လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရောစိတ်ကျန်းမာရေးအတွက်ပါ လုံးဝအထောက်အကူပြုပြီး ကောင်းကျိုးပေးနိုင်တယ်ဆိုတာ လူတိုင်း သိပြီးထားကြမှာပါ။ ဒါပေမဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကိုတော့ သင့်ရဲ့ငွေကြေးပမာဏထက် လေ့ကျင့်ခန်းလုပ်ခြင်းဟာ ပိုပြီး အင်တိုက်အားတိုက်ပေးနေတယ်ဆိုတာ သင်သိပ်သလား။
ဒီအချက်နဲ့ပတ်သက်ပြီး ကမ္ဘာကျော်ထိပ်တန်း Yale နဲ့ Oxford တက္ကသိုလ်တို့မှ သုတေသီများက အချိန်အတော်ယူကာ လေ့လာစမ်းသပ်မှုတွေ လုပ်ခဲ့ကြပါတယ်။

The Lancent ဆိုတဲ့ စာစောင်မှာတော့ ငွေကြေးထက် ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ခြင်းဟာ လူတစ်ယောက်ကို ပိုပျော်ရွှင်စေတေယ်ဆိုတဲ့ ဆောင်းပါးတစ်ခု ပါပါတယ်။ ဆောင်းပါးပါအချက်အရ သူတေသီတွေဟာ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေကို ယှဉ်ကြည့်ဖို့အတွက် အမေရိကန်လူပေါင်း ၁.၂ သိန်းကို လေ့လာခဲ့တယ်လို့ သိရပါတယ်။
သုတေသနမှာ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေအပြင် စိတ်ပိုင်းဆိုင်ရာမေးခွန်းတချို့ဖြစ်တဲ့ “ပြီးခဲ့တဲ့ ရက်ပေါင်း ၃၀ အတွင်း စိတ်ဖိဆီးမှုတို့၊ စိတ်ဓာတ်ကျတာတို့ ဒါမှမဟုတ် စိတ်အပြောင်းအလဲမြန်တာ၊ စိတ်ထဲမကြည်တာတွေ ဘယ်နခေါက်လောက်ပျမ်းမျှဖြစ်ခဲ့လဲ” ဆိုတဲ့ မေးခွန်းမျိုးတွေကိုပါ မေးခဲ့ကြပါတယ်။ ဒီအပြင် တစ်လစာဝင်ငွေနဲ့ ကိုယ်လက်လှုပ်ရှားမ့ရှိမရှိကိုလည်းမေးကာ စစ်တမ်းကောက်ခဲ့ကြပါတယ်။

အချိုးချကာရာခိုင်နှုန်းတွက်ကြည့်လိုက်တဲ့အချိန်မှာတော့ ကိုယ်လက်လှုပ်ရှားမှုရှိသူများဟာ ကိုယ်လက်လှုပ်ရှားမှုမရှိသူတွေထက် ဝင်ငွေပိုနည်းနေခဲ့ရင်တောင်မှပဲ ပျော်ရွှင်မှုကိုပိုခံစားနေကြရတယ်ဆိုတဲ့ အချက်ကို သွားတွေ့ခဲ့ပါတယ်။ တစ်နှစ်အတွင်း ကိုယ်လက်လှုပ်ရှားမှုရှိသူတွေဟာ ၃၅ ရက်သာပျမ်းမျှအနေနဲ့ စိတ်အခြေအနေဆိုးရွားတာကို ခံစားကြရပြီး လှုပ်ရှားမှုပုံမှန်မရှိသူတွေအတွက်ကတော့ ၁၈ ရက် ပိုပြီး ခံစားရပါတယ်တဲ့။ ကိုယ်လက်လှုပ်ရှားမှုဆိုတဲ့အထဲ အလေးမတာ၊ စက်ဘီးစီးတာ၊ gym ဆော့တာ၊ ပြေးတာ စတဲ့အားကစားတွေအပြင် ခြံထဲဆင်းမြက်ရိတ်တာ၊ ကလေးထိန်းတာနဲ့ အိမ်မှုကိစ္စလုပ်တာတွေပါ ပါဝင်နေပါတယ်။
Source: Business Insider
Penny