Wednesday, October 4, 2023
HomeLifestyleပါးချိတ်ရောင်ရောဂါနဲ့ ပတ်သတ်ပြီး လူတိုင်းသိထားသင့်တဲ့ ကျန်းမာရေး ဗဟုသုတများ

ပါးချိတ်ရောင်ရောဂါနဲ့ ပတ်သတ်ပြီး လူတိုင်းသိထားသင့်တဲ့ ကျန်းမာရေး ဗဟုသုတများ

ပါးချိတ်ရောင်ရောဂါ(Mumps)ဆိုတာ လူကြီး၊ လူငယ်မရွေး ဖြစ်ပွားတတ်တဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ Mumps ဟာ ကူးစက်ရောဂါတစ်မျိုး ဖြစ်သလို လူတစ်ယောက်ရဲ့ တံတွေး၊ နှာရည်ကနေတစ်ဆင့်လည်း ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးပါ။ Mumps ဖြစ်ပြီဆိုရင် ပါးချိတ်မှာရှိတဲ့ တံတွေးဂလင်းကို အဓိက ထိခိုက်စေတတ်ပါတယ်။ များသောအားဖြင့် Mumps ဖြစ်ပြီဆိုရင် လည်ပင်းအောက်နဲ့ နားအောက်နားက ဖောင်းပြီး ရောင်လာတတ်ပါတယ်။အဲဒီလို အချိန်မျိုးဆိုရင် Mumps ဖြစ်တဲ့ လူဟာ အစာစားတဲ့အခါတိုင်း လည်ပင်းအောက်နားကြီးက နာနေခြင်း၊ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ကိုယ်ခံအားနည်းခြင်း အစရှိတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

a woman having a toothache
Photo by Pavel Danilyuk on Pexels.com

Mumps ဟာ ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးဖြစ်တာကြောင့် ဖြစ်ပွားနေတဲ့ အချိန်တွေမှာဆိုရင် ရောဂါသက်သာပြီး အရောင်ကျစေရန် ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ သေသေချာချာ အနားယူတာမျိုးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ သောက်တာတို့၊ အစာပျော့ပျော့ စားပေးတာတို့၊ ရောင်နေတဲ့နေရာကို ရေခဲအိတ်ကပ်ပေးတာတို့တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ Mumps ဖြစ်နေတဲ့လူတစ်ယောက်ဟာ အိပ်ရေးဝဝအိပ်ပြီး လေကောင်းလေသန့် ရှုမယ်ဆိုရင် တစ်ပတ်၊ဆယ်ရက်အကြာမှ ပုံမှန်အတိုင်း ရောဂါဟာ သက်သာသွားပါလိမ့်မယ်။

woman in gray tank top lying on bed
Photo by Andrea Piacquadio on Pexels.com

ဒီရောဂါနဲ့ ပတ်သတ်ပြီး နောက်ဆက်တွဲဖြစ်တတ်တဲ့ အရာမျိုးတွေကတော့ အမျိုးသားတွေဆိုရင် ဝှေးစေ့ရောင်တက်ပြီး အခန့်မသင့်ရင်တော့ ကလေးမရတော့တဲ့အထိ အမြုံဖြစ်သွားတတ်ပါတယ်။ တစ်ကယ်လို့ ဝှေးစေ့ရောင်တာမျိုးတွေ ဖြစ်လာခဲ့ရင်တော့ ဝှေးစေ့ကို ရေခဲကပ်ပေးတာမျိုးတွေ၊ အကိုက်အခဲပျောက်ဆေးတွေသောက်တာတို့ လုပ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ ဦးနှောက်အမြှေးရောင်ရောဂါအထိဖြစ်ပြီး အခြေအနေဆိုးရင်တော့ အသက်သေဆုံးသွားတဲ့အထိပါ ဖြစ်သွားနိုင်ပါတယ်။ တစ်ကယ်လို့ Mumps ဖြစ်ပြီး တစ်လလောက်အထိ မပျောက်ရင်တော့ နီးစပ်ရာဆေးခန်းသွားပြီး နားလည်တက်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ကုသတာကတော့ အကောင်းဆုံးပါပဲ။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: