားကောက်နှံတောင့်တွေကို ဝိတ်ချတဲ့အခါစားနိုင်တယ်၊ ကျန်းမာရေးအတွက် သင့်တော်တယ်လို့ အချို့က ယူဆကြပါတယ်။ ဒါပေမဲ့ အာဟာရပညာရှင်တွေကတော့ ဒီကောက်နှံတောင့်တွေဟာ ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုပါတယ်။ အကြောင်းရင်းက သူတို့မှာ သကြားတွေ၊ ဆားတွေနဲ့ ပြည့်ဝဆီတွေအမြောက်အမြားပါဝင်နေလို့ပါပဲ။ ဒီကောက်နှံတောင့်တွေဟာ သကြားလုံးတွေစားသလိုပဲ အန ္တရာယ်ဖြစ်စေပါတယ်။

ဂျုံပေါင်မုန့်များ

loaf bread on brown tray
Photo by Cats Coming on Pexels.com


ဂျုံပေါင်မုန့်တွေဟာ အရောင်အဆင်းက အညိုရောင်နဲ့ အမျှင်ဓာတ်လည်းပါတဲ့အပြင် အချိန်အတော်ကြအောင် လူကိုဗိုက်ပြည့်စေတဲ့အတွက် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး ထင်ကြပါတယ်။ ဒါပေမဲ့ အာဟာရပညာရှင်တွေကတော့ ဆိုင်တွေကရောင်းတဲ့ ဂျုံပေါင်မုန့်တွေမှာ တာရှည်ခံပစ္စည်းတွေကြွယ်ဝစွာပါဝင်ပြီး ဆား သကြားတွေကိုလည်း အများကြီးထည့်သုံးထားကြောင်းဆိုပါတယ်။ ဒါကြောင့်တတ်နိုင်ရင်တော့ အိမ်လုပ်ပေါင်မုန့်တွေကိုသာ စားသင့်ပါတယ်။

Low-fat သို့မဟုတ် sugar-free ပစ္စည်းများ

ကိုယ်အလေးချိန်လျော့လိုသူတွေဟာ Low-fat သို့မဟုတ် sugar-free စာကပ်ထားတဲ့ ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူလေ့ရှိပါတယ်။ တကယ်တော့ အဆီနဲ့ သကြားမပါတဲ့ပစ္စည်းတွေဆိုရင် အရသာလည်းမရှိတော့တာကို သတိပြုသင့်ပါတယ်။ အရသာမရှိတဲ့အတွက် ထုတ်လုပ်သူအများစုဟာ အရသာတိုးစေမယ့်ပစ္စည်းတွေနဲ့ ဓာတုပစ္စည်းတွေကို ပိုမိုအသုံးပြုရပါတယ်။ ဒါတွေဟာ သင့်ကျန်းမာရေးကို ပိုမိုပျက်စီးစေပါတယ်။

ပဲနို့

top view photo of soybeans on bowl near drinking glass with soy milk
Photo by Polina Tankilevitch on Pexels.com


သိပ္ပံပညာရှင်တွေက ပဲနို့တွေမှာ isoflavones ပါတယ်လို့ ဆိုပါတယ်။ Isoflavones ဟာ အမျိုးသမီးဟော်မုန်း အက်စ်ထရိုဂျင်ဖြစ်ပါတယ်။ တကယ်လို့ အမျိုးသားတွေမှာ ခန္ဓာကိုယ်ထဲ အက်စ်ထရိုဂျင်များရင် ရင်သားတွေကြီးလာပါတယ်။ အမျိုးသမီးတွေမှာတော့ အက်စ်ထရိုဂျင်များရင် ဝိတ်တက်လာတတ်ပါတယ်။ အာဟာရပညာရှင်တွေကတော့ ပဲနို့တွေဟာ ဟော်မုန်းပြဿနာတွေကိုဖြစ်စေနိုင်တယ်ဆိုပါတယ်။

အသီးဘူးများ


ဘူးသွပ်ထားတဲ့အသီးတော်တော်များများဟာ သကာရည်ကို တာရှည်ခံအောင်လို့ဆိုပြီး သုံးကြပါတယ်။ သကာရည်ထဲမှာ သကြားတွေအများကြီးပါဝင်တဲ့အတွက် ဒါကြောင့်ပဲ အသီးတွေရဲ့အာဟာရတန်ဖိုးဟာ ကျဆင်းသွားပါတယ်။ တကယ်လို့ ဘူးသွပ်ထားတဲ့အသီးဘူးတွေကိုဝယ်မယ်ဆိုရင်တော့ သူ့အရည်နဲ့သူဘူးသွပ်ထားတဲ့ အသီးကိုသာဝယ်ယူသင့်ပြီး အချိုရည်တွေနဲ့ဆိုရင်တော့ ရှောင်သင့်တဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ShweMom

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: