BFF (best friends forever) ဆိုတဲ့ စကားကို လူတိုင်းသုံးဖူးကြမှာပါ။ နင်က ငါ့အတွက် best friend ပါပဲလို့ တစ်စုံတစ်ယောက်ကိုလည်း ပြောဖူးသလို တစ်စုံတစ်ယောက်က ကိုယ့်ကို လာပြောတာကိုလည်း ခံရဖူးမှာပါ။ ကိုယ်နဲ့ခုပေါင်းနေတဲ့ သူငယ်ချင်းက ကိုယ့်အတွက် ထာဝရအကောင်းဆုံးသူငယ်ချင်း bff ဟုတ်၊မဟုတ် သိချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေနဲ့ တိုက်ကြည့်စစ်ဆေးလို့ရပါတယ်။

အမှန်အတိုင်းပျစ်ပျစ်နှစ်နှစ်ဝေဖန်တာ
တကယ့်ကို အရမ်းရင်းနှီးသွားတဲ့ သူငယ်ချင်းတွေဟာ တခြားသူစိမ်းတွေလို ဘယ်တော့မှတစ်ယောက်နဲ့တစ်ယောက် လောကဝတ်ပြုတာ ယဉ်ကျေးတဲ့ စကားလုံးနဲ့ သုံးနှုန်းပြောဆိုတာတွေမရှိတော့ပါဘူး။ ကိုယ်နဲ့ မလိုက်တဲ့ ဝတ်စုံကို ဝတ်ပြီး ဒီဝတ်စုံနဲ့လိုက်ရဲ့လားလို့ တခြားလူတစ်ယောက်ကို မေးရင်တော့ အားနာပါးနာနဲ့ လိုက်ပါတယ်လို့ ပြောကောင်းပြောပေမယ့် BFF ကတော့ မလိုက်ရင် မလိုက်တဲ့အကြောင်းကို သင့်ကို ပျစ်ပျစ်နှစ်နှစ်ဝေဖန် ထောက်ပြတတ်ပါတယ်။
(၂)အတူအပြင်သွားပေမယ့် စကားမပြောကြတာ
တစ်နေရာရာကို အတူသွားကြတာမျိုး၊ခရီးတိုထွက်တာ၊SHOPPING ထွက်တဲ့ အခါမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် ကားပေါ်မှာ စကားမပြောကြတာမျိုးကို ဆိုလိုတာပါ။သူလည်း သူ့အာရုံနဲ့သူလုပ်ချင်တာလုပ်၊ကိုယ်လည်းလုပ်ချင်တာ လုပ်နေတာမျိုးပါ။အဲ့ဒီလို လုပ်နေပေမယ့်လည်း နှစ်ယောက်လုံး အတွက်က ပုံမှန်လိုပဲ စိတ်သက်သောင့်သက်သာရှိနေတယ်၊အေးဆေးပဲ ဆိုရင်လည်း သင်တို့ ဆက်ဆံရေးဟာ best friend ဆက်ဆံရေးလို့ ပြောလို့ရပါတယ်။
(၃)ကိုယ်မုန်းတဲ့သူကို သူကပါလိုက်ကြည့်မရတာမျိုး

ကိုယ်ကဘယ်သူ့ကို အမြင်ကတ်တယ်၊ကြည့်မရဘူးဆိုတာနဲ့ သူကပါလိုက်ပြီး အဲဒီလူကို ကြည့်မရတာမျိုးပါ။
(၄)စကားကို တိုတိုပြတ်ပြတ်ပြောပြီး လက်စသတ်တာ
ဖုန်းထဲမှာ၊အပြင်မှာ၊လိုင်းပေါ်မှာ ဘယ်နေရာမှာပဲ တွေ့တွေ့ စကားကို အဆုံး သတ်တော့မယ်ဆိုရင် ခပ်ပြတ်ပြတ်စကားလုံးမျိုး – ဥပမာ အေးငါပြောချင်တာ ဒါပဲ အဲ့ဒီလိုပြောပြီး လက်စသတ်တာမျိုးပါ။တခြားသူတွေနဲ့ဆိုရင်တော့ စကား စကို စီကာပတ်ကုံး လက်စသတ်ချင်သတ်ပေမယ့် ကိုယ့်ရဲ့ bf နဲ့ဆိုရင်တော့ တိုတိုပဲ ပြောတာမျိုးပါ။
(၅)သူ့မိသားစုက ကိုယ့်မိသားစုလိုဖြစ်နေတာ

သူတို့အိမ်ကို အလည်သွားလိုက်ပြီဆိုတာနဲ့ သူ့မိသားစုကလည်း ကိုယ့်ကို သူတို့အိမ်သားတစ်ယောက်လို ဆက်ဆံတာမျိုးပါ။ ဒီလိုအခြေအနေဆိုရင်တော့ သင်တို့သူငယ်ချင်းကြားက ဆက်ဆံရေးဟာ တကယ့်သူငယ်ချင်းကောင်း ဆက်ဆံရေးအဆင့်ပါ။
(၆)သူ့ရှေ့မှာဆိုရင် လုံးဝမရှက်တာ
တကယ်အရမ်းရင်းနှီးသွားတဲ့ မိတ်ဆွေဆက်ဆံရေးမျိုးမှာဆိုရင် ကိုယ့်ရဲ့ အားနည်းချက်ကို ရဲရဲဝံ့ဝံ့ချပြရဲကြပါတယ်။ သူ့ရှေ့မှာဆိုရင် တော်ရုံတန်ရုံ မရှက်တော့ဘဲ လုပ်ရဲကိုင်ရဲ ရှိတာမျိုးပါ။ ဥပမာ- လေလည်တာ၊ အဝတ်အစားတွေချွတ်တာမျိုးပါ။
(၇)မတွေ့တာကြာလည်း စိမ်းသွားတာမျိုးမရှိ

တကယ့် bff ဆက်ဆံရေးမှာက နှစ်ယောက်သား ဘယ်လောက်ပဲ မတွေ့ဖြစ်တာ ကြာသွားပါစေ သင်တို့ကြားက ဆက်ဆံရေးက လုံးဝပြောင်းလဲမသွားပါဘူး။ မတွေ့တာ ဘယ်လောက်ကြာကြာ၊ ဘယ်အချိန်မှ ပြန်တွေ့ပါစေ အမြဲနွေးထွေးရင်းနှီးနေတာမျိုးပါ။
(၈)sorry စကားမရှိတာ
သင်တို့ကြားမှာ သင်ကပဲဖြစ်ဖြစ် သူကပဲဖြစ်ဖြစ် အမှားလုပ်မိတာမျိုး ရှိနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့ရင် တောင်းပန်စကားဆိုပြီးမှ ပြန်ေြ ပလည်တယ်ဆိုရင်တော့ bff လို့ ပြောလို့ မရပါဘူး။တကယ့်ကို ခင်မင်ပြီး နားလည်မှုအပြည့်ရှိနေတဲ့ ဆက်ဆံရေးက Sorry စကားမလိုပဲ ပြန်ပြေလည် တဲ့ ဆက်ဆံရေးမျိုးပါ။
Ref;teen