EXO အဖွဲ့ဝင် Suho ဟာ စိတ်ကူးယဉ်နန်းတွင်း အချစ်ဒရာမာဇာတ်လမ်းတွဲ ‘The Crown Prince Has Disappeared’ အတွက် ကမ်းလှမ်းခြင်းခံထားရတာ ဖြစ်ပါတယ်။ MBN ဒရာမာ ‘Bossam: Steal the Fate’ ဇာတ်ညွှန်းရေးဆရာ Kim Ji Soo နဲ့ Park Chul တို့ရေးသားထားတဲ့ ‘The Crown Prince Has Disappeared’ ဟာ အိမ်ရှေ့စံမင်းသားနဲ့ သူ့ရဲ့သတို့သမီးလောင်း မိန်းမပျိုလေးတို့ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး ဂျိုဆွန်းခေတ် ရိုးရာဓလေ့လက်ထပ်ခြင်းကို အဓိကပုံဖော်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Suho က ဂျိုဆွန်းခေတ်အိမ်ရှေ့စံမင်းသား အမျိုးသားဇာတ်ဆောင်နေရာကို အပြုသဘောဆောင်တဲ့ သုံးသပ်မှုတွေဖြင့် စဉ်းစားနေတယ်ဟု သိရပါတယ်။ တကယ်လို့ Suho သာ ဒီဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့မယ်ဆိုရင် ဒါက Suho ပွဲဦးထွက်ပြီးနောက် ပထမဆုံးပါဝင်သရုပ်ဆောင်မဲ့ နန်းတွင်းဇာတ်လမ်းတွဲဖြစ်လာမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Suho ကို JTBC’s ‘Behind Your Touch’ တွင် Kim Seon Woo အဖြစ် တွေ့မြင်ရမှာပါ။
