
နှုတ်ခမ်းသားမည်းတာတွေဟာ အမျိုးသားတွေမှာသာမက အမျိုးသမီးတွေမှာပါ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ နှုတ်ခမ်းသားမည်းရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုဆိုပေမယ့် ဓါတုပစ္စည်းတွေနဲ့ တခြားလူနေမှုစတိုင် အစရှိတာတွေကြောင့်လည်း နှုတ်ခမ်းမည်းတာတွေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေကိုသုံးပြီး ပန်းရောင်သန်းပြီး ချောမွတ်တဲ့နှုတ်ခမ်းလှလှလေးကို ပိုင်ဆိုင်နိုင်ပါတယ်နော်။
(၁)သံပရိုသီး

ရှောက်သီး(သို့)သံပရိုသီးကို အရည်ညှစ်ပြီး အဲဒီအရည်ကို အိပ်ရာမဝင်မီ နှုတ်ခမ်းမှာ လိမ်းပေးပါ။ ဒီနည်းကို တစ်လ၊နှစ်လလောက်လုပ်ပေးပါ။ နောက်နည်းတစ်မျိုးကတော့ ပါးပါးလှီးထားတဲ့ သံပရိုသီးခြမ်းပေါ်မှာ သကြားဖြူးပြီး နှုတ်ခမ်းကို ပွတ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ဆဲလ်သေတွေကို ဖယ်ရှားပေးကာ၊နောက်ထပ် ဆဲလ်သစ်၊အရေပြားသစ်ပြန်လည်ဖြစ်ပေါ်နိုင်ပါတယ်။ ဒီနည်းကိုတော့ သီတင်းပတ်အနည်းငယ်ကြာအောင် လုပ်ပေးရမှာဖြစ်ပါတယ်။
(၂)သံလွင်ဆီ
သံလွင်ဆီ အစက်အနည်းငယ်ကို နှုတ်ခမ်းသားပေါ်မှာချပေးပြီး နှုတ်ခမ်း ကို ညင်ညင်သာသာ နှိပ်နယ်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းကို ညမအိပ်ခင်နေ့တိုင်း လုပ်ပေးရမှာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ သကြားလက်ဖက်ရည်ဇွန်းဝက်နဲ့သံလွင်ဆီအစက်အနည်းငယ်ကို ရောပြီးမွှေကာ နှုတ်ခမ်းကို လိမ်းပေးရမှာဖြစ်ပါတယ်။ ဒီနည်းကိုတော့ တစ်ပတ်မှာ တစ်ကြိမ်လောက် လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်လ၊နှစ်လအတွင်းမှာပဲ တောက်ပတဲ့နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
(၃) သကြား
သကြားလက်ဖက်ရည်ဇွန်း(၃)ဇွန်းနဲ့ ထောပတ်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ရောပြီးပျစ်အောင်နယ်ပါ။ ပြီးရင်တော့ နှုတ်ခမ်းမှာလိမ်းပေးရမှာဖြစ်ပါတယ်။ ဒီနည်းကိုတော့ တစ်ပတ်မှာ တစ်ကြိမ်လောက် ပြုလုပ်ပေးရမှာပါ။
(၄)သခွားသီး

သခွားသီးကို ပါးပါးလှီးပြီး နှုတ်ခမ်းကို ပွတ်ပေးရမှာဖြစ်ပါတယ်။ တစ်နေ့မှာ ငါးမိနစ်လောက် လုပ်ပေးခြင်းအားဖြင့် နှုတ်ခမ်းလှလှလေးတစ်စုံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
- – ပျားရည်
ပျားရည်ကို ညအိပ်ရာမဝင်ခင် နှုတ်ခမ်းကိုလိမ်းပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချပေးရမှာပါ။ နေ့တိုင်းလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ပျားရည် လက်ဖက်ရည်ဇွန်းဝက်၊ ဒိန်ချဉ်ဇွန်းဝက်နဲ့ ပဲမှုန့်တို့ကိုရောပြီး ပျစ်အောင်နယ်ပေးပါ။ ပြီးရင်တော့ နှုတ်ခမ်းမှာ နာရီဝက်လောက်လိမ်းပေးထားပြီး ရေနွေးနဲ့ ပြန်ဆေးချပါ။ နေ့တိုင်းပြုလုပ်ပေးရင်တော့ သဘာဝပန်းရောင်နှုတ်ခမ်းလှလှလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Ref;viral4real