Wednesday, October 4, 2023
HomeLifestyleLong Distance Relationship တွေ ဘယ်လိုအခြေအနေမှာ အဆုံးသတ်လေ့ ရှိကြလဲ?

Long Distance Relationship တွေ ဘယ်လိုအခြေအနေမှာ အဆုံးသတ်လေ့ ရှိကြလဲ?

pixabay/pexels

LDRS(Long Distance Relationship) တစ်ခုကို ပိုင်ဆိုင်ထားရတဲ့ ချစ်သူစုံတွဲတော်တော်များများဟာ ရေရှည်မှာ လက်တွဲဖို့ တော်တော်လေး ခက်ခဲလွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်အနေဝေးနေတာတွေ၊ အမြဲတမ်းထိတွေ့ဆက်ဆံမှုမရှိတော့ သွေးအေးသွားကြတာတွေ၊ တစ်ယောက်နဲပတစ်ယောက် အချိန်မပေးနိုင်တာတွေ အစရှိတာတွေကြောင့် အချိန်တစ်ခုရောက်ရင် ပြတ်စဲသွားကြတာ များပါတယ်။ ဒါပေမယ့်လည်း LDRS အချစ်နဲ့ အချိန်တော်တော်ကြာချစ်လာပြီး လက်ထပ်တဲ့အထိ ဖြစ်သွားကြတဲ့ စုံတွဲတွေလည်း ရှိပါတယ်။ အဲဒီလို စုံတွဲတွေကတော့ တော်တော်လေးကို အားကျရဖို့ကောင်းတဲ့ စုံတွဲတွေပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တာကတော့ ဘယ်လိုပုံစံ၊ ဘယ်လို အခြေအနေမျိုးတွေဟာ LDRS တစ်ခုမှာ ဖြစ်နေပြီဆိုရင် လမ်းခွဲပြီး Relationship ကို ရပ်သင့်လိုက်ပြီလဲဆိုတာပါပဲ။

၁။ ဘဝရှေ့ရေးတွေ၊ အနာဂတ်ကိစ္စတွေကို သူနဲ့ဆက်ပြီး မတိုင်ပင်တော့တဲ့ အချိန်မျိုးတွေ

၂။ Video call ပြောဖို့ တစ်ဖက်ချစ်သူကပြောတိုင်း ဘယ်တော့မှ သူ့မျက်နှာကို မမြင်ချင်တဲ့ အချိန်မျိုးတွေ

၃။ Online တက်ပြီး သူနဲ့ chat တိုင်း ပျင်းနေတယ်လို့ ခံစားနေရတဲ့ အချိန်မျိုးတွေ

၄။ သူရှိတဲ့ နေရာကို လိုက်သွားချင်တဲ့စိတ် တဖြည်းဖြည်းနည်းလာတဲ့ အချိန်မျိုးတွေ

၅။ လေယာဉ်လက်မှတ်ဝယ်ဖို့ စုထားတဲ့ ပိုက်ဆံကို တစ်ခြားနေရာမှာ သုံးပစ်ချင်နေတဲ့ ခံစားချက်မျိုးတွေ

pixabay/Engin_Akyurt

၆။ သူအဆင်ပြေပြီး ပျော်နေတာတွေ့တိုင်း ကိုယ့်စိတ်ထဲမှာ မနာလိုတဲ့စိတ်တွေ ဝင်နေတဲ့ အချိန်မျိုးတွေ

၇။ နှစ်ယောက်ကြားမှာ ပြသနာတက်တိုင်း အရာရာကို လိုက်ရှင်းမပြပဲ စိတ်ကုန်နေတဲ့ အချိန်မျိုးတွေ

၈။ ကိုယ့်အနားမှာရှိတဲ့ အခြားဆန့်ကျင်ဖက်လိင်တွေနဲ့ သာယာတဲ့ ခံစားချက်ဝင်နေတဲ့ အချိန်မျိုးတွေ

၉။ သူ Online ပေါ်မှာရှိလို့ Video call ပြောတိုင်း ကိုယ့်ဖက်က တစ်ဖက်သတ် ဖုန်းချချင်တဲ့ အချိန်မျိုးတွေ

၁၀။ သူ့အတွက် Surprise ဖြစ်စေမယ့်အရာတွေကို လုံးဝလုပ်ပေးချင်စိတ် မရှိတော့တဲ့ အချိန်မျိုးတွေ

၁၁။ သူမသိအောင် တစ်ခြားတစ်ယောက်နဲ့ ဖောက်ပြန်မိတဲ့ အချိန်မျိုးတွေ

pixabay/dmytro_R

အပေါ်မှာ ဖော်ပြတဲ့ အခြေအနေတွေ သင့်ဆီမှာ ရှိနေပြီဆိုရင်တော့ တစ်ဖက် ချစ်သူကို အမြန်ဆုံးဖြတ်ပြီး သင်တို့နှစ်ယောက်ကြားထဲက LDRS ကို အဆုံးသတ်လိုက်တာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ တစ်ဖက်လူအတွက် အဆင်မပြေတဲ့ ကိစ္စမျိုးတွေ ဖြစ်လာစေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: