Sunday, April 2, 2023
HomeKnowledgeတစ်ဦးတည်းသော သားသမီးများ အဝလွန်နိုင်ခြေပိုများဟု သုတေသနပညာရှင်များဆို

တစ်ဦးတည်းသော သားသမီးများ အဝလွန်နိုင်ခြေပိုများဟု သုတေသနပညာရှင်များဆို

တကယ်လို့ သင်ဟာ တစ်ဦးတည်းသော သားသမီးဖြစ်နေတယ်ဆိုရင် သင်ဟာ ဝနိုင်ခြေပိုများသူတစ်ယောက် ဖြစ်နေပြီလို့ ဆိုရမှာပါ။ ဒီလို အခိုင်အမာသက်သေပြနိုင်ဖို့အတွက် သုတေသနပညာရှင်တွေက ကြိုးစားခဲ့ကြပြီး၊ တစ်ဦးတည်းသော သားသမီးတွေဟာ တစ်ခြား ညီစုံညီမစုံ ကလေးတွေထက် ပိုပြီး အဝလွန်နိုင်ခြေရှိတယ်ဆိုတာကို တွေ့ရှိခဲ့တာပါ။

ဒီလေ့လာတွေ့ရှိမှုကို Journal of Nutrition Education And Behaviour မှာ ဖော်ပြထားတာဖြစ်ပြီး၊ တစ်ဦးတည်းသောသားသမီးတွေဟာ မိသားစုရဲ့ မြင်သာစေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး၊ မကျန်းမာတဲ့ အစားအစာတွေကို ပိုစားတဲ့သဘောကို တွေ့ရှိရတယ်လို့ သိရပါတယ်။

တစ်ဦးသောကလေးပိုင်ဆိုင်ထားတဲ့ မိဘတွေကလည်း သကြားဓာတ်လွန်ကဲတဲ့ အချိုရည်တွေကို စိတ်တိုင်းကျ ခွင့်ပြုကြပါသတဲ့။ ကလေးတစ်ယောက်ထက် ပိုတဲ့ မိသားစုဝင်တွေကျတော့ မိသားစုအစားအစာကိစ္စကို စနစ်တကျ စီစဉ်ကြလေ့ရှိပြီး၊ မကျန်းမာတဲ့ အစားအစာတွေထက် သင့်တင့်တဲ့အစားအစာနဲ့ ကလေးတွေကို ကြီး့ပြင်းလာစေတယ်လို့ ဆိုပါတယ်။

a mother caring for her baby
Photo by RODNAE Productions on Pexels.com

ဒီလို တိကျတဲ့ သုတေသနပြုနိုင်ဖို့ သိပ္ပံပညာရှင်တွေဟာ ကလေး (၆၂)ယောက်ကို လေ့လာခဲ့တာပါ။ အဲဒီကလေးတွေကတော့ အသက်(၅)နှစ်ကနေ (၇)နှစ်အတွင်းဖြစ်ကြပြီး၊ မိသားစုတွေ အဓိကအားထားတဲ့ အစားအစာတွေနဲ့ သူတို့သောက်သုံးတဲ့ သောက်စရာတွေကို စာရင်းပြုစုခဲ့ပါတယ်။ နောက်ပြီး ကလေးတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ဆရာ/မတွေကိုလည်း စစ်တမ်းရယူခဲ့ပါတယ်။

ကလေးတွေ ကျောင်းမှာ ဘယ်လိုအစားအစာတွေ စားသလဲဆိုတာကို ဆရာ/မတွေက သဘောထားမှတ်ချက်တွေ ပေးခဲ့တာပါ။ ဒီလို စနစ်တကျ စမ်းတမ်းပြုလုပ်လိုက်တဲ့အခါ တစ်ဦးတည်းသော သားသမီးတွေဟာ အချိုဓာတ်၊ အဆီဓာတ်လွန်ကဲတဲ့ အစားအစာတွေကို သဘာဝအားဖြင့် ပိုကြိုက်နေကြပြီး၊ သူတို့ဟာ မကြာမီမှာ ဝလာနိုင်ခြေ တစ်ခြားကလေးတွေထက် ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။

နောက်ထပ်တွေ့ရှိချက်ကတော့ ကျောင်းမှာထက်၊ အိမ်မှာ ကလေးတွေက ဝလာနိုင်ခြေရှိတဲ့ အစားအစာတွေကို ပိုစားကြကြောင်း တွေ့ရှိခဲ့ရပြီး၊ ဒီလို အစားအစာတွေကိုလည်း တစ်ဦးတည်းသော သားသမီးတွေက သာမန် ကလေးတွေထက် နှစ်နှစ်ခြိုက်ခြိုက် ပိုစားကြလေ့ရှိတယ်လို့ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

children s team building on green grassland
Photo by Lukas on Pexels.com

University of Oklahoma တက္ကသိုလ်မှ ဦးဆောင်သုတေသနပြုသူ Chelsea Kracht က ကလေးမိဘတွေကော၊ ကလေးတွေကော ဘယ်လိုကျန်းမာတဲ့ အစားအစာတွေကို စားသင့်တယ်၊ ဘယ်လို အစားအစာတွေကိုတော့ မစားသင့်ဘူးဆိုတဲ့ အသိပညာမျိုးကို ငယ်ငယ်ကတည်းက၊ စောစောကတည်းက တိတိကျကျ သိထားရင် ကလေးတွေ အဝလွန်နိုင်ခြေကို လျှော့ချနိုင်မှာဖြစ်ကြောင်း အကြံပေးခဲ့ပါတယ်။

လင်းဇော်ကို

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: