Sunday, November 27, 2022
HomeLifestyleလူမသိ၊ သူမသိ၊ ကိုယ့်ကိုကိုယ်တောင်မသိဘဲ စိတ်ဖိဆီးမှုများနေတဲ့ လက္ခဏာများ

လူမသိ၊ သူမသိ၊ ကိုယ့်ကိုကိုယ်တောင်မသိဘဲ စိတ်ဖိဆီးမှုများနေတဲ့ လက္ခဏာများ

စိတ်ဖိဆီးမှုဆိုတာ လူတိုင်းမှာ အကြောင်းရင်းမျိုးစုံနဲ့ ရှိနေနိုင်ပါတယ်။ အသက်ငယ်တဲ့ ကလေးလေးမှာတောင်မှပဲ သူတို့လိုချင်တဲ့ အရုပ်မရလို့ စိတ်ဖိဆီးနေတတ်တာပါ။ ဒါပေမဲ့ အနည်းအများပေါ်မူတည်ပြီးတော့ လူတစ်ယောက်ဟာ သူ့ရဲ့ အပြုအမူတွေ ပြောင်းသွားတတ်ပါတယ်။ အဲဒီအထဲကမှ ကိုယ်တိုင်တောင် စိတ်ဖိဆီးလို့ ဖိဆီးနေမှန်းတောင်မသိကြတဲ့ လူတွေဆိုရင်တော့ မသိတာကြောင့် စိတ်ဖိဆီးမှုပြေပျောက်အောင် ဘယ်လိုမှ တတ်စွမ်းနိုင်မှာမဟုတ်ပါဘူး။ သင်ဟာ လူမသိ၊ သူမသိ စိတ်ဖိဆီးနေတဲ့လူ ဖြစ်နေပြီလားဆိုတာ ဒီအချက်တွေနဲ့ တိုက်စစ်ကြည့်လိုက်ပါနော်။

ဒေါသကြီးတယ်

pixabay/yogendras31

အဲဒီလိုလူတွေမှာ အများဆုံးတွေ့ရတာကတော့ ဒေါသကြီးတာပါပဲ။ ဘာမဟုတ်တာလေးကို အထနတွေကောက်ပြီးတော့ စိတ်လိုက်မာန်ပါပြောဆိုတာ၊ သောင်းကြမ်းတာတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့ဒေါသက ကောက်ရိုးမီးလိုပဲ ဟုန်ခနဲထတောက်၊ ပြီး ပြေချင်တော့လည်းချက်ချင်းဆိုသလိုပေါ့။

ညဖက်တွေ အိပ်မပျော်ဘူး

ညဖက်တွေမှာ အိပ်ပျော်ဖို့ခဲယဉ်းသလို အိပ်ပျော်သွားပြီဆိုရင်လည်း နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ကြပါဘူး။ အသံကလေးကြားရုံနဲ့ နိုးလာတာမျိုး၊ အိမ်သာသွားချင်သလိုလို ခဏခဏဖြစ်ပြီး နိုးလာတာမျိုး၊ အိပ်မက်တွေမက်နေလို့ အိပ်မောမကျတာမျိုးတွေဖြစ်တတ်ပါတယ်။

စိတ္မရွည္ဘူး

pixabay/Engin_Akyurt

ဘယ်အရာပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် စိတ်လုံးဝမရှည်တတ်ကြပါဘူး။ သူတို့မဲလို့ရတဲ့လူကို ပိုပြီး စိတ်မရှည်ဘဲ အော်ငေါက်တတ်တာမျိုးတွေလုပ်တတ်ပါတယ်။

ဇီဇာကြောင်တယ်

ပင်ပမ်းနေပေမယ့်လည်း သူတို့လုပ်မှ အကောင်း၊ သူတို့လုပ်မှ အမှန်လို့ တွေးထားပြီးတော့ အစားအသောက်ပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်၊ သန့်ရှင်းရေးပဲဖြစ်ဖြစ် သူတို့လုပ်မှ အကောင်းပဲ ထင်တတ်ကြပါတယ်။ ဇီဇာတော်တော်လေးကြောင်နေပြီဆိုရင်တော့ အပေါ်ကအချက်တွေရော သင့်မှာဖြစ်နေပြီလားဆိုတာ တိုက်ကြည့်ပြီး စိတ်ဖိဆီးမှုရှိ၊ မရှိ စစ်ဆေးလိုက်ပါနော်။

penny

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: