Thursday, May 2, 2024
HomeEntertainmentဘဝမှာ အဆင်မပြေမှုတွေကို ကြုံလာရတော့မှသာ ဖခင်ရဲ့မေတ္တာကိုနားလည်သွားမဲ့ လူငယ်တစ်ဦးရဲ့ဇာတ်လမ်း 'သဘာဝရဲ့ဥယျာဉ်မှူး'

ဘဝမှာ အဆင်မပြေမှုတွေကို ကြုံလာရတော့မှသာ ဖခင်ရဲ့မေတ္တာကိုနားလည်သွားမဲ့ လူငယ်တစ်ဦးရဲ့ဇာတ်လမ်း ‘သဘာဝရဲ့ဥယျာဉ်မှူး’

‘သဘာဝရဲ့ဥယျာဉ်မှူး’ ဟောင်ကောင်ဒရာမာ ဇာတ်လမ်းတွဲဟာ Lawrence Cheng, Stanley Yau, Frankie Chan, Hedwig Tam, Shirley Sham, Sam Chan နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားတဲ့ လူငယ်ဒရာမာ အမျိုးအစားဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက အရှုပ်အရှင်းတစ်ခုကြောင့် နာမည်ကြီးဆရာ Pak ဟာ သူတည်ထောင်ခဲ့တဲ့ ကျောင်းကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ ဒီအခြေအနေဆိုးတွေနဲ့အတူ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ဇနီးဖြစ်သူကပါ သူ့ကိုကွာရှင်းချင်ခဲ့တာပါ။ သူ့ရဲ့ဘဝကို ပြန်ကြည့်မိတဲ့အချိန်မှာ Pak ဟာ သူမျက်နှာချင်းမဆိုင်ချင်တဲ့ သူ့ရဲ့ဖခင် Ho အကြောင်းကို စဉ်းစားမိလာခဲ့ပါတယ်။

viu.com

Ho ဟာ ပညာရေးနယ်ပယ်တွင် ဂန္ထဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို Nature မူလတန်းကျောင်းကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီကျောင်းဟာ ကျေးလက်ဒေသတွင်တည်ရှိပြီး Pak အပါအဝင် သူ့ရဲ့ကျောင်းသားတိုင်းကို သဘာဝနှင့်ချိတ်ဆက်ကာ ရိုးရှင်းတဲ့ဘဝဖြင့်နေထိုင်ရန် လှုံ့ဆော်ပေးခဲ့တာဖြစ်ပါတယ်။ Pak ဟာ သဘာဝတရားနဲ့ထိတွေ့ပြီး ကြီးပြင်းလာခဲ့ပေမဲ့ သူ့ရဲ့ဖခင်အတွက် ဘယ်တုန်းကမှ ဂုဏ်ယူဝင့်ကြွားမှုမရှိခဲ့ပါဘူး။ ဖခင်ဖြစ်သူက သူ့ရဲ့အမေဟာ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ကြောင်း ပြောပြလိုက်တဲ့အချိန်မှာ Pak ဟာ မိခင်ကိုရှာဖွေဖို့ မြို့ပေါ်သို့သွားခဲ့ပါတယ်။

youtube.com

ဒါပေမဲ့ ဒါဟာ Pak က ဖခင်ဖြစ်သူကို လိမ်ညာခြင်းသာဖြစ်ပြီး သူဟာကျေးလက်ဘဝမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းတွင်သူဟာ ဖခင်ဖြစ်သူနဲ့လုံးဝခြားနားတဲ့ လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းခဲ့ပြီး သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Tong နှင့် ကျူတိုရီရယ်ကျောင်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ‘သဘာဝရဲ့ဥယျာဉ်မှူး’ ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading