Wednesday, October 4, 2023
HomeLifestyleသင့်ရဲ့ Ex ကို သင်လုံးဝမေ့နိုင်ပြီဆိုတာ ဖော်ပြနေတဲ့ အချက်(၅)ချက်

သင့်ရဲ့ Ex ကို သင်လုံးဝမေ့နိုင်ပြီဆိုတာ ဖော်ပြနေတဲ့ အချက်(၅)ချက်

အသည်းကွဲစ၊ လမ်းခွဲစမှာတော့ သူ့ကိုကိုယ် ဘယ်တော့မှ မေ့လို့ရနိုင်မှာမဟုတ်ဘူးလို့ ထင်မိကောင်းထင်မိဖူးမှာပါ။ ဒါပေမယ့် ဒဏ်ရာတိုင်းကို အချိန်ကကုစားသွားတာဖြစ်လို့ သင်ထင်မှတ်မထားတဲ့ အချိန်မှာပဲ သူ့ကိုမေ့လို့ရသွားတာမျိုး ဖြစ်သွားတတ်ပါတယ်။ သင့်ဆီမှာ ဒီအချက်တွေသာ တွေ့နေရပြီဆိုရင်တော့ သင်ဟာ သင့်ရဲ့ ex ကို လုံးဝမေ့နိုင်ပြီဆိုတာ ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

မအိပ်ခင်နဲ့ အိပ်ရာကနိုးတဲ့အချိန်မှာ သူ့ကိုစိတ်ထဲရှိမနေဘူး

young woman waking up with alarm clock
Photo by Miriam Alonso on Pexels.com

တော်တော်များများသော သူတွေက ကိုယ်ချစ်ရတဲ့သူအကြောင်းကို အိပ်ခါနီးအချိန်နဲ့ မနက်စောစော အိပ်ရာကနိုးနိုးချင်းမှာ သတိရတတ်ကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ ex အကြောင်းကို ဒီလိုအချိန်တွေမှာ သတိတရရှိမနေဘူးဆိုရင်တော့ သူ့ကို သင်လုံးဝမေ့နိုင်ပြီဆိုတာပါပဲ။

ခံစားချက်တွေ ပေါ့ပါးသွားပြီ

photo of woman holding her head
Photo by Radu Florin on Pexels.com

အရင်လို သူနဲ့ပတ်သက်လာရင် ခံစားချက်တွေ နင့်နင့်နဲနဲမခံစားရတော့ပဲ သင့်စိတ်ထဲမှာ အရင်လို သူ့အကြောင်းတွေကို အရေးတယူရှိမနေတော့ဘူးဆိုရင်တော့ ဒါဟာ သင်သူ့ကို မေ့နိုင်သလောက် ရှိနေပါပြီ။ သူ့အကြောင်းကြားမိရင်တောင် ဘာမှမဖြစ်သလို ခံစားချက်တွေဟာ ပေါ့ပါးသွားပြီဆိုတာက သူ့ကိုမေ့နိုင်သွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

သူ့အကြောင်းတွေ လိုက်မစုံစမ်းဖြစ်တော့ဘူး

လမ်းခွဲစမှာတော့ ခံစားချက်လက်ကျန်လေးတွေကြောင့် သူဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘယ်သူနဲ့ရှိတယ်ကအစ သိချင်တာမျိုး ဖြစ်တတ်ပါတယ်နော်။ ဒါပေမယ့် အချိန်တစ်ခုမှာ သူ့ရဲ့ facebook wall ထဲကို မသွားဖြစ်တော့ဘူး၊ သူ ဘာများလုပ်နေမလဲဆိုတာ လိုက်မစုံစမ်းဖြစ်တော့ဘူးဆိုရင်တော့ ဒါဟာ သေချာပေါက် သင် သူ့ကို မေ့နိုင်သွားပြီဖြစ်ပါတယ်။

သူ့ဆီ စာတွေမပို့ဖြစ်တော့ဘူး

photo of woman in white tank top and blue denim jeans sitting on bed while using her phone
Photo by Andrea Piacquadio on Pexels.com

ခံစားချက်ဆိုတာ ထိန်းချုပ်ရခက်တဲ့အရာဖြစ်လို့ တစ်ခါတလေမှာ သူ့ဆီ စာပို့လိုက်မိတာ၊ သူ့ဆီဖုန်းဆက်ဖို့ ကြိုးစားတာမျိုးတော့ လုပ်ကောင်းလုပ်မိဖူးမှာပါ။ တကယ်လို့ သူ့ဆီကို စာတွေပို့ဖို့ စိတ်မကူးတော့ဘူး၊ ဖုန်းတွေဆက်နေစရာလည်း မလိုတော့ဘူးလို့ တွေးမိလာပြီဆိုရင်တော့ သင် သူ့ကိုမေ့ပစ်နိုင်သွားလို့ ဖြစ်ပါတယ်နော်။ သူ့ဆီက စာတွေပို့လာရင်တောင် သင်သူ့ကို လျစ်လျူရှုနိုင်သွားရင် သူ့အတွက် သင့်ဆီမှာ နေရာမရှိတော့ဘူးဆိုတာ သေချာသွားပါပြီ။

READ

စိတ်ဓာတ်ကျခြင်းကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့နည်းလမ်း(၅)သွယ်

အသစ်တစ်ယောက်အတွက် အဆင်သင့်ဖြစ်နေပြီ

shutterstock/ gpointstudio

ကိုယ့်ရဲ့ဒဏ်ရာတွေကို အချိန်တစ်ခု ကုစားပြီးသွားတဲ့အချိန်မှာ အချစ်ဆိုတာ နောင်တဖန် မွေးဖွားလာတတ်ပါတယ်။ တစ်စုံတစ်ယောက်ကို စိတ်ဝင်စားနေမိတာ၊ နောက်ထပ် အချစ်ကိုလက်ခံဖို့ အဆင်သင့်ဖြစ်နေတာမျိုးက သင့်ရဲ့ ex ကို လုံးဝမေ့ပစ်နိုင်ပြီဖြစ်ပြီး အချစ်သစ်တစ်ခု စတင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။     G-Stock Studio

Khin

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: