Thursday, June 1, 2023
HomeLifestyleမကျက်တကျက် အသားတွေကို စားသုံးခြင်းဟာ ဦးနှောက်ကင်ဆာနဲ့ ဆက်စပ်နိုင်

မကျက်တကျက် အသားတွေကို စားသုံးခြင်းဟာ ဦးနှောက်ကင်ဆာနဲ့ ဆက်စပ်နိုင်

American Cancer Society ရဲ့ department of population က သုတေသနပညာရှင်တွေဟာ အသားစိမ်းသို့မဟုတ် မကျက်တကျက်အသားတွေ၊ ရေဆိုးတွေထဲပါဝင်နေတဲ့ ကပ်ပါးကောင် Toxoplasma gondii နဲ့ ဦးနှောက်အကြိတ်အချို့တို့ဆက်စပ်နေပုံကို ရှာဖွေခဲ့ကြပါတယ်။ သုတေသနပညာရှင်တွေဟာ အမေရိကန်နိုင်ငံက လူ၁၁၁ယောက်နဲ့ နော်ဝေက လူ ၆၄၆ ယောက်ကို စမ်းသပ်စစ်ဆေးခဲ့တာပါ။

ရလဒ်တွေမှာတော့ T.gondii တွေကြောင့် ဦးနှောက်ကို အန ္တရာယ်ပေးနိုင်တဲ့ ကင်ဆာအကြိတ်ပုံစံ glioma တွေဖြစ်နိုင်ခြေအမြင့်ဆုံးဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။  လေ့လာချက်အရ ကမ္ဘာ့လူဦးရေရဲ့ ၂၀ရာခိုင်နှုန်းကနေ ၅၀ရာခိုင်နှုန်းမှာ T.gondii ကပ်ပါးကောင်တွေရှိကြောင်း သိရပါတယ်။ ကမ္ဘာ့လူဦးရေထက်ဝက်လောက်မှာ T.gondii တွေရှိပေမယ့် သေစေနိုင်လောက်တဲ့အထိ ဦးနှောက်ပြည်တည်နာဖြစ်တာမျိုးတော့ ရှားပါးပါတယ်။

grilled meats on skewers
Photo by samer daboul on Pexels.com

လူအများစုကတော့ သမရိုးကျကပ်ပါးကောင်တွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ T.gondii တွေဟာ ဦးနှောက်တွင်းပြည်တည်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်ရောင်ခြင်းကနေ gliomas အကြိတ်တွေဖြစ်တတ်ပါတယ်။ T.gondii ကပ်ပါးကောင်တွေနဲ့ glioma အကြိတ်တွေကြားက ဆက်နွယ်မှုဟာ မြင့်တက်လာတဲ့အတွက် ပညာရှင်တွေက ဦးနှောက်တွင်းအကြိတ်တွေကို သတိထားဖို့တိုက်တွန်းထားခဲ့တာပါ။

asparagus barbecue cuisine delicious
Photo by Pixabay on Pexels.com

ရှားပါးရောဂါအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ National Organization for Rare Disorders ကတော့ နှစ်စဉ်နှစ်တိုင်း လူတစ်သိန်းမှာ ၆.၆ ယောက်ဟာ ဦးနှောက်တွင်း ကင်ဆာကြိတ်တွေဖြစ်ပွားနေတယ်လို့ သိရှိရပါတယ်။ အဖြစ်အများဆုံး glioma အကြိတ်ပုံစံဟာ glioblastoma ဖြစ်ပြီး အမေရိကန်လွှတ်တော်အမတ် John McCain ရရှိခဲ့တဲ့ ရောဂါမျိုးဖြစ်ကာ  ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေဟာ ၅%ရာခိုင်နှုန်းပဲရှိကြောင်းလည်း သိရပါတယ်။

ShweMom

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: