အသင့်စား အစားအစာတွေဟာ ကယ်လိုရီပမာဏ၊သကြားဓာတ်နဲ့အဆီဓာတ်တွေ များပြားစွာပါဝင်တဲ့အတွက် အသင့်စားအစားအစာ များကို စားသုံးတဲ့ လူတွေဟာ ကင်ဆာရောဂါ ဖြစ်ပွားစေဖို့ အခွင့်အလမ်းပိုများပါတယ်။အဓိက အားဖြင့် အသင့်စားအစားအစာများကို အလွန်အကျွံစားသုံးခြင်းဟာ အဝလွန်ရောဂါကိုဖြစ်ပွားစေပြီး အဝလွန်ခြင်းဟာ ကင်ဆာရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်း တစ်ရပ် ဖြစ်စေတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။အသင့်စားအစာများကို စားသုံးခြင်းဟာ တစ်နှစ်အတွင်း အင်္ဂလန်နိုင်ငံမှာ ဖြစ်ပွားတဲ့ကျန်းမာရေး ပြဿနာ ၁၈၁၀၀ ကို ဖြစ်ပွားစေပြီး အူမကြီးကင်ဆာ၊ရင်သားကင်ဆာနဲ့ ပန်ကရိယ ကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။

အင်္ဂလန်နိုင်ငံ ကင်ဆာရောဂါဆိုင်ရာ စူးစမ်းလေ့လာရေးအဖွဲ့မှ လေ့လာချက်အရ အင်္ဂလန်နိုင်ငံမှာ တစ်ပါတ်အတွင်းကို အသင့်ပြင်အစားအစာ ၇၉ သန်းနဲ့ အသင့်စားအစားအစာ ၂၂ သန်းရောင်းချရတယ်လို့ သိရပြီး စားသုံးမှုနူန်းက ပိုမို မြင့်တက်လာနေပါတယ်။အင်္ဂလန်နိုင်ငံမှာ ချက်ပြုတ်စားသုံးရတဲ့ အစားအစာများကို စားသုံးကြတဲ့ လူဦးရေထက် အသင့်စားအစားအစာများကို စားသုံးတဲ့လူဦးရေက ၇ ဆ မြင့်မားပြီး အိမ်ထောင်ရှင်များ၊သားသမီးမရှိတဲ့ အိမ်ထောင်သည်များကလည်း တကူးတက မချက်ပြုတ်တော့ဘဲ အသင့်စား အစားအစာများကို သာ စားသုံးလာကြတယ် လို့ဆိုပါတယ်။

အင်္ဂလန်နိုင်ငံ ကင်ဆာရောဂါဆိုင်ရာ စူးစမ်းလေ့လာရေးအဖွဲ့မှ အဲလီဆန် ကော့က ” တွေ့ရှိခဲ့ရတဲ့ အချက်အလက်များအရ အသင့်စားအစာများကို စားသုံးခြင်းက လူများကို ပိုမို ဝလာစေပြီး ကင်ဆာရောဂါ ဖြစ်ပွားနူန်း ပိုမြင့်မားလာတာကိုတွေ့ရှိရပါတယ်။ဒီလုပ်ငန်းတွေကို ကျန်းမာရေးအတွက် ကိုက်ညီလာအောင်အစိုးရ အနေနဲ့ ကြီးကြပ်သင့်ပြီး အသင့်စားအစာတွေအထဲက အဆီနဲ့ သကြား ပမာဏကို လျှော့ချသင့်ပါတယ်။အသင့် စားအစာတွေက ကျန်းမာရေးနဲ့လည်း မသင့်တော်ဘဲ ကယ်လိုရီ ပမာဏ များပြားတဲ့ အစားအစာ တွေ ဖြစ်တဲ့ အတွက်ကြောင့် ကျွန်မတို့ တွေသူငယ်ချင်းတွေကို စားသောက်ဆိုင်ခေါ်သွားပြီး ကျွေးမွေးတာကို သူငယ်ချင်းကို ပြုစုတယ်လို့ ဆက်မပြောသင့်တော့ပါဘူး။ ” လို့ဆိုပါတယ်။
Arkar Hein (Shwemom)
Ref : The Sun