နက္ခတ်ဗေဒင်ပညာရပ်မှာ အလုပ်ကြိုးကြိုးစားစားလုပ်ပြီး ငွေအတွက် အမြဲတမ်း လောဘရှိကြတဲ့ ရာသီခွင် ၄ ခုရှိပါတယ်။ ဒီရာသီခွင်တွေမှာမွေးဖွားသူတွေဟာ ငွေကို မလိုအပ်ဘဲ ဘယ်တော့မှမသုံးကြသလို လက်ထဲမှာရှိတဲ့ငွေကို ဘယ်လိုပွားအောင်လုပ်မလဲဆိုတာ သိကြသူတွေပါ။ သူတို့ကို ဘေးလူတွေက ရံဖန်ရံခါ အလုပ်စွဲလမ်းနေသူတွေလို့တောင် သတ်မှတ်ကြပါတယ်။ အကြောင်းရင်းကတော့ သူတို့ဟာ သူတို့ရှာထားတဲ့ငွေကိုတန်ဖိုးထားသလို အလဟဿဖြုန်းတီးတာမျိုးလည်း မလုပ်လို့ဖြစ်ပါတယ်။ အခုအခါမှာတော့ pinkvilla ကတစ်ဆင့် ငွေရှာခြင်းကို နှစ်သက်လွန်းတဲ့ ရာသီခွင်(၄) ခုကို ဖော်ပြပေးလိုက်ပါတယ်။

Capricorn (December 22 – January 19)
သူတို့တွေဟာ ကြိုးကြိုးစားစားအလုပ်လုပ်သူတွေပါ။ အလုပ်သရဲတွေအဖြစ် သိကြပါတယ်။ အမြဲတမ်းလည်း ပိုက်ဆံရဖို့တွေးနေသူတွေပါ။ ဒါပေမဲ့ ကိုယ်ကြိုးစားရှာဖွေလို့ရတဲ့ငွေကို အလေးထားသလို ပိုက်ဆံလည်းစုတတ်ပါတယ်။ အခြားသူတွေကိုလည်း ငွေရှာနည်းလမ်းညွှန်ပေးနိုင်တဲ့သူတွေပါ။
Virgo (August 23 – September 22)
အရာရာကို ခြောက်ပစ်ကင်းသဲလဲစင်ဖြစ်မှ ကျေနပ်ကြတဲ့ သူတို့တွေကတော့ ငွေရှာတဲ့နေရာမှာလည်း တော်ကြသူတွေပါ။ ယုံကြည်စိတ်ချရပြီး သူတို့လုပ်တဲ့အလုပ်အတွက် တန်ရာတန်ကြေးကောင်းကောင်းရချင်သူတွေပါ။ ပိုက်ဆံမရဘဲ ကိုယ့်အရည်အချင်းကို အလဟဿအသုံးချခံရမယ့် ကိစ္စမျိုးတွေကို ရှောင်လွှဲတတ်ကြပါတယ်။

Taurus (April 20 – May 20)
မြေဓာတ်စိုးမိုးကြတဲ့ Taurus တွေဟာ ပိုက်ဆံအများကြီးလိုချင်ကြပါတယ်။ တန်ဖိုးကြီးပြီး ငွေများများရှိမှဝယ်နိုင်မယ့် အဖိုးတန်ဇိမ်ခံပစ္စည်းတွေကို နှစ်သက်တတ်ပါတယ်။ ဘဝကို ဒီလို ပြည့်ပြည့်စုံစုံနေနိုင်ဖို့အတွက်လည်း သူတို့ဟာ ငွေကို အမြဲတမ်းပိုပိုရှာချင်ကြတာပါ။ ရနိုင်သရွေ့ငွေရှာမယ်ဆိုတဲ့စိတ်ထားမျိုးလည်း ရှိကြပါတယ်။
Scorpio (October 23 to November 21)
ခွန်အားစိုက်ထုတ်တတ်သူတွေဖြစ်ပြီး အရမ်းပရိုဖက်ရှင်နယ်ဆန်ပါတယ်။ သူတို့ဘဝမှာ အမြဲတမ်း ငွေများများရဖို့ပဲ မျှော်မှန်းကြသူတွေပါ။ ပန်းတိုင်ကို သတ်သတ်မှတ်မှတ်ထားတတ်သူတွေဖြစ်ပြီး ပန်းတိုင်ရောက်တဲ့အထိ မဆုတ်မနစ်ကြိုးစားတတ်သူတွေလည်း ဖြစ်ပါတယ်။ ငွေအများကြီးရှာပြီး ဘဝကိုအကောင်းဆုံးနေထိုင်ဖို့ စိတ်ကူးအိပ်မက်ရှိကြသူတွေပါ။