Wednesday, April 24, 2024
HomeKnowledgeပြဿနာကို ထိပ်တိုက်ရင်ဆိုင်တွေ့ရမှာ အရမ်းမုန်းကြတဲ့ ရာသီခွင် (၅) ခု

ပြဿနာကို ထိပ်တိုက်ရင်ဆိုင်တွေ့ရမှာ အရမ်းမုန်းကြတဲ့ ရာသီခွင် (၅) ခု

နက္ခတ္တဗေဒမှာ ခက်ခဲတဲ့အခြေအနေတွေ ပြဿနာတွေကိုရင်ဆိုင်ရမှာ မုန်းတီးတဲ့ ရာသီခွင် ၅ ခုရှိပါတယ်။ သူတို့ဟာ တစ်စုံတစ်ယောက်နဲ့ အချင်းမများရဖို့အရေး ပြဿနာတွေကို အမြဲလိုလိုရှောင်တိမ်းလေ့ရှိသူတွေပါ။ အခုအခါမှာတော့ အခက်အခဲတွေတွေ့လာတဲ့အခါ ထိပ်တိုက်ရင်ဆိုင်ရမှာ မုန်းတဲ့ရာသီခွင် ၅ ခုကိုဖော်ပြပေးလိုက်ပါတယ်။

portrait photo of woman in red top wearing black framed eyeglasses holding out her hand in stop gesture
Photo by Andrea Piacquadio on Pexels.com

Libra (September 23 – October 22)

Libra တွေဟာ ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ရမှာမကြိုက်ကြပါဘူး။ ဘယ်လို အခြေအနေမျိုးဖြစ်ပါစေ၊ ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင် ရှောင်ကြပါတယ်။ ခေါင်းဆောင်ကောင်းတွေဖြစ်ပေမယ့် တစ်ခါတလေ ခွတီးခွတိုက်အခြေအနေတွေကိုတော့ မကိုင်တွယ်နိုင်ပါဘူး။

Cancer (June 21 – July 22)

စိတ်ခံစားမှုများပြီး ခံစားမှုပြင်းထန်တဲ့သူတွေဖြစ်တဲ့အလျောက် ဘယ်လိုပဋိပက္ခမျိုးကိုမဆို ရှောင်ဖို့ကြိုးစားကြပါတယ်။ အခက်အခဲတွေနဲ့တွေ့တဲ့အခါ ထိခိုက်ပျက်စီးလွယ်ပြီး အခြေအနေကို သေချာမကိုင်တွယ်နိုင်ပါဘူး။ စိတ်ညစ်ရမှာစိုးတာကြောင့် မကောင်းတဲ့အခြေအနေမျိုးနဲ့မတွေ့အောင် ရှောင်ကြလေ့ရှိပါတယ်။

Virgo (August 23 – September 22)

သူတို့တွေကတော့ ပဋိပက္ခထဲဝင်တာထက်စာရင် ပြဿနာရဲ့အဖြေကို ရှာဖို့ကြိုးစားကြပါတယ်။ စိတ်ရှည်ပြီး လက်တွေ့ကျသူတွေဖြစ်တဲ့အတွက် သူတစ်ပါးနဲ့ထိပ်တိုက်ရင်ဆိုင်မယ့်အစား ပြဿနာကို ယုတ္တိနည်းကျကျဖြေရှင်းဖို့ ကြိုးစားတတ်သူတွေ ဖြစ်ပါတယ်။

photo of a man sitting near the windoww
Photo by Andrea Piacquadio on Pexels.com

Pisces  (February 19 – March 20)

စိတ်ကူးယဉ်ကမ္ဘာထဲမှာနေထိုင်ရတာ နှစ်သက်သူတွေဖြစ်ပြီး ဘယ်လို ထိပ်တိုက်ရင်ဆိုင်မှုမျိုးမဆို အားလုံးရှောင်တတ်ပါတယ်။ အခက်အခဲနဲ့တွေ့တဲ့အခါ အခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲ နားမလည်ဘဲ ကူကယ်ရာမဲ့သူတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ပြဿနာတွေ့လို့စိတ်ညစ်ရင်တောင် တိတ်တိတ်ပဲနေလေ့ရှိပါတယ်။

Sagittarius (November 23 – December 21)

ပြဿနာကို ထိပ်တိုက်ရင်ဆိုင်တွေ့တာထက် သည်းခံလိုက်ပါတယ်။ လူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရတာ သူတို့အတွက် စိတ်ရှုပ်စရာပါ။ Sagi တွေရဲ့စိတ်ဟာ လွတ်လပ်ပါတယ်။ ဘဝကိုပျော်ပျော်နေ ခရီးသွားပြီး လေ့လာစူးစမ်းချင်ကြသူတွေပါ။ ဒါကြောင့် စိတ်ဖိအားများတဲ့အခြေအနေတွေဆိုတာ သူတို့ကိုင်တွယ်ဖို့အတွက် ခက်ခဲလွန်းပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading