Thursday, December 7, 2023
HomeLifestyleငွေယိုပေါက်မရှိအောင် ပိုက်ဆံပိုစုနိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းများ

ငွေယိုပေါက်မရှိအောင် ပိုက်ဆံပိုစုနိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းများ

အကယ်လို့ ပိုက်ဆံသာ လွယ်လွယ်ကူကူစုနိုင်မယ်ဆိုရင် အမေရိကန်နိုင်ငံတစ်နိုင်ငံလုံးက လူတွေဟာ အတော်ကြီး ကြွယ်ဝချမ်းသာနေပါပြီ။ ဒါပေမယ့် သိရသလောက်မှာ အရွယ်ရောက်ပြီးသူ အမေရိကန် (၇၅) ရာခိုင်နှုန်းဟာ တစ်လ တစ်လ အလျင်မီအောင် သုံးစွဲနေရတယ်လို့ သိရပါတယ်။ ပိုက်ဆံကို အလျင်မီအောင် သုံးနေရတာကတော့ အမေရိကန်တွေမှ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ အခြေခံလူတန်းစားတွေလည်း ဒီလိုပဲ ဖြစ်မှာပါ။ တကယ်လို့ ပိုက်ဆံနဲ့ပတ်သက်ပြီး အထိန်းအကွပ်ရှိရှိ ဖြစ်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို လုပ်နိုင်ပါတယ်။

ငွေအသုံးစာရင်းလုပ်ပါ

woman holding a black pen using a black calculator
Photo by Mikhail Nilov on Pexels.com

ကိုယ်ဘယ်နေရာမှာ ဘာသုံးမိလိုက်တယ်ဆိုတဲ့ စာရင်းမရှိတဲ့အခါ ငွေစုဖို့ ခက်သွားပါတယ်။ လစဉ်ကုန်ကျရတဲ့ ပုံသေစရိတ်စကတွေအပြင် ကြွေးဆပ်ရတာတွေ၊ ပစ္စည်းဝယ်ခြမ်းတာတွေ စသဖြင့် ကုန်ကျစရိတ်တွေကို အသေးစိတ်မှတ်ထားသင့်ပါတယ်။ ဒါမှ စာရင်းချုပ်ပြန်ကြည့်တဲ့အခါ ဘယ်အရာက ကိုယ့်အတွက် ငွေယိုပေါက်အများဆုံးဖြစ်နေတယ်ဆိုတာ သဘောပေါက်ပြီး မကုန်သင့်တဲ့ နေရာတွေမှာ မကုန်ရအောင် ချွေတာနိုင်မှာ ဖြစ်ပါတယ်။

လစာတိုးရင် ငွေပိုစုပါ

woman doing accounting from home
Photo by Karolina Grabowska on Pexels.com

သာမန်ဝန်ထမ်းတွေအဖို့ အလုပ်လုပ်နေသရွေ့တော့ လစာတိုး ရာထူးတိုးလာမှာ ပုံမှန်ပါပဲ။ လစာတိုးလို့ ငွေပိုငွေလျှံလေး နည်းနည်း ထွက်လာတဲ့အခါ သုံးလိုက်ဖို့ စိတ်ကူးမယ့်အစား ဘဏ်မှာဖြစ်ဖြစ် စုထားတဲ့ အလေ့အကျင့်လေးကို လုပ်ပေးပါ။ ဒီလို အကျင့်ကောင်းက အချိန်ကြာလာတာနဲ့ အမျှ ငွေပိုစုမိနိုင်တဲ့အပြင် နောင်ရေးအတွက်လည်း စိတ်ချရပါတယ်။

စိတ်ကူးပေါက်သလို မဝယ်ပါနဲ့

တစ်ခါတစ်လေ ဘာရယ်မဟုတ် ဆိုင်တစ်ဆိုင်ထဲ ဝင်ကြည့်ပြီး ပြန်ထွက်လာတဲ့အခါ ဝယ်ဖို့ လုံးဝမရည်ရွယ်ထားတဲ့ ဈေးကြီးတဲ့ ပစ္စည်းမျိုးကို ဝယ်လာမိတတ်ပါတယ်။ ဈေးကြီးမှန်းသိပေမယ့် ဘာစိတ်ကူးပေါ်လာတယ်မသိပဲ ချက်ခြင်းဝယ်မိပြီး နောက်မှ ပြန်နှမြောနေတာတွေပါ။ ဒါကို ရှောင်နိုင်ဖို့ကတော့ ကိုယ့်ကိုကိုယ် စည်းသတ်မှတ်ထားပါ။ နောက်တစ်ခါ ပစ္စည်းတစ်ခုကို အစီအစဉ်မရှိပဲ အရမ်းဝယ်ချင်နေတယ်ဆိုရင် ချက်ခြင်းမဝယ်ပါနဲ့။ (၁) ရက်လောက်တော့ စဉ်းစားလိုက်ပါဦး။ ကိုယ့်အတွက် အမှန်တကယ်ပဲ လိုအပ်ရဲ့လားဆိုတာ။

အိမ်မှာ ချက်စားပါ

woman eating on cooking pan
Photo by Juan Pablo Serrano Arenas on Pexels.com

အပြင်စာတွေ မကြာခဏဆိုသလို ဝယ်စားတာက ငွေကုန်ကြေးကျများပါတယ်။ တစ်ခါတစ်ရံမှ စားတာက ကိစ္စမရှိပေမယ့် ပုံသေဆိုရင်တော့ အဆင်မပြေပါဘူး။ ဒီကြားထဲ အစားကောင်း အသောက်ကောင်းလည်းကြိုက် အိမ်မှာလည်း ချက်မစားချင်ဘူးဆိုရင် တစ်လတစ်လကို အစားအသောက်ဖိုးနဲ့တင် အလျင်မှီအောင်လုပ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ငွေကုန်ကြေးကျလည်း နည်း၊ သန့်သန့်ရှင်းရှင်းလည်း စားလို့ရအောင် အိမ်မှာ စီမံချက်ပြုတ်စားတာက အကောင်းဆုံးပါ။

READ

ရေခြားမြေခြားရောက်နေသူတိုင်း တူညီစွာခံစားရလေ့ရှိတဲ့စိတ်များ

လင်းလင်း (ShweMom)

Ref: wikihow

RELATED ARTICLES
- Advertisment -

Most Popular

%d