Wednesday, October 4, 2023
HomeKnowledgeအရိုးပါးရောဂါမဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်း(၄) သွယ်

အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်း(၄) သွယ်

အရိုးပါးရောဂါဟာ မကြာခဏအချိန်နှောင်းမှသိရတဲ့ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပါတယ်။ အရိုးသိပ်သည်းဆနည်းလာပြီး အရိုးတစ်ရှုးတွေယိုယွင်းခြင်းဟာ အရိုးပါးရောဂါမှာတွေ့ရများတဲ့ လက္ခဏာပါ။ ဒါကြောင့် အရိုးကျန်းမာရေးကို ဂရုစိုက်သူတွေနဲ့ အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ချင်သူတွေအတွက် piedmont သတင်းစာမျက်နှာတဆင့် ကာကွယ်ရေးနည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁. ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီကိုမှီဝဲပါ။ ကယ်လ်ဆီယမ်ဟာ အရိုးတည်ဆောက်မှုနဲ့ အရိုးကြံ့ခိုင်မှုရှိဖို့အတွက် အရေးပါပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ရဖို့အတွက် ကယ်လ်ဆီယမ်ကြွယ်ဝတဲ့အစားအသောက်တွေကို စားသောက်တဲ့နည်းလမ်းဟာ အကောင်းဆုံးဖြစ်ပေမယ့် ဖြည့်စွက်စာတွေမှီဝဲပြီးတော့လည်း ဒါကို ရနိုင်ပါတယ်။ ဗီတာမင်ဒီကတော့ အရိုးကာကွယ်ရေးအတွက် အရေးကြီးပါတယ်။ ဗီတာမင်ဒီကိုတော့ နေရောင်ခြည်အပြင် ဗီတာမင်ဒီဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေ၊ ဖြည့်စွက်စာတွေကနေ ရနိုင်ပါတယ်။

woman wrapping man s leg with bandage
Photo by Andrea Piacquadio on Pexels.com


၃. အရိုးအတွက် သင့်တော်တဲ့အစားအသောက်တွေကိုစားပေးပါ။ နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရင့်ရောင် အရွက်စိမ်းတွေ၊ သစ်သီးဖျော်ရည်တွေနဲ့ ကောက်နှံတွေဟာ ကယ်လ်ဆီယမ်ဓာတ်အကြွယ်ဝဆုံး အစားအသောက်တွေဖြစ်ပါတယ်။ အဆီများတဲ့ ဆော်လမွန်ငါး၊ တူနာနဲ့ ဆာဒင်းငါးတွေမှာလည်း ဗီတာမင်ဒီဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကန်စွန်းဥ၊ ခရမ်းချဉ်သီးထွက်ကုန်တွေနဲ့ ကညွတ်တို့မှာတော့ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။

photo of woman drinking milk
Photo by Engin Akyurt on Pexels.com

၄. အရိုးကျန်းမာရေးကို ဂရုစိုက်သူဆိုရင်တော့ ဆေးလိပ်နဲ့ အရက်ကို အလွန်အကျွံမသောက်သုံးသင့်ပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ အရိုးပါးရောဂါဖြစ်နိုင်ခြေ အလားအလာများစွာရှိပါတယ်။ လေ့လာချက်တွေအရ ဆေးရွက်ကြီးနဲ့ အရိုးထုထည်လျော့နည်းလာမှုက ဆက်စပ်နေတာကို တွေ့ရပါတယ်။ အရက်သောက်ပါများရင်လည်း အရိုးအားနည်းလာပါတယ်။ ဒါကြောင့် အထက်ပါအချက်တွေကိုဂရုပြုခြင်းဖြင့် အရိုးကျန်းမာရေးကိုစောင့်ရှောက်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်။

ShweMom

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: