Facebook ရဲ့ news feed ပွတ်နေရင်းနဲ့ စိတ်ဓာတ်ကျတာမျိုးဖြစ်ဖူးလား ၊ သင့်သူငယ်ချင်းတွေရဲ့ ပျော်နေတဲ့ဓာတ်ပုံတွေ ၊ တခြားသူတွေရဲ့ ဝတ်နိုင်စားနိုင်နေနိုင်ဖြစ်တဲ့ ဘဝတွေကိုကြည့်ပြီး စိတ်ဓာတ်ကျဖူးလား။ တကယ်လို့စိတ်ဓာတ်ကျဖူးတယ်ဆိုရင် သင့်စိတ်ကို Facebook က ဖုံးလွှမ်းနေပါပြီ။ တခြား ဆိုရှယ်မီဒီယာတွေလည်း သုံးစွဲသူတွေရဲ့စိတ်ကို ပျက်စီးစေနိုင်တယ်။ (အထူးသဖြင့် လူငယ်တွေကို)
(၁) Facebook ထဲလူတွေက မျက်နှာဖုံးစွပ်ထားကြတယ်

လူတွေက သူတို့အကြောင်းတွေ ၊ အတွေ့အကြုံတွေကို Facebook ပေါ်မှာ ရှယ်တတ်ကြပေမယ့် သင် သူတို့အကြောင်းတွေကို အကုန်ယုံလို့မရပါဘူး။ အခုခေတ်လူတွေက သူတို့ရဲ့အစစ်အမှန်တွေကို မျက်နှာဖုံးစွပ်ပြီးဖုံးထားတတ်ကြတယ်။ Facebook ပေါ်မှာ ပျော်နေတဲ့ ပုံတွေတင်ထားတိုင်း ၊ အရမ်းချစ်ကြတဲ့ စုံတွဲပုံတင်ထားတိုင်း ၊ မယုံရပါဘူး။ Facebook မှာပျော်နေတိုင်းအပြင်လက်တွေ့နဲ့ တခြားစီဖြစ်နေတဲ့ သူတွေအများကြီးရှိနေလို့ပါ။
(၂) Facebook က သင့်ကိုအထီးကျန်သလိုခံစားစေရတယ်
Facebook ပေါ် အချိန်ပြည့်ရှိနေတာက သင့်အချိန်တွေကိုဖြုန်းပစ်နေပြီး အပြင်သွားချင်စိတ်တွေကနေ တားနေတာပါ။ တကယ်လို့ သင့်က ရှက်တတ်သူဆိုပြီး Facebook ကိုသုံးဖို့ရွေးချယ်ပြီး သင့်အတွေးကို အဲ့မှာ ရှယ်တယ်။ ဒီလိုလုပ်ရင်နဲ့ ကြာလာရင် အပြင်လူတွေနဲ့အဆက်အသွယ်ပြတ်လာပြီ။ သင့်social skill ကလည်း ကျသွားစေနိုင်တယ်။
(၃) Facebook က သင့်ကို မနာလိုဖြစ်အောင်လုပ်နိုင်တယ်

သင့်သူငယ်ချင်းဆီမှာ ရှိတာမျိုး သင့်ဆီမရှိနေနိုင်ဘူး။ Facebook ပေါ်မှာ လူတွေက ပစ္စည်းသစ်တွေ ဝယ်လိုက်တိုင်း ဓာတ်ပုံတွေရိုက်တင်တတ်ကြတယ်။ လူတိုင်းသူတို့ဘာဝယ်ဝယ်တင်ကြတယ်။ ဒီလိုဆို သင့်မနာလိုမှုက သင်ကိုလွှမ်းမိုးလာမှာပါ။ သူတို့ဘဝကို မနာလိုတွေဖြစ်လာစေနိုင်တယ်။ နောက်ဆုံးသင်ပဲ စိတ်ဓာတ်ကျသွားမှာပါ။
(၄) Facebook က သင်ကို စိတ်ဓာတ်ကျစေနိုင်တယ်

အပြင်လက်တွေ့မှာ လှချင်မှ လှမယ် ၊ ဒါပေမယ့် လူတိုင်း Facebook ပေါ်ရောက်ရင် လှသွားတတ်ကြတယ်။ သင်က သူတို့အလှတွေ ၊ ဘဝတွေ ၊ အပေါ်ယံတွေ ကြည့်ပြီး သင့်ကိုယ်သင် အားမလိုအားမရဖြစ်သွားပြီး စိတ်ဓာတ်ကျစေနိုင်ပါတယ်။
(၅) Facebook က သင်ကို negative self-comparison ဖြစ်စေနိုင်တယ်
Facebook က အပေါ်ယံဘဝတွေက သင့်ဘဝကို လွှမ်းမိုးစေပြီး သင်ကို စိတ်ဓာတ်ကျစေနိုင်တယ်။ သင့်ဘဝကို စိတ်ညစ်လာစေတယ်။ ဒီလိုတွေကိုကြည့်ပြီး သင့်ကိုယ်သင် မေးခွန်းတွေမေးလာစေတယ် ၊ နောက်ပြီး သင့်ဘဝကို တခြားသူတွေနဲ့နှိုင်းပြီး စိတ်ဓာတ်တွေကျလာစေနိုင်တယ်။
Hannwe Soe