Thursday, May 2, 2024
HomeEntertainmentနာမည်ကြီးစူပါစတားနဲ့ မတော်တဆပတ်သက်မိခဲ့တဲ့ သာမန်ကောင်မလေးတစ်ယောက်ရဲ့ဇာတ်လမ်း 'စူပါစတားရဲ့အချစ်တော်'

နာမည်ကြီးစူပါစတားနဲ့ မတော်တဆပတ်သက်မိခဲ့တဲ့ သာမန်ကောင်မလေးတစ်ယောက်ရဲ့ဇာတ်လမ်း ‘စူပါစတားရဲ့အချစ်တော်’

အသက်လေးဆယ်အရွယ် Ton Naruebet ဟာ ‘The Breath of Asia’ ဟု အမည်ပေးခံထားရတဲ့ ထိပ်တန်းကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ်။ Cake ဟာ ရိုက်ကူးရေးအတွက် Ton Naruebet ရဲ့ မိတ်ကပ်ဆရာအဖြစ် လုပ်ကိုင်ဖို့ အခွင့်အရေးရလာတဲ့အခါမှာတော့  သူမရဲ့မိခင်က Ton ရဲ့ လက်မှတ်ကိုယူလာပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ အခြေအနေတွေက ထင်ထားတာထက် ရှုပ်ထွေးသွားခဲ့ပြီး Cake တစ်ယောက် သူမအမေရဲ့အိုင်ဒေါလ်ဖြစ်တဲ့ Ton ရဲ့လက်မှတ်ကို ရဖို့ကြိုးစားရင်း နောက်နေ့မနက်မှာတော့ အိုင်ဒေါလ်နဲ့အတူ အိပ်ရာကနေနိုးထလာခဲ့ပါတယ်။

MyDramaList.com

မနေ့ညကသူတို့ ဘာတွေဖြစ်ခဲ့ကြတာလဲ၊ ဘာကြောင့် Cake တစ်ယောက် သူ့အမေအိုင်ဒေါလ်ကြီးနဲ့အတူ အိပ်ရာတစ်ခုတည်းမှာရှိနေတာလဲ ဒါ့အပြင် နောက်ထပ်ဖြစ်ပေါ်လာမဲ့ အကျိုးဆက်တွေက  ဘာဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးစွာနဲ့ ကြည့်ရှုရမဲ့ အချစ်ဒရာမာ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

MyDramaList.com

‘စူပါစတားရဲ့အချစ်တော်’ ဒရာမာစီးရီးဟာ ဇာတ်ညွှန်း Wonsook ရေးသားထားပြီး ဒါရိုက်တာ Pin Kriengkraisakul က ရိုက်ကူးပုံဖော်ထားတဲ့ အချစ်ဟာသဒရာမာ အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်တွေအနေနဲ့ မင်းသမီးချောလေး Ramida Jiranorraphat နဲ့ မင်းသား Nawat Kulrattanarak တို့က အဓိကပါဝင်ထားကြပြီး Nicole Theriault, Pansa Vosbein, Pusit Dittapisit, Gawin Caskey နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ‘စူပါစတားရဲ့အချစ်တော်’ ကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya တွင် အခုပဲကြည့်ရှုလိုက်ပါ။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading