Thursday, May 2, 2024
HomeLifestyleပျော်ရွှင်နေရတဲ့စုံတွဲတွေ သူတို့ရဲ့အချစ်ရေးအတွက် လုပ်ဆောင်လေ့ရှိတဲ့နည်းလမ်းကောင်းများ

ပျော်ရွှင်နေရတဲ့စုံတွဲတွေ သူတို့ရဲ့အချစ်ရေးအတွက် လုပ်ဆောင်လေ့ရှိတဲ့နည်းလမ်းကောင်းများ

သူစိမ်းတစ်ယောက်နဲ့ အချစ်ရေးဆက်ဆံရေးတစ်ခုတည်ဆောက်ရတာက ထင်ထားတာထက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတာပါ။ ချစ်သူစုံတွဲအများစုဟာ ပျော်ရွှင်တဲ့အချစ်ရေးကိုထူထောင်နိုင်ဖို့ ကြိုးစားတတ်ကြပေမဲ့ အဆုံးသတ်မှာတော့ စိတ်သဘောထားမတိုက်ဆိုင်မှုတွေ၊ အပြစ်တင်ခြင်းတွေနဲ့ တခြားသောအကြောင်းအရာတွေကြောင့်ပဲ လမ်းခွဲခြင်းဆိုတဲ့ အဆုံးသတ်ကိုရောက်သွားတတ်ကြပါတယ်။ ဒီတော့ relationship တစ်ခုမှာ ပျော်ရွှင်ဖို့အရမ်းကိုခက်ခဲလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှတတနဲ့ နားလည်မှုတစ်ခုကိုတည်ဆောက်နိုင်ရင် ဒီဆက်ဆံရေးဟာ သေချာပေါက်ပျော်ရွှင်နိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်တဲ့စုံတွဲတွေအဖြစ် ဆက်ဆံရေးကိုရှေ့ဆက်နိုင်ဖို့ လိုက်နာသင့်တဲ့နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

image source: freepik

– ဝါသနာပါတာလေးတွေကို အတူတူလုပ်ကြည့်ခြင်း

သူ့ရဲ့ဝါသနာ၊ ကိုယ့ရြဲ့ဝါသနာ မတူညီနိုငပြမေဲ့ တဈယောကဝြါသနာပါရာလေးကို နောကတြဈယောကကြ လိုကလြုပကြှည့ရြငြး ပွောရြှှငတြဲ့အခွိနလြေးတှကေို တညဆြောကနြိုငပြါတယြ။ နောကပြှီးဒါဟာ တဈယောကရြဲ့စိတကြိုတဈယောကြ လေ့လာနြိုငတြဲ့အခွိနလြေးဖှဈလို့ တဈယောကကြိုတဈယောကြ အပေးအယူမွှမွှနဲ့ အရငကြကိုယသြိထားတာထကြ ကိုယ့ခြစွသြူအကှောငြးကို ပိုသိလာစတော ဖှဈပါတယြ။

– ကိုယ်ပိုင်နေရာတွေကို လေးစားခြင်း

ဆိုလိုချင်တာက လူတိုင်းမှာ ကိုယ့်ရဲ့သီးသန့်အချိန်၊ သီးသန့်နေရာဆိုတာရှိတတ်ပြီး ဒါတွေကို လေးစားတတ်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ ဘယ်လောက်ပဲချစ်သူဖြစ်ဖြစ် သူကဝင်မပါချင်တဲ့နေရာကို စည်းမကျော်သင့်သလို၊ သူ့ရဲ့သီးသန့်အချိန်တွေကိုလည်း လေးစားသင့်ပြီး အနှောင့်အယှက်မပေးသင့်ပါဘူး။ ဒါဟာ သူ့အတွက်တစ်ယောက်တည်း အေးဆေးအသက်ရှူခွင့်ပေးတဲ့ အခိုက်အတန့်ဖြစ်စေလို့ ကိုယ်ပိုင်နေရာ၊ ကိုယ်ပိုင်စည်းတွေကို မကျော်ခြင်းက ပျော်ရွှင်တဲ့ဆက်ဆံရေးကို ရရှိစေတာ ဖြစ်ပါတယ်။

image source: freepik

– စိတ်ဆိုး၊ စိတ်ကောက်မှုတွေနဲ့ အိပ်ရာမဝင်ခြင်း

စိတ်ဆိုး၊ စိတ်ကောက်တာ၊ စကားများတာမျိုးတွေက စုံတွဲတွေတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာလေးတွေဆိုပေမဲ့ ဒီပြဿနာကို အိပ်ရာဝင်တဲ့အချိန်အထိ ယူဆောင်မသွားပါနဲ့။ ဒါကသင့်ရဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသလို ညဘက်အတွေးပေါင်းများစွာကြောင့် မနက်ရောက်တဲ့အခါ အခြေအနေပိုတင်းမာသွားတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် စုံတွဲတွေအနေနဲ့ ဘယ်လောက်ပဲ စိတ်ဆိုးဒေါသထွက်စရာတွေ ရှိနေပါစေ အိပ်ရာမဝင်ခင်နောက်ဆုံးထားပြီး ဒါကိုဖြေရှင်းတာက နှစ်ဖက်လုံးအတွက် ပျော်စရာအချိန်လေးတွေကို ဖြစ်စေကာ စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေတာဖြစ်ပါတယ်။

– တစ်နေ့ကို အနည်းဆုံးတစ်ကြိမ်လောက် ချစ်တယ်လို့ ပြောပေးခြင်း

ဒါကို တချို့လူတွေကတော့ နည်းနည်းပိုတယ်လို့ ထင်ရနိုင်ပေမဲ့ ဒါဟာ ပျော်ရွှင်တဲ့စုံတွဲတွေ လုပ်ဆောင်တတ်တဲ့အရာလေးတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ချစ်တယ်ဆိုတဲ့စကားလေးကို အနည်းဆုံးတစ်နေ့တစ်ကြိမ်လောက် ပြောပေးခြင်းက တစ်ဖက်လူကနေ ကိုယ့်ကိုဘယ်လောက်တန်ဖိုးထားတယ်၊ ချစ်တယ်ဆိုတာကို ခံစားမိစေနိုင်တာပါ။

image source: freepik

– အိပ်မက်တွေကို ပံ့ပိုးအားပေးခြင်း

လူတိုင်းမှာ သူတို့ဖြစ်ချင်တဲ့အိပ်မက်တွေရှိတတ်ကြပြီး ချစ်သူတွေအနေနဲ့ တစ်ယောက်ရဲ့အိပ်မက်ကို တစ်ယောက်က ကူညီအားပေးသင့်ပါတယ်။ သင့်ချစ်သူရဲ့မျှော်လင့်ချက်နဲ့ အိပ်မက်တွေကို ပံ့ပိုးပေးခြင်းက သူတို့ကိုဂရုစိုက်ပေးတယ်လို့ ခံစားရစေတာပါ။ ပျော်ရွှင်တဲ့စုံတွဲတွေဟာ တစ်ယောက်ရဲ့ဆန္ဒကို တစ်ယောက်ကနားထောင်ပြီး အားပေးပံ့ပိုးပေးတတ်ကြပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading