ကောင်မလေးတစ်ယောက် ကိုယ့်ကို တစ်ကယ်ချစ်မချစ် သိနိုင်တဲ့အချက်ကလေးတွေ ရှိပါတယ်။ မခက်ပါဘူး။ သေချာအကဲခတ်ကြည့်ရင် သိနိုင်ပါတယ်။ ကဲ Shwemom ရဲ့ အမျိုးသားပရိသတ်ကြီး အောက်ဖော်ပြပါ အချက်ကလေးတွေနဲ့ သင့်ချစ်သူက ကိုက်ညီနေတယ်ဆိုရင် ငါကွ-လို့ အော်သွားကြပေတော့။
(၁) သူငယ်ချင်းတွေအကြောင်းကို အလုံးစုံသိချင်တဲ့အခါ
ချစ်သူက ကိုယ့်အကြောင်းကို သိရတာနဲ့တင် မတင်းတိမ်ဘူး … သူငယ်ချင်းတွေအကြောင်းလည်း ရတတ်သလောက် သိချင်တယ်ဆိုရင် သူ သင့်ကို တကယ်နှစ်နှစ်ကာကာ ချစ်နေမိတယ်လို့ မှတ်ရပါမယ်။ အကြောင်းကတော့ မိန်းကလေးတော်တော်များများဟာ သူတို့ စိတ်မဝင်စားရင် ဘာကိုမှ အရေးတယူ မလုပ်ကြပါဘူး။
(၂) ဘယ်သွားသွား လိုက်မယ်ဆိုရင်

သင် ဘယ်သွားသွား ခရီးစဉ်တစ်ခု စတင်လိုက်ပြီဆိုတာနဲ့ သင့်ချစ်သူက လိုက်မယ်ဆိုတာချည်းပဲ ဖြစ်နေတယ်ဆိုရင် ဒါလည်း သေချာပါတယ်။ သူဟာ ဒီလို မည်ကာမတ္တခရီးတစ်ခုအတွက်သာ မဟုတ် … ဘဝခရီးတစ်ခုအတွက် သင့်ကို ပုံ
အပ်ပြီး ချစ်တယ်ဆိုတာ။
(၃) အမြဲတမ်းစုံစမ်းလေ့ရှိတယ်
မျက်လုံးတို့သည် ချစ်သူကို ကြည့်ခြင်း၌ ရောင့်ရဲတင်းတိမ်ခြင်း မရှိ-တဲ့။ တကယ်ချစ်ပြီဆိုရင် မျက်လုံးတစ်ခုတည်း မ
ဟုတ်ပါဘူး။ စိတ်ကလည်း သင့်အကြောင်းကို ရသလောက် သိချင်တယ်၊ ဘယ်တော့မှ စုံစမ်းမှု မပြတ်ဘူး။ သင့်ချစ်သူဟာ သင့်သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါတိုင်း သင့်အကြောင်း ကြုံတိုင်းမေးတယ်ဆိုရင် သင်လည်း ငါကွ-လို့ အော်ခွင့် ရှိပါတယ်။
(၄) အမြဲတမ်းယုံကြည်စိတ်ချရတဲ့ ခံစားမှု

ချစ်သူအပေါ်မှာ လူတိုင်း လုံးလုံးလျှားလျှား ယုံကြည်တဲ့ခံစားမှု ဖြစ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါပေမယ့် ရှားတောင့်ရှားခဲ ယုံကြည်မှုကို နှစ်ကိုယ်ကြား ခိုင်ခိုင်မာမာ တည်ဆောက်နိုင်တယ်ဆိုရင်တော့ ဘယ်လိုအခြေအနေနဲ့ပဲ သူ့ကို မျက်ကွယ်ရာမှာ ထားခဲ့ရ ထားခဲ့ရ စိတ်ချရပါတယ်။ မောင်ကလွဲရင် ဖွဲဆန်ကွဲ-ပါဆိုတာမျိုးပေါ့။
(၅) ပျော်ရွှင်မှုမှန်သမျှရဲ့ ဦးစည်းပဲ့ကိုင်ရှင်

သင့်ချစ်သူဟာ နာကျင်မှု ပေးသူ မဟုတ်ဘူး၊ သင့်ချစ်သူဟာ ဝေဒနာတွေ၊ စိတ်မချမ်းသာမှုတွေ၊ မယုံကြည်မှုတွေ ပေးတဲ့သူ မဟုတ်ဘူး၊ သင့်ပျော်ရွှင်မှု မှန်သမျှဟာ သူနဲ့ သက်ဆိုင်မှုရှိတယ်၊ သူ့ဆီကနေ လာတယ်၊ သူက ပျော်ရွှင်မှုတွေအ
တွက် ဦးစည်းပဲ့ကိုင်ရှင် ဖြစ်နေတယ်ဆိုတာ သေချာရင် ငါကွ-လို့ အော်လို့ရပြီ။
နတ်စည်တော် (Shwemom)
source : lovepanky.com