လူတစ်ယောက်နဲ့တစ်ယောက် မထင်မှတ်ဘဲ တစ်နေရာရာမှာဆုံတွေ့၊ ပြီးတော့ ရည်းစားစကားပြော၊ နှစ်ယောက်ချစ်ကြိုက်ကြ အစရှိတဲ့ circle ကြီးထဲမှာ လူတော်တော်များများ လည်နေကြပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာအကောင့်တွေကနေတစ်ဆင့် ကိုယ်ကြိုက်တဲ့သူနဲ့ ပတ်သက်တဲ့ အရာတွေအားလုံးကို စုံစမ်းပြီး ဒီလူနဲ့ပဲ Online ကနေ ရင်းနှီးသွားအောင်လုပ်ပြီး အချိန်တစ်ခုရောက်သွားရင် ရင်းနှီးမှုကို ဗန်းပြပြီး ရည်းစားစကားတွေ ပြောတာမျိုးလည်း ရှိပြန်ပါသေးတယ်။ ဒါပေမယ့် ဒီနည်းလမ်းကလည်း ရိုးပါတယ်။ ဒါပေမယ့် တစ်ဖက်က ကိုယ်နဲ့ Date မယ့်လူက ပြင်ပလောကမှာ ကိုယ်လုံးဝမတွေ့ဖူးသေးတဲ့ လူတစ်ယောက်ဆိုရင်ရော… သင့်စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ။ Dating App တွေထဲကနေ ကိုယ့်စိတ်ကြိုက်ရွေးပြီး အပြင်မှာ Date ကြည့်မယ်ဆိုရင်တော့ ဘယ်သူမဆို အနည်းနဲ့ အများ ရင်ခုန်ကြမှာ အမှန်ပါပဲ။ ဒါ့ကြောင့် ဒီနေ့မှာတော့ ဘာကြောင့် Dating App တွေကို အသုံးပြုသင့်သလဲဆိုတဲ့ အကြောင်းအရင်း ၅ ခုကို ပြောပြပေးချင်ပါတယ်။

၁။ ကိုယ့်မှာ ရွေးချယ်စရာလူ အများကြီးရှိပါတယ်
Dating App တစ်ခုကို သုံးမယ်ဆိုရင်တော့ သင့်မှာ ရွေးချယ်စရာလူတွေ အများကြီး ရှိပါတယ်။ အဲဒီလူတွေထဲကပဲ ကိုယ့်စိတ်ကြိုက်ရွေးပြီး ပြင်ပမှာ ချိန်းတွေ့နိုင်ပါတယ်။ တစ်ခုရှိတာကတော့ အဲဒီလို ချိန်းတွေ့မယ်ဆိုရင် အမှန်တကယ် စိတ်ချရတဲ့ Dating App တစ်ခု ဖြစ်ဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့လူတွေဟာ Fake profile တွေနဲ့ သုံးနေတဲ့ လူတွေလည်း ရှိလို့ပါ။
၂။ ကိုယ်နဲ့ အကြိုက်တူမတူဆိုတာ အလွယ်တကူ သိရှိနိုင်ပါတယ်
Dating App သုံးတဲ့လူတော်တော်များများရဲ့ profile မှာ သူတို့ကြိုက်တဲ့ အရာတွေ၊ မကြိုက်တဲ့အရာတွေကို post အဖြစ် တင်ထားတာကို Dating App သုံးတဲ့လူတော်တော်များများ သိကြမှာပါ။ ဒါ့ကြောင့် လူတစ်ယောက်နဲ့ မသိသေးခင်အချိန်မှာတောင် သူတို့ရဲ့ အကြိုက်က ကိုယ်နဲ့ ထပ်တူကျမကျဆိုတာ အလွယ်တကူ သိရှိနိုင်ပါတယ်။

၃။ ခံစားမှုအသစ်တစ်ခု ဖြစ်စေပါတယ်
သာမန် ချစ်ကြိုက်ကွဲညားဆိုတဲ့ circle ကြီးကနေ လွတ်ထွက်သွားပြီး ကိုယ်ကြိုက်တဲ့ လူတွေနဲ့ စကားပြောနိုင်ပါတယ်။ တစ်ဖက်ကလည်း ကိုယ်နဲ့ မသိတဲ့လူတစ်ယောက်ဆိုတော့ ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေ စိတ်ကြိုက်ပြောလို့ရသလို ကိုယ်ယုံကြည်ရတဲ့ အနေအထားတစ်ခုရောက်ပြီဆိုရင်လည်း အပြင်မှာ Date တဲ့ ခံစားမှုအသစ်တစ်မျိုးကို ရရှိစေနိုင်ပါတယ်။
၄။ မတူညီတဲ့ လူတွေနဲ့ ပေါင်းသင်းသိကျွမ်းခွင့် ရရှိနိုင်ပါတယ်
ဖုန်းလေးတစ်လုံး အိမ်မှာထိုင်ပြီး ပွတ်ကာ Dating App သုံးနေရင်းနဲ့ မတူညီတဲ့ လူတွေရဲ့ အကြောင်းတွေ၊ သူတို့ရဲ့ ပုံစံတွေကို ကိုယ်သာသေချာကြည့်တတ်ရင် မြင်နိုင်ပါတယ်။ အဲဒီလိုလူမျိုးတွေထဲကမှ ဘယ်သူက ကိုယ်နဲ့ အဆင်ပြေမပြေဆိုတာ ကိုယ့်စိတ်ကြိုက်ရွေးပြီး Date ရတာဖြစ်တဲ့အတွက် ဗလာမပါ ကံစမ်းမဲနှိုက်ရတဲ့ ခံစားချက်မျိုးပါပဲ။

၅။ လွတ်လပ်မှု အပြည့်ရှိပါတယ်
Dating App မှာ ကိုယ်မကြိုက်လို့ စကားဆက်မပြောချင်ရင် Block လိုက်တာပဲဖြစ်ဖြစ်၊ ကိုယ့် chat list ထဲက ထုတ်လိုက်တာပဲဖြစ်ဖြစ်၊ ကိုယ့်စိတ်ကြိုက်လုပ်လို့ ရပါတယ်။ ဘယ်သူ့မျက်နှာမှလည်း ကြည့်စရာမလိုသလို ဘယ်သူ့ကိုမှလည်း အားနာနေဖို့မလိုတဲ့ ခံစားချက်မျိုးပါ။
By Pyi Hein Kyaw